ဆာလက် အပါအဝင် ၂၀၂၀-၂၁ ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမဲ့ ကစားသမား ခုနစ်ယောက်

0
979

 

၂၀၂၀-၂၁ ခုနှစ် ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး ဆာလက်အပါအဝင် စောင့်ကြည့်ရမဲ့ ကစားသမား ခုနစ်ယောက် ရှိနေပါတယ်။ အသင်းမှာ အထိုင်ကျပြီးသား တိုက်စစ်ကစားသမား တွေ အသင်းနဲ့အတူ အတွေ့အကြုံအနည်းငယ်ရလာပြီး ခြေစွမ်းမဲ့ ကစားသမားတွေ၊ အခွင့်အရေးရလာတဲ့ အပေါ်မှာ အကောင်းဆုံးခြေစွမ်းပြရမဲ့ ကစားသမားတွေ၊ ငွေကြေးများစွာ သုံးပြီး အသင်းအတွက် ခေါ်ယူထားတဲ့ ကစားသမားတွေ စတဲ့ ကစားသမားတွေရဲ့ စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာမှာ သေချာပါတယ်။

a2

ဂရင်းဝုဒ်(မန်ချက်စတာယူနိုက်တက်)

အနာဂတ်မှာ တောက်ပလာမဲ့ ဘောလုံးကြယ်ပွင့်တစ်ဦးပါ။ အင်္ဂလန်လူငယ်ကစားသမားဖြစ်ပြီး အဆုံးသတ်ဂိုးတွေ သွင်းယူတတ်တဲ့ သဘာ၀ရှိသူလည်းဖြစ်ပြီး အင်္ဂလန်က ရော်ဘီ ဖောင်လာလို ကစားသမားမျိုးဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ စွမ်းဆောင်ရည်တွေထဲမှာ တစ်ဖက်ခံစစ်ကစားသမားတွေ မသိနိုင်တဲ့ အချိန်မှာ ဂိုးတွေ ကန်သွင်းတတ်သူလည်း ဖြစ်တယ်။ သူ့ရဲ့ စွမ်းရည်က အသင်းရဲ့ ညာတောင်ပံပိုင်း ကနေ အကောင်းမွန်ဆုံးလုပ်ဆောင်ပေးနေသူလည်း ဖြစ်ပါတယ်။ လာမဲ့ဘောလုံးရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ အကောင်းဆုံးတာဝန်ယူမဲ့ ကစားသမားပါ။

a3

 

ဖီးလ် ဖိုဒန်(မန်စီးတီး)

ဖိုဒန်က မန်စီးတီးရဲ့ ကွင်းလယ်ပိုင်းမှာ ဆေးလ်ဗားရဲ့ နေရာအတွက် အစားထိုးဝင်ရောက်မဲ့ ကွင်းလယ် ကစားသမားတစ်ဦးပါ။ အင်္ဂလန်အသင်းမှာ ပါဝင်နေတဲ့ လူငယ်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ၎င်းက တစ်ဖက်အသင်းရဲ့ ခံစစ်ကစားသမားတွေကြားထဲမှာ ညင်သာစွာရွေ့လျားပြီး အသင်းအတွက် အကျိုးသက်ရောက် အောင် ပြုလုပ်ပေးမဲ့သူပါ။ ဒါပေမဲ့ မန်စီးတီးက ဖိုဒန်ကို အငှားကစားသမားအဖြစ် ပို့ဆောင်ဖို့ ရှိတယ်ဆိုပြီး သတင်းတွေထွက်နေသလို ဒီဘလိုင်းကလည်း အသင်းမှာ ခြေစွမ်းပြနေသူ ဖြစ်လို့ နေရာရဖို့ တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။

a4

ဘူကာယို ဆာကာ(အာဆင်နယ်)

အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမားဖြစ်ပြီး အသင်းရဲ့ လက်ရွေးစင်နေရာမှာ နေရာပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ဖြစ်ပေမဲ့ ယုံကြည်ချက်ရှိရှိနဲ့ အသင်းမှာ နေရာရသွားမှာ ဖြစ်ပြီး နေရာစုံကစားနိုင်သူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစား သမားဆုဆန်ကာတင် စာရင်းမှာပါဝင်နေသလို ရရှိနိုင်တယ်ဆိုပြီး သတင်းတွေလည်း ထွက်နေပါတယ်။

a5

ဆာလက်(လီဗာပူးလ်)

