ဂျူဗင်တပ်စ်အသင်းကို အငှားကစားသမားအဖြစ် မိုရတ်တာ တစ်ကျော့ပြန်ရောက်ရှိ

0
277

 

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး မိုရတ်တာဟာ အသင်းဟောင်း ဂျူဗင်တပ်စ် အသင်းကို အငှားကစားသမားအဖြစ် တစ်ကျော့ပြန် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် မိုရတ်တာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၂၀-၂၁ ခုနှစ် ဘောလုံးရာသီပြီးဆုံချိန်အထိ အငှားစာချုပ်ချုပ်ဆိုထားပြီး အဆိုပါစာချုပ်ထဲမှာ အပြီသတ်ခေါ်ယူဖို့အကြိုသဘောတူညီမှု ပါဝင်တယ်လို့ သိရပါတယ်။

မိုရတ်တာဟာ ချဲလ်ဆီးအသင်းကနေ အက်သလက်တီကိုမက်ဒရစ်အသင်းကို အငှားစာချုပ်နဲ့ ရောက်ရှိခဲ့ပြီးမှ ပြီးခဲ့တဲ့ ဇူလိုင်က အပြီးသတ်ခေါ်ယူခဲ့ပြီးနောက် ယခုလို အငှားကစားအဖြစ် အသင်းဟောင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အနေနဲ့ တစ်နှစ်အငှားစာချုပ်ပြီးဆုံးလို့ မိုရတ်တာကို အပြီးသတ်ခေါ်ယူလိုရင် ပြောင်းရွှေ့ကြေး ပေါင် ၄၁ သန်း ပေးသွားရမှာ ဖြစ်ပြီး နောက်ထပ်တစ်နှစ် အငှားစာချုပ် ချုပ်ဆိုပြီးမှာ အပြီးသတ် ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးပေါင်း ၃၂ သန်း ပေးသွားရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တစ်နှစ်အငှား စာချုပ်အတွက် ပေါင် ၉.၂ သန်း အက်သလက်တီကိုမက်ဒရစ်အသင်းကို ပေးဆောင်ထားရပါတယ်။

၎င်းဟာ ဂျူဗင်တပ်စ်အသင်းမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ကစားခဲ့ပြီး စီးရီးအေဖလား နှစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ယင်းနောက် ၎င်းက စပိန်ကို ပြန်လည်ခြေချခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ယခုနှစ်မှာ ၁၀ နှစ်ဆက် စီးရီးအေဖလား ရယူနိုင်ဖို့ ကြိုးစားနေပြီး စီးရီးအေအဖွင့်ပွဲမှာ ဆန်ဒိုးရီးယားအသင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။

Zawgyi

ဂ်ဴဗင္တပ္စ္အသင္းကို အငွားကစားသမားအျဖစ္ မိုရတ္တာ တစ္ေက်ာ့ျပန္ေရာက္ရွိ

အက္သလက္တီကိုမက္ဒရစ္အသင္းရဲ့ တိုက္စစ္မႉး မိုရတ္တာဟာ အသင္းေဟာင္း ဂ်ဴဗင္တပ္စ္ အသင္းကို အငွားကစားသမားအျဖစ္ တစ္ေက်ာ့ျပန္ ေရာက္ရွိခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ မိုရတ္တာဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ၂၀၂၀-၂၁ ခုႏွစ္ ေဘာလုံးရာသီၿပီးဆုံခ်ိန္အထိ အငွားစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး အဆိုပါစာခ်ဳပ္ထဲမွာ အၿပီသတ္ေခၚယူဖို႔အႀကိဳသေဘာတူညီမႈ ပါဝင္တယ္လို႔ သိရပါတယ္။
မိုရတ္တာဟာ ခ်ဲလ္ဆီးအသင္းကေန အက္သလက္တီကိုမက္ဒရစ္အသင္းကို အငွားစာခ်ဳပ္နဲ႔ ေရာက္ရွိခဲ့ၿပီးမွ ၿပီးခဲ့တဲ့ ဇူလိုင္က အၿပီးသတ္ေခၚယူခဲ့ၿပီးေနာက္ ယခုလို အငွားကစားအျဖစ္ အသင္းေဟာင္းကို ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္စ္အေနနဲ႔ တစ္ႏွစ္အငွားစာခ်ဳပ္ၿပီးဆုံးလို႔ မိုရတ္တာကို အၿပီးသတ္ေခၚယူလိုရင္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၁ သန္း ေပးသြားရမွာ ျဖစ္ၿပီး ေနာက္ထပ္တစ္ႏွစ္ အငွားစာခ်ဳပ္ ခ်ဳပ္ဆိုၿပီးမွာ အၿပီးသတ္ ေခၚယူမယ္ဆိုရင္ ေျပာင္းေရႊ႕ေၾကးေပါင္း ၃၂ သန္း ေပးသြားရမွာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ တစ္ႏွစ္အငွား စာခ်ဳပ္အတြက္ ေပါင္ ၉.၂ သန္း အက္သလက္တီကိုမက္ဒရစ္အသင္းကို ေပးေဆာင္ထားရပါတယ္။
၎ဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ ၂၀၁၄ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိ ကစားခဲ့ၿပီး စီးရီးေအဖလား ႏွစ္ႀကိမ္ ရယူနိုင္ခဲ့ပါတယ္။ ယင္းေနာက္ ၎က စပိန္ကို ျပန္လည္ေျခခ်ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ခဲ့သူ ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္စ္အသင္းဟာ ယခုႏွစ္မွာ ၁၀ ႏွစ္ဆက္ စီးရီးေအဖလား ရယူနိုင္ဖို႔ ႀကိဳးစားေနၿပီး စီးရီးေအအဖြင့္ပြဲမွာ ဆန္ဒိုးရီးယားအသင္းကို ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ၃-၀ နဲ႔ အနိုင္ရခဲ့ပါတယ္။