ချဲလ်ဆီးကွင်းမှာ လီဗာပူးလ်အသင်း သရေရလဒ်နဲ့ ကျေနပ်သွားရနိုင်တယ်

0
252

 

ပရီးမီးယားလိဂ်ပွဲစဉ် ၂ အဖြစ် ချဲလ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ချဲလ်ဆီးရ့ အိမ်ကွင်းပွဲအဖြစ် ၂၀-၉-၂၀၂၀ ရက် တနင်္ဂနွေနေ့ည ၁၀း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက အဖွင့်ပွဲမှာ ဘရိုင်တန်ကို အနိုင်ရထားသလို လီဗာပူးလ်အသင်းကလည်း အဖွင့်ပွဲမှာ လိဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ၄-၃ နဲ့ အနိုင်ရခဲ့ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လီဗာပူးလ် ၅ – ၃ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၂ – ၁ လီဗာပူးလ်(အက်ဖ်အေဖလား)

ချဲလ်ဆီး ၁ – ၂ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၂ – ၂ ချဲလ်ဆီး(ယူအီးအက်ဖ်အေစူပါဖလား)

လီဗာပူးလ် ၂ – ၀ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၁ – ၁ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ၃၈ ပွဲကစားအပြီး ၃၅ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ခြောက်ပွဲဆက် နိုင်ပွဲဖြစ်ပေါ်ထားပါတယ်။ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ၁၃ ပွဲကစားအပြီး ၁၁ ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုးသွင်းယူထားနိုင်ပါတယ်။ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲမှာ အနည်းဆုံးသွင်းဂိုး သုံးဂိုး သွင်းယူထားနိုင်ပါတယ်။ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး သုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။

ချဲလ်ဆီးအသင်းမှာ ချီဝဲလ်၊ ဇီယက်ချ်နဲ့ ဘိုင်လီ ဂျီမူအာတို့က ဒဏ်ရာရနေပြီး လီဗာပူးလ်အသင်းမှာ ချိန်ဘာလိန်က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လီဗာပူးလ်အသင်းက အဝေးကွင်းမှာ အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၁၀% နဲ့ ချဲလ်ဆီးအနိုင်ရဖို့ ၃၀% ရှိနေပြီး သရေရလဒ်လောက်နဲ့ ပြီးဆုံးသွားနိုင်ပါတယ်။

Zawgyi


ချဲလ်ဆီးအသင်းမှာ ချီဝဲလ်၊ ဇီယက်ခ်ျနဲ့ ဘိုင်လီ ဂျီမူအာတို့က ဒဏ်ရာရနေပြီး လီဗာပူးလ်အသင်းမှာ ချိန်ဘာလိန်က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။