ဝါရင့်တိုက်စစ်မှူး တစ်ဦးဖြစ်သလို လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတွေ ရယူထားသူပါ။ ယခင်နှစ်တွေက ရွှေဖိနပ်ဆု ရရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ နှစ်မှာတော့ ဗာဒီကို ပေးလိုက်ရပါတယ်။ ဒါကြောင့် လာမဲ့ဘောလုံးရာသီမှာ ရွှေဖိနပ်ဆုအတွက် ဆက်လက်တိုက်ပွဲဝင်ရမှာ ဖြစ်သလို ချန်ပီယံဖလားကို လည်း ကာကွယ်သွားရမဲ့ တာဝန်ရှိနေပါတယ်။ အသက် ၂၈ နှစ်အရွယ် ဆာလက်က လာမဲ့ဘောလုံး ရာသီအတွက် ဆံပင်တွေညှပ်ထားပြီး ပုံစံအသစ်နဲ့ တွေ့မြင်သွားရမဲ့ ကစားသမားတစ်ဦးပါ။

a6

ကိုင် ဟာဗက်ဇ်(ချဲလ်ဆီး)

ချဲလ်ဆီးအသင်းက ယခုနှစ်မှာ စျေးကြီးကြီးနဲ့ ခေါ်ယူထားတဲ့ ကစားသမားတစ်ဦးပါ။ အသက် ၂၁ နှစ် အရွယ် ဟာဗက်ဇ်က လီဗာကူဆင်အသင်းနဲ့ အတူချန်ပီယံလိဂ်ပွဲတွေနဲ့ ဂျာမနီကလိဂ်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြနေ သူဖြစ်ပါတယ်။ နောက်ချန်တိုက်စစ်ကစားသမားဖြစ်ပြီး ၎င်းရဲ့ ဘယ်သန်ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက ၁၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ လမ်းပတ်ကို အားကျခဲ့သူတစ်ဦးဖြစ်ခဲ့သလို ချဲလ်ဆီး ပရိသတ်တွေအတွက် အကောင်းဆုံးခြေစွမ်းပြသွားမယ်လို့ ဆိုထားသူ ဖြစ်ပါတယ်။

a8

ကယ်ဗင် ဖီးလ်လစ်(လိဒ်ယူနိုက်တက်)

“ ကွျန်တော့်ရဲ့ ကစားသမားဖြတ်သန်းမှုမှာ ကွင်းလယ်ပိုင်းကနေ အသင်းကို ကောင်းစွာထောက်ပံ့ ပေးခဲ့ပါတယ်။ ဒါကြောင့် ဒီလို လုပ်ပေးရလို့ ကွျန်တော် ကျေနပ်အားရမိတယ် ” လို့ ဖီးလ်လစ်က ပြောပါတယ်။ ဖီးလ်လစ်က လိဒ်ယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းကနေ ခံစစ်ပိုင်းကို အများဆုံးတာဝန်ယူပေးထားပေမဲ့ တိုက်စစ်ပိုင်းကိူလည်း လိုက်ပါကစားနေသူပါ။ ဖီးလ်လစ်လိုက်ပါလာတဲ့ တိုက်စစ်ပိုင်းကလည်း အရမ်းကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် တစ်ဖက်အသင်းကို ဖိအားတွေဖြစ်စေပါတယ်။ သူ့လိုမျိုး ကွင်းလယ် ကစားသမားမျိုးမရှိသေးဘူးလို့ ဘောလုံးသုံးသပ်သူတွေကလည်း ဆိုထားပါတယ်။

a7

မက်ဘရူနိုင်း(ရှက်ဖီးလ်ယူနိုက်တက်)

ပြီးခဲ့တဲ့ တစ်ရာသီလုံး ရှက်ဖီးလ်ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ ကစားနေသူပါ။ ၎င်းရဲ့ အသက်က ၂၄ နှစ် ဖြစ်တဲ့အတွက် မျှော်လင့်ချက်ကောင်းတွေ များစွာ ရှိနေသလို တိုးတက်မှုတွေလည်း ရှိလာမဲ့ ကစားသမားတစ်ဦးပါ။ သူ့ရဲ့ စွမ်းဆောင်ရည်မြင့်မားမှုတွေကြောင့် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ စပါးလ်အသင်းတွေနဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့သူအဖြစ် မြင်တွေခဲ့ရပါတယ်။

