ချန်ပီယံလီဗာပူးလ်က အဖွင့်ပွဲမှာ တန်းတက် လိဒ်အသင်းကို အနိုင်နှစ်ဂိုးလောက်နဲ့ အောင်ပွဲ ခံသွားမှာပါ

0
430

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် လီဗာပူးလ်အသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ဟာ လီဗာပူးလ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၂-၉-၂၀၂၀ ရက် စနေနေ့ည ၁၁း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လီဗာပူးလ် ၂ – ၀ လိဒ်(လိဂ်ဖလား)

လိဒ် ၀ – ၁ လီဗာပူးလ်(လိဂ်ဖလား)

လိဒ် ၂ – ၂ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၃ – ၁ လိဒ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၃ – ၁ လိဒ်(ပရီးမီးယားလိဂ်)

လိဒ် ၀ – ၁ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ်အသင်းက နောက်ဆုံးကစားထားတဲ့ လေးပွဲမှာ နှစ်ပွဲနိုင် နှစ်ပွဲသရေဖြစ်ထားပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ၂၆ ပွဲမှာ ၂၅ ပွဲ အနိုင်ရထားပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ၂၆ ပွဲ ကစားအပြီး ၂၄ ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါ တယ်။ လီဗာပူးလ်က လိဒ်ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခုနစ်ပွဲမှာ ခြောက်ပွဲအနိုင်ရထားပါတယ်။ လီဗာပူးလ်က လိဒ်ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် အိမ်ကွင်းပွဲ နောက်ဆုံးသုံးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုးသွင်းယူထားနိုင်ပါတယ်။ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် ခုနစ်ရာသီမှာ ခြောက်ပွဲအနိုင်ရထားပါတယ်။ လိဒ်ယူနိုက်တက်က ပြီးခဲ့တဲ့နှစ် ချန်ပီယံရှစ်မှာ ပေးဂိုး ၃၅ ဂိုးသာ ရှိခဲ့လို့ အကောင်းဆုံးခံစစ်အသင်းတစ်သင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းမှာ ချိန်ဘာလိန်က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပေမဲ့ လိဒ်ယူနိုက်တက်မှာ ဒဏ်ရာရကစားသမား ကင်းစင်နေပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လီဗာပူးလ်က အိမ်ကွင်းမှာ အနိုင်ရဖို့ ၇၅% ရှိနေပြီး လိဒ်ယူနိုက်တက် အနိုင်ရဖို့ ၂၅% ရှိနေပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဂိုးရလဒ်က ၂-၁ လောက် ဖြစ်လာနိုင်ပါတယ်။

Zawgyi

