ကိုင်ဟာဗက်ဇ်ကို တရားဝင်ခေါ်ယူနိုင်တော့မယ့် ချဲလ်ဆီး

0
195

Goal.com သတင်းဌာနရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ လေဗာကူဆင်အသင်းကွင်းလယ်တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်ကို အပြီးသတ် ခေါ်ယူစာချုပ်ချုပ်ဆိုနိုင်ဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။ ပေါင် ၇၂ သန်းနဲ့ သဘောတူညီမှုရရှိမှာဖြစ်တဲ့ အဲဒီကစားသမားလေးဟာ အသက် ၂၁ နှစ်သာ ရှိသေးပြီး အသေးစိတ်ညှိနှိုင်းမှုတွေကို တစ်ပတ်တာကာလအတွင်း လုပ်ဆောင်သွားမယ်လို့လည်း သတင်းတွေကဆိုပါတယ်။

လတ်တလောမှာတော့ ပေါင် ၇၁ ဒသမ ၆ သန်းပေးရတဲ့ ဂိုးသမား ကီပါဟာ ချဲလ်ဆီးနည်းပြလမ်းပတ် နောက်ဆုံးခေါ်ယူထားတဲ့ ကလပ်စံချိန်တင် ကစားသမားဖြစ်ပါတယ်။ ကိုင်ဟာဗက်ဇ်ဟာ ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဖြစ်လာနိုင်ဖွယ်ရှိနေပြီး အသင်းနဲ့ သဘောတူညီမှု ၅နှစ် ရထားတယ်လို့လည်း သိရပါတယ်။

လေဗာကူဆင်နည်းပြ ပီတာဘို့ဇ်က “ ကံမကောင်းစွာပဲ ကျွန်တော်တို့အသင်းက ဆုံးဖြတ်ချက် မချရသေးပါဘူး။ ကီဗင်ဗိုလန်နဲ့ ကိုင်ဟာဗက်ဇ်တို့ နှစ်ဦးဟာ ကျွန်တော်တို့နဲ့ ပူးပေါင်းလေ့ကျင့်နိုင်ဖို့ မမျှော်လင့်တော့ပါဘူး။ အခြားသူတွေလည်း သူတို့လို ဖြစ်လာနိုင်ပါတယ်” လို့ ဆိုပါတယ်။ လေဗာကူဆင်အသင်းဟာလည်း ကိုင်ဟာဗက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ရိုးမားအသင်း ကစားသမား ပက်ထရစ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ လက်ရှိစံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ ဂိုးသမား ကီပါကိုလည်း ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

(zawgyi)

ကိုင္ဟာဗက္ဇ္ကို တရား၀င္ေခၚယူႏုိင္ေတာ့မယ့္ ခ်ဲလ္ဆီး
Goal.com သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းဟာ ေလဗာကူဆင္အသင္းကြင္းလယ္တိုက္စစ္ကစားသမား ကိုင္ဟာဗက္ဇ္ကို အၿပီးသတ္ ေခၚယူစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ဖို႔ အလြန္နီးစပ္ေနၿပီလို႔ သိရပါတယ္။ ေပါင္ ၇၂ သန္းနဲ႔ သေဘာတူညီမႈရရွိမွာျဖစ္တဲ့ အဲဒီကစားသမားေလးဟာ အသက္ ၂၁ ႏွစ္သာ ရွိေသးၿပီး အေသးစိတ္ညွိႏႈိင္းမႈေတြကို တစ္ပတ္တာကာလအတြင္း လုပ္ေဆာင္သြားမယ္လို႔လည္း သတင္းေတြကဆိုပါတယ္။
လတ္တေလာမွာေတာ့ ေပါင္ ၇၁ ဒသမ ၆ သန္းေပးရတဲ့ ဂိုးသမား ကီပါဟာ ခ်ဲလ္ဆီးနည္းျပလမ္းပတ္ ေနာက္ဆံံုးေခၚယူထားတဲဲ့ ကလပ္စံခ်ိန္တင္ ကစားသမားျဖစ္ပါတယ္။ ကိုင္ဟာဗက္ဇ္ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္ဆံုးကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္ ျဖစ္လာႏုိင္ဖြယ္ရွိေနၿပီး အသင္းနဲ႔ သေဘာတူညီမႈ ၅ႏွစ္ ရထားတယ္လို႔လည္း သိရပါတယ္။
ေလဗာကူဆင္နည္းျပ ပီတာဘို႔ဇ္က “ ကံမေကာင္းစြာပဲ ကၽြန္ေတာ္တို႔အသင္းက ဆံုးျဖတ္ခ်က္ မခ်ရေသးပါဘူး။ ကီဗင္ဗိုလန္နဲ႔ ကိုင္ဟာဗက္ဇ္တို႔ ႏွစ္ဦးဟာ ကၽြန္ေတာ္တို႔နဲ႔ ပူးေပါင္းေလ့က်င့္ႏိုင္ဖို႔ မေမွ်ာ္လင့္ေတာ့ပါဘူး။ အျခားသူေတြလည္း သူတို႔လို ျဖစ္လာႏိုင္ပါတယ္” လို႔ ဆိုပါတယ္။ ေလဗာကူဆင္အသင္းဟာလည္း ကိုင္ဟာဗက္ဇ္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ရိုးမားအသင္း ကစားသမား ပက္ထရစ္ကို ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ခ်ဲလ္ဆီးအသင္းဟာ လက္ရွိစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္ျဖစ္တဲ့ ဂိုးသမား ကီပါကိုလည္း ေရာင္းခ်သြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။