Zawgyi

ဆာလက္ အပါအဝင္ ၂၀၂၀-၂၁ ပရီးမီးယားလိဂ္မွာ ေစာင့္ၾကည့္ရမဲ့ ကစားသမား ခုနစ္ေယာက္

၂၀၂၀-၂၁ ခုႏွစ္ ေဘာလုံးရာသီမွာ လီဗာပူးလ္အသင္းရဲ့ နာမည္ေက်ာ္တိုက္စစ္မႉး ဆာလက္အပါအဝင္ ေစာင့္ၾကည့္ရမဲ့ ကစားသမား ခုနစ္ေယာက္ ရွိေနပါတယ္။ အသင္းမွာ အထိုင္က်ၿပီးသား တိုက္စစ္ကစားသမား ေတြ အသင္းနဲ႔အတူ အေတြ႕အၾကဳံအနည္းငယ္ရလာၿပီး ေျခစြမ္းမဲ့ ကစားသမားေတြ၊ အခြင့္အေရးရလာတဲ့ အေပၚမွာ အေကာင္းဆုံးေျခစြမ္းျပရမဲ့ ကစားသမားေတြ၊ ေငြေၾကးမ်ားစြာ သုံးၿပီး အသင္းအတြက္ ေခၚယူထားတဲ့ ကစားသမားေတြ စတဲ့ ကစားသမားေတြရဲ့ စိတ္လႈပ္ရွားဖြယ္ ျမင္ေတြ႕ရမဲ့ ေဘာလုံးရာသီတစ္ခု ျဖစ္လာမွာ ေသခ်ာပါတယ္။
ဂရင္းဝုဒ္(မန္ခ်က္စတာယူနိုက္တက္)
အနာဂတ္မွာ ေတာက္ပလာမဲ့ ေဘာလုံးၾကယ္ပြင့္တစ္ဦးပါ။ အဂၤလန္လူငယ္ကစားသမားျဖစ္ၿပီး အဆုံးသတ္ဂိုးေတြ သြင္းယူတတ္တဲ့ သဘာ၀ရွိသူလည္းျဖစ္ၿပီး အဂၤလန္က ေရာ္ဘီ ေဖာင္လာလို ကစားသမားမ်ိဳးဆိုရင္လည္း မမွားပါဘူး။ သူ႔ရဲ့ စြမ္းေဆာင္ရည္ေတြထဲမွာ တစ္ဖက္ခံစစ္ကစားသမားေတြ မသိနိုင္တဲ့ အခ်ိန္မွာ ဂိုးေတြ ကန္သြင္းတတ္သူလည္း ျဖစ္တယ္။ သူ႔ရဲ့ စြမ္းရည္က အသင္းရဲ့ ညာေတာင္ပံပိုင္း ကေန အေကာင္းမြန္ဆုံးလုပ္ေဆာင္ေပးေနသူလည္း ျဖစ္ပါတယ္။ လာမဲ့ေဘာလုံးရာသီမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ရဲ့ တိုက္စစ္ပိုင္းမွာ အေကာင္းဆုံးတာဝန္ယူမဲ့ ကစားသမားပါ။

ဖီးလ္ ဖိုဒန္(မန္စီးတီး)
ဖိုဒန္က မန္စီးတီးရဲ့ ကြင္းလယ္ပိုင္းမွာ ေဆးလ္ဗားရဲ့ ေနရာအတြက္ အစားထိုးဝင္ေရာက္မဲ့ ကြင္းလယ္ ကစားသမားတစ္ဦးပါ။ အဂၤလန္အသင္းမွာ ပါဝင္ေနတဲ့ လူငယ္ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ ၎က တစ္ဖက္အသင္းရဲ့ ခံစစ္ကစားသမားေတြၾကားထဲမွာ ညင္သာစြာေရြ႕လ်ားၿပီး အသင္းအတြက္ အက်ိဳးသက္ေရာက္ ေအာင္ ျပဳလုပ္ေပးမဲ့သူပါ။ ဒါေပမဲ့ မန္စီးတီးက ဖိုဒန္ကို အငွားကစားသမားအျဖစ္ ပို႔ေဆာင္ဖို႔ ရွိတယ္ဆိုၿပီး သတင္းေတြထြက္ေနသလို ဒီဘလိုင္းကလည္း အသင္းမွာ ေျခစြမ္းျပေနသူ ျဖစ္လို႔ ေနရာရဖို႔ တိုက္ပြဲဝင္သြားရမွာ ျဖစ္ပါတယ္။

