ကစားသမားသစ် အယ်လန်ကို ချီးမွမ်းခန်းဖွင့်လိုက်တဲ့ အန်ဆလော့တီ

0
298

အဲဗာတန်အသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ အယ်လန်ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ်သမားတွေ ထဲက တစ်ယောက်အပါအဝင်ဖြစ်တယ်လို့ နည်းပြဖြစ်သူ အန်ဆလော့တီက ချီးကျူးပြောဆိုလိုက်ပါတယ်။ အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့စနေနေ့မှာပဲ အယ်လန်ကို နာပိုလီအသင်းကနေ ခေါ်ယူထားနိုင်ခဲ့တာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် အဲဒီကစားသမားဟာ အဲဗာတန်နဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အယ်လန်ဟာ စီးရီးအေကလပ်မှာ ရှိတုန်းက နည်းပြဆာရီနဲ့ အန်ဆလော့တီ ၂ ဦးလုံးလက်အောက်မှာ ခြေစွမ်းပြ ထားနိုင်ခဲ့သူဖြစ်ပေမဲ့ ဂတ်တူဆိုလက်အောက်မှာတော့ အလေးပေးခံခဲ့ရခြင်းမရှိပါဘူး။ အန်ဆလော့တီဟာ အဲဒီ ဘရာဇီးလက်ရွေးစင်အသင်းနဲ့ ပြန်လည်ပေါင်းစည်းဖို့အတွက် ဆန္ဒထက်သန်ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၂ ဒသမ ၂ သန်းနဲ့ အဲဗာတန်အသင်းက ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အန်ဆလော့တီက “ လက်ရှိအခြေအနေအတွက် ကျွန်တော် ပျော်ပါတယ်။ ဒီအပြောင်းအရွှေ့ အဆင်ပြေဖို့က မလွယ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော် အဆင်ပြေအောင် လုပ်ဆောင် နိုင်ခဲ့တယ်။ သူဟာ အရည်အသွေးနဲ့ အစွမ်းအစရှိသူဆိုတာကို သက်သေပြသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ကွင်းထဲမှာ အစွမ်းပြနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါကို ကျွန်တော ်သံသယမရှိပါဘူး” လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

(zawgyi)

ကစားသမားသစ္ အယ္လန္ကို ခ်ီးမြမ္းခန္းဖြင့္လိုက္တဲ့ အန္ဆေလာ့တီ

အဲဗာတန္အသင္းရဲ႕ ကစားသမားသစ္ျဖစ္တဲ့ အယ္လန္ဟာ ကမၻာ့အေကာင္းဆုံး ကြင္းလယ္ခံစစ္သမားေတြ ထဲက တစ္ေယာက္အပါအ၀င္ျဖစ္တယ္လို႔ နည္းျပျဖစ္သူ အန္ဆေလာ့တီက ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။ အဲဗာတန္အသင္းဟာ ၿပီးခဲ့တဲ့စေနေန႔မွာပဲ အယ္လန္ကို နာပိုလီအသင္းကေန ေခၚယူထားႏုိင္ခဲ့တာျဖစ္ၿပီး အသက္ ၂၉ ႏွစ္အရြယ္ အဲဒီကစားသမားဟာ အဲဗာတန္နဲ႔ ၃ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

အယ္လန္ဟာ စီးရီးေအကလပ္မွာ ရွိတုန္းက နည္းျပဆာရီနဲ႔ အန္ဆေလာ့တီ ၂ ဦးလုံးလက္ေအာက္မွာ ေျခစြမ္းျပ ထားႏုိင္ခဲ့သူျဖစ္ေပမဲ့ ဂတ္တူဆိုလက္ေအာက္မွာေတာ့ အေလးေပးခံခဲ့ရျခင္းမရွိပါဘူး။ အန္ဆေလာ့တီဟာ အဲဒီ ဘရာဇီးလက္ေရြးစင္အသင္းနဲ႔ ျပန္လည္ေပါင္းစည္းဖို႔အတြက္ ဆႏၵထက္သန္ခဲ့တာျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၂ ဒသမ ၂ သန္းနဲ႔ အဲဗာတန္အသင္းက ေခၚယူႏုိင္ခဲ့တာျဖစ္ပါတယ္။

အန္ဆေလာ့တီက “ လက္ရွိအေျခအေနအတြက္ ကၽြန္ေတာ္ ေပ်ာ္ပါတယ္။ ဒီအေျပာင္းအေရႊ႕ အဆင္ေျပဖို႔က မလြယ္ဘူးလို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဒါေပမဲ့ ေနာက္ဆုံးမွာေတာ့ ကၽြန္ေတာ္ အဆင္ေျပေအာင္ လုပ္ေဆာင္ ႏုိင္ခဲ့တယ္။ သူဟာ အရည္အေသြးနဲ႔ အစြမ္းအစရွိသူဆိုတာကို သက္ေသျပသြားလိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ သူဟာ ကြင္းထဲမွာ အစြမ္းျပႏုိင္သူတစ္ေယာက္ျဖစ္ပါတယ္။ ဒါကို ကၽြန္ေတာ ္သံသယမရွိပါဘူး” လို႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။