စပါးလ်အသင်းနဲ့ ယခုနှစ်မှာ ဆုဖလားမရခဲ့ရင် ဟာရီကိန်း နောက်နှစ်မှာ အသင်းပြောင်းသွားနိုင်ကြောင်း နည်းပြဟောင်း ဖြစ်ခဲ့သူ ဂရန်း ဟိုဒယ်က ပြောကြား

0
345

 

စပါးလ်အသင်းအနေနဲ့ ယခုနှစ်မှာ ဆုဖလားတစ်ခုမှ ရယူနိုင်ခဲ့ခြင်း မရှိခဲ့ရင် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာရီကိန်းက နောက်လာမဲ့နှစ်မှာ အသင်းပြောင်းရွှေ့ကစားသွားနိုင်ဖွယ် ရှိတယ်လို့ အသင်း နည်းပြ ဟောင်းဖြစ်ခဲ့သူ ဂရန်း ဟိုဒယ်က ပြောကြားလိုက်ပါတယ်။ စပါးလ်အသင်းဟာ ဆုဖလားရရှိရေး မျှော်လင့်ချက် အတွက် ယခင်နည်းပြဖြစ်တဲ့ ပိုချက်တီနိုကို ပြီးခဲ့တဲ့ နှစ်က ထုတ်ပယ်ပြီး နာမည်ကြီး မော်ရင်ဟိုကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။ ဒါကြောင့် မော်ရင်ဟိုအနေနဲ့လည်း ယခုနှစ်မှ အသင်းအတွက် ဆုဖလားရရှိရေး ဖိအားတစ်ခု ရှိနေပါတယ်။

144

စပါးလ်အသင်းနဲ့ အင်္ဂလန်အသင်းတွေရဲ့ နည်းပြဟောင်း ဖြစ်ခဲ့သူ ဂရန်း ဟိုဒယ်က “ ဟာရီကိန်းအနေနဲ့ ယခုနှစ်မှာ ဆုဖလားတွေ ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ တကယ်လို့ သူအသင်းမှာ ဆက်လက်ပြီး နေထိုင်သွားမယ် ဆိုရင်ပေါ့လေ။ ဂါရတ်ဘေးလ်ကလည်း ဆုဖလားတွေ ရရှိရေးအတွက် စပါးလ်ကို ရောက်ရှိလာတယ်လို့ ကွျန်တော် ထင်ပါတယ်။ နောက်တစ်ယောက်ကတော့ ဆွန်ဟောင်မင်ကလည်း အသင်းနဲ့ ဆုဖလားတွေ ရရှိလိုနေတယ်လို့ ကွျန်တော် ထင်ပါတယ်။ ဒီနေရာမှာ အသင်းရဲ့ ကစားသမားပေါင်းများစွာက အသင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး တည်ဆောက်နေကြတယ်လို့လည်း ကွျန်တော် စဉ်းစာမိပါတယ်။ လွန်ခဲ့တဲ့ လေး၊ ငါးနှစ် အတွင်းမှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ရှိခဲ့ပေမဲ့ သူတို့တွေက ဆုဖလားတစ်ခုမှ ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ သူတို့တွေကလည်း အလုပ်တွေကို ကြိုးစားခဲ့ကြပေမဲ့ ဘာမှ ပြသနိုင်ခဲ့ခြင်း မရှိခဲ့ကြဘူး ” လို့ ပြောပါတယ်။

ဟာရီကိန်း စပါးလ်ကနေ ထွက်ခွာခဲ့ရင် မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူနိုင်ဖို့ ကာလရှည် စိတ်ဝင်စားနေတာ ရှိနေပါတယ်။ ဒါ့အပြင် မော်ရင်ဟိုက စပါးလ်အသင်းကို မရောက်ခင်မှာ မန်ချက်စတာ ယူနိုက်တက်မှာ ရှိခဲ့စဉ်က ဝေဖန်မှုတွေ ခံခဲ့ရသလို ရရှိလာတဲ့အလုပ်ကို ကောင်းစွာမလုပ်နိုင်ခဲ့လို့ အသင်းကနေ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂရန်း ဟိုဒယ်က မော်ရင်ဟိုနဲ့ ပတ်သက်ပြီး “ သူ့ရဲ့ ဂုဏ်သိက္ခာတွေ မဆုံးရှုံးစေဖို့ ကွျန်တော်မျှော်လင့်မိပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ ရှိစဉ်က လူတွေပြောနေတာက “ မန်ချက်စတာ ယူနိုက်တက်မှာ သူအလုပ်ကောင်းကောင်းမလုပ်နိုင်ဘူး။ သူက ငါတို့အသင်းအတွက် ကောင်းကောင်း မလုပ်ပေး ဘူး ” ဆိုပြီးတော့ပေါ့လေ။ သူက ဖလားနှစ်လုံးရယူနိုင်ခဲ့တယ်။ တကယ်လို့ သူက စပါးလ်အသင်းမှာ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားတွေ ရယူနိုင်ဖို့ အခွင့်အရေးရှိနေတယ် ” လို့ ပြောပါတယ်။

Zawgyi

စပါးလ္အသင္းနဲ႔ ယခုႏွစ္မွာ ဆုဖလားမရခဲ့ရင္ ဟာရီကိန္း ေနာက္ႏွစ္မွာ အသင္းေျပာင္းသြားနိုင္ေၾကာင္း နည္းျပေဟာင္း ျဖစ္ခဲ့သူ ဂရန္း ဟိုဒယ္က ေျပာၾကား

