ဂါရတ်ဘေးလ်နဲ့ပတ်သက်ပြီး ဇီဒန်းကို ခနဲ့လိုက်တဲ့ မော်ရင်ဟို

0
326

ရီးရဲလ်ကနေ ဂါရတ်ဘေးလ်ထွက်ခွာသွားတာကြောင့် နည်းပြဇီဒန်းပျော်နေမယ်လို့ယုံကြည်ကြောင်း စပါးနည်းပြမော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။ ဝေးလ်တိုက်စစ်မှူးဟာ အသင်းဟောင်းစပါးကိုတစ်နှစ်အငှားစာချုပ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့သူပါ။ သူ့ရဲ့လုပ်ခလစာကို ရီးရဲလ်ကတစ်ဝက်စိုက်ထုတ်ပေးချေမှာဖြစ်ပေမယ့် ဂါရတ်ဘေးလ်ဟာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခလစာအများဆုံးကစားသမားဖြစ်လာဖို့ရှိနေပါတယ်။

ရီးရဲလ်နဲ့ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရပေမယ့် ဘေးလ်ဟာ ဇီဒန်းနဲ့အဆင်မပြေဖြစ်ခဲ့ပြီး မနှစ်က လာလီဂါ ၁၂ ပွဲသာကစားခွင့်ရခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူးရဲ့အေးဂျင့်ဂျိုနသန်ဘားနက်က ရီးရဲလ်ရဲ့ပြုမူဆက်ဆံပုံကိုဝေဖန်ခဲ့သလို စပါးနဲ့အငှားစာချုပ်မှာ အပြီးသတ်ခေါ်ယူခွင့်ပါရှိတဲ့ဘေးလ်ဟာ ဘာနေဗျူးကိုဘယ်တော့မှပြန်လာမှာမဟုတ်ဘူးလို့ ဝေဖန်ထားပါတယ်။ မော်ရင်ဟိုကတော့ အသင်းဟောင်းကိုပြန်ရောက်လာတာကြောင့် ဝေးလ်သားပျော်နေသလို ဇီဒန်းလည်းပျော်နေမှာပါလို့ခနဲ့ပြောဆိုလိုက်တာဖြစ်ပါတယ်။

bale-2-3

“ ကျွန်တော် ဇီဒန်းနဲ့စကားမပြောခဲ့ပါဘူး။ ဒါပေမဲ့ ဂါရတ်ဘေးလ်ထွက်ခွာသွားလို့ သူပျော်နေမယ်ဆိုတာတော့ ယုံကြည်နေပါတယ်။ ကျွန်တော်တို့ကလည်း ဒီကို ဘေးလ်ရောက်လာလို့ ပျော်နေတာပါပဲ။ ဒီလိုပဲ ဘေးလ်ကလည်း အသင်းဟောင်းပြန်ရောက်လာလို့ ပျော်နေပါတယ်။ ဒါကြောင့် ရာသီအဆုံးမှာလည်း ကျွန်တော်တို့အားလုံးပျော်နိုင်ကြမယ်လို့ယုံကြည်ပါတယ်။ ဘေးလ်လည်း စပါးမှာဆက်ရှိနေခြင်းနဲ့အတူပေါ့ ” လို့ မော်ရင်ညိုက ဖွင့်ဟလိုက်တာပါ။

(zawGyi)

ဂါရတ္ေဘးလ္နဲ႔ပတ္သက္ၿပီး ဇီဒန္းကို ခနဲ႔လိုက္တဲ့ ေမာ္ရင္ဟို

ရီးရဲလ္ကေန ဂါရတ္ေဘးလ္ထြက္ခြာသြားတာေျကာင့္ နည္းျပဇီဒန္းေပ်ာ္ေနမယ္လို့ယံုျကည္ေျကာင္း စပါးနည္းျပေမာ္ရင္ဟိုက ေျပာဆိုလိုက္ပါတယ္။ ေဝးလ္တိုက္စစ္မႉးဟာ အသင္းေဟာင္းစပါးကိုတစ္နွစ္အငွားစာခ်ုပ္နဲ့ ျပန္လည္ေရာက္ရွိလာခဲ့သူပါ။ သူ့ရဲ့လုပ္ခလစာကို ရီးရဲလ္ကတစ္ဝက္စိုက္ထုတ္ေပးေခ်မွာျဖစ္ေပမယ့္ ဂါရတ္ေဘးလ္ဟာ ပရီးမီးယားလိဂ္ရဲ့ လုပ္ခလစာအမ်ားဆံုးကစားသမားျဖစ္လာဖို့ရွိေနပါတယ္။ ရီးရဲလ္နဲ့ခ်န္ပီယံလိဂ္ဖလား ၄ ျကိမ္ရေပမယ့္ ေဘးလ္ဟာ ဇီဒန္းနဲ့အဆင္မေျပျဖစ္ခဲ့ျပီး မနွစ္က လာလီဂါ ၁၂ ပြဲသာကစားခြင့္ရခဲ့ပါတယ္။ အသက္ ၃၁ နွစ္အရြယ္တိုက္စစ္မႉးရဲ့ေအးဂ်င့္ဂ်ိုနသန္ဘားနက္က ရီးရဲလ္ရဲ့ျပုမူဆက္ဆံပံုကိုေဝဖန္ခဲ့သလို စပါးနဲ့အငွားစာခ်ုပ္မွာ အျပီးသတ္ေခၚယူခြင့္ပါရွိတဲ့ေဘးလ္ဟာ ဘာေနဗ်ူးကိုဘယ္ေတာ့မွျပန္လာမွာမဟုတ္ဘူးလို့ ေဝဖန္ထားပါတယ္။ ေမာ္ရင္ဟိုကေတာ့ အသင္းေဟာင္းကိုျပန္ေရာက္လာတာေျကာင့္ ေဝးလ္သားေပ်ာ္ေနသလို ဇီဒန္းလည္းေပ်ာ္ေနမွာပါလို့ခနဲ့ေျပာဆိုလိုက္တာျဖစ္ပါတယ္။
“ ကြ်န္ေတာ္ ဇီဒန္းနဲ့စကားမေျပာခဲ့ပါဘူး။ ဒါေပမဲ့ ဂါရတ္ေဘးလ္ထြက္ခြာသြားလို့ သူေပ်ာ္ေနမယ္ဆိုတာေတာ့ ယံုျကည္ေနပါတယ္။ ကြ်န္ေတာ္တို့ကလည္း ဒီကို ေဘးလ္ေရာက္လာလို့ ေပ်ာ္ေနတာပါပဲ။ ဒီလိုပဲ ေဘးလ္ကလည္း အသင္းေဟာင္းျပန္ေရာက္လာလို့ ေပ်ာ္ေနပါတယ္။ ဒါေျကာင့္ ရာသီအဆံုးမွာလည္း ကြ်န္ေတာ္တို့အားလံုးေပ်ာ္နိုင္ျကမယ္လို့ယံုျကည္ပါတယ္။ ေဘးလ္လည္း စပါးမွာဆက္ရွိေနျခင္းနဲ့အတူေပါ့ ” လို့ ေမာ္ရင္ညိုက ဖြင့္ဟလိုက္တာပါ။