စပါးလ္အသင္းအေနနဲ႔ ယခုႏွစ္မွာ ဆုဖလားတစ္ခုမွ ရယူနိုင္ခဲ့ျခင္း မရွိခဲ့ရင္ အသင္းရဲ့ အဓိက တိုက္စစ္မႉး ဟာရီကိန္းက ေနာက္လာမဲ့ႏွစ္မွာ အသင္းေျပာင္းေရႊ႕ကစားသြားနိုင္ဖြယ္ ရွိတယ္လို႔ အသင္း နည္းၿပ ေဟာင္းျဖစ္ခဲ့သူ ဂရန္း ဟိုဒယ္က ေျပာၾကားလိုက္ပါတယ္။ စပါးလ္အသင္းဟာ ဆုဖလားရရွိေရး ေမၽွာ္လင့္ခ်က္ အတြက္ ယခင္နည္းျပျဖစ္တဲ့ ပိုခ်က္တီနိုကို ၿပီးခဲ့တဲ့ ႏွစ္က ထုတ္ပယ္ၿပီး နာမည္ႀကီး ေမာ္ရင္ဟိုကို အစားထိုး ခန႔္အပ္ခဲ့ပါတယ္။ ဒါေၾကာင့္ ေမာ္ရင္ဟိုအေနနဲ႔လည္း ယခုႏွစ္မွ အသင္းအတြက္ ဆုဖလားရရွိေရး ဖိအားတစ္ခု ရွိေနပါတယ္။
စပါးလ္အသင္းနဲ႔ အဂၤလန္အသင္းေတြရဲ့ နည္းျပေဟာင္း ျဖစ္ခဲ့သူ ဂရန္း ဟိုဒယ္က “ ဟာရီကိန္းအေနနဲ႔ ယခုႏွစ္မွာ ဆုဖလားေတြ ရယူနိုင္ဖို႔ လိုအပ္ေနပါတယ္။ တကယ္လို႔ သူအသင္းမွာ ဆက္လက္ၿပီး ေနထိုင္သြားမယ္ ဆိုရင္ေပါ့ေလ။ ဂါရတ္ေဘးလ္ကလည္း ဆုဖလားေတြ ရရွိေရးအတြက္ စပါးလ္ကို ေရာက္ရွိလာတယ္လို႔ ကြ်န္ေတာ္ ထင္ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ ဆြန္ေဟာင္မင္ကလည္း အသင္းနဲ႔ ဆုဖလားေတြ ရရွိလိုေနတယ္လို႔ ကြ်န္ေတာ္ ထင္ပါတယ္။ ဒီေနရာမွာ အသင္းရဲ့ ကစားသမားေပါင္းမ်ားစြာက အသင္းကို အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားၿပီး တည္ေဆာက္ေနၾကတယ္လို႔လည္း ကြ်န္ေတာ္ စဥ္းစာမိပါတယ္။ လြန္ခဲ့တဲ့ ေလး၊ ငါးႏွစ္ အတြင္းမွာ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ေရာက္ရွိခဲ့ေပမဲ့ သူတို႔ေတြက ဆုဖလားတစ္ခုမွ ရယူနိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး။ သူတို႔ေတြကလည္း အလုပ္ေတြကို ႀကိဳးစားခဲ့ၾကေပမဲ့ ဘာမွ ျပသနိုင္ခဲ့ျခင္း မရွိခဲ့ၾကဘူး ” လို႔ ေျပာပါတယ္။
ဟာရီကိန္း စပါးလ္ကေန ထြက္ခြာခဲ့ရင္ မန္ခ်က္စတာယူနိုက္တက္အသင္းက ေခၚယူနိုင္ဖို႔ ကာလရွည္ စိတ္ဝင္စားေနတာ ရွိေနပါတယ္။ ဒါ့အျပင္ ေမာ္ရင္ဟိုက စပါးလ္အသင္းကို မေရာက္ခင္မွာ မန္ခ်က္စတာ ယူနိုက္တက္မွာ ရွိခဲ့စဥ္က ေဝဖန္မႈေတြ ခံခဲ့ရသလို ရရွိလာတဲ့အလုပ္ကို ေကာင္းစြာမလုပ္နိုင္ခဲ့လို႔ အသင္းကေန ထုတ္ပယ္ခံလိုက္ရတာ ျဖစ္ပါတယ္။
ဆက္လက္ၿပီး ဂရန္း ဟိုဒယ္က ေမာ္ရင္ဟိုနဲ႔ ပတ္သက္ၿပီး “ သူ႔ရဲ့ ဂုဏ္သိကၡာေတြ မဆုံးရႈံးေစဖို႔ ကြ်န္ေတာ္ေမၽွာ္လင့္မိပါတယ္။ မန္ခ်က္စတာယူနိုက္တက္မွာ ရွိစဥ္က လူေတြေျပာေနတာက “ မန္ခ်က္စတာ ယူနိုက္တက္မွာ သူအလုပ္ေကာင္းေကာင္းမလုပ္နိုင္ဘူး။ သူက ငါတို႔အသင္းအတြက္ ေကာင္းေကာင္း မလုပ္ေပး ဘူး ” ဆိုၿပီးေတာ့ေပါ့ေလ။ သူက ဖလားႏွစ္လုံးရယူနိုင္ခဲ့တယ္။ တကယ္လို႔ သူက စပါးလ္အသင္းမွာ ယူရိုပါလိဂ္နဲ႔ အက္ဖ္ေအဖလားေတြ ရယူနိုင္ဖို႔ အခြင့္အေရးရွိေနတယ္ ” လို႔ ေျပာပါတယ္။