ဘူကာယို ဆာကာ(အာဆင္နယ္)
အာဆင္နယ္အသင္းရဲ့ လူငယ္ကစားသမားျဖစ္ၿပီး အသင္းရဲ့ လက္ေရြးစင္ေနရာမွာ ေနရာေပးဖို႔ လိုအပ္ေနၿပီ ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္ျဖစ္ေပမဲ့ ယုံၾကည္ခ်က္ရွိရွိနဲ႔ အသင္းမွာ ေနရာရသြားမွာ ျဖစ္ၿပီး ေနရာစုံကစားနိုင္သူလည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ PFA ရဲ့ တစ္ႏွစ္တာ အေကာင္းဆုံး လူငယ္ကစား သမားဆုဆန္ကာတင္ စာရင္းမွာပါဝင္ေနသလို ရရွိနိုင္တယ္ဆိုၿပီး သတင္းေတြလည္း ထြက္ေနပါတယ္။

ဆာလက္(လီဗာပူးလ္)
ဝါရင့္တိုက္စစ္မႉး တစ္ဦးျဖစ္သလို လီဗာပူးလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလားနဲ႔ ပရီးမီးယားလိဂ္ဖလားေတြ ရယူထားသူပါ။ ယခင္ႏွစ္ေတြက ေရႊဖိနပ္ဆု ရရွိခဲ့ေပမဲ့ ၿပီးခဲ့တဲ့ ႏွစ္မွာေတာ့ ဗာဒီကို ေပးလိုက္ရပါတယ္။ ဒါေၾကာင့္ လာမဲ့ေဘာလုံးရာသီမွာ ေရႊဖိနပ္ဆုအတြက္ ဆက္လက္တိုက္ပြဲဝင္ရမွာ ျဖစ္သလို ခ်န္ပီယံဖလားကို လည္း ကာကြယ္သြားရမဲ့ တာဝန္ရွိေနပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ ဆာလက္က လာမဲ့ေဘာလုံး ရာသီအတြက္ ဆံပင္ေတြညႇပ္ထားၿပီး ပုံစံအသစ္နဲ႔ ေတြ႕ျမင္သြားရမဲ့ ကစားသမားတစ္ဦးပါ။

ကိုင္ ဟာဗက္ဇ္(ခ်ဲလ္ဆီး)
ခ်ဲလ္ဆီးအသင္းက ယခုႏွစ္မွာ ေစ်းႀကီးႀကီးနဲ႔ ေခၚယူထားတဲ့ ကစားသမားတစ္ဦးပါ။ အသက္ ၂၁ ႏွစ္ အရြယ္ ဟာဗက္ဇ္က လီဗာကူဆင္အသင္းနဲ႔ အတူခ်န္ပီယံလိဂ္ပြဲေတြနဲ႔ ဂ်ာမနီကလိဂ္ၿပိဳင္ပြဲေတြမွာ ေျခစြမ္းျပေန သူျဖစ္ပါတယ္။ ေနာက္ခ်န္တိုက္စစ္ကစားသမားျဖစ္ၿပီး ၎ရဲ့ ဘယ္သန္ကစားသမားျဖစ္ၿပီး ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ၁၈ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ပါတယ္။ လမ္းပတ္ကို အားက်ခဲ့သူတစ္ဦးျဖစ္ခဲ့သလို ခ်ဲလ္ဆီး ပရိသတ္ေတြအတြက္ အေကာင္းဆုံးေျခစြမ္းျပသြားမယ္လို႔ ဆိုထားသူ ျဖစ္ပါတယ္။

ကယ္ဗင္ ဖီးလ္လစ္(လိဒ္ယူနိုက္တက္)
“ ကြ်န္ေတာ့္ရဲ့ ကစားသမားျဖတ္သန္းမႈမွာ ကြင္းလယ္ပိုင္းကေန အသင္းကို ေကာင္းစြာေထာက္ပံ့ ေပးခဲ့ပါတယ္။ ဒါေၾကာင့္ ဒီလို လုပ္ေပးရလို႔ ကြ်န္ေတာ္ ေက်နပ္အားရမိတယ္ ” လို႔ ဖီးလ္လစ္က ေျပာပါတယ္။ ဖီးလ္လစ္က လိဒ္ယူနိုက္တက္ရဲ့ ကြင္းလယ္ပိုင္းကေန ခံစစ္ပိုင္းကို အမ်ားဆုံးတာဝန္ယူေပးထားေပမဲ့ တိုက္စစ္ပိုင္းကိူလည္း လိုက္ပါကစားေနသူပါ။ ဖီးလ္လစ္လိုက္ပါလာတဲ့ တိုက္စစ္ပိုင္းကလည္း အရမ္းကို ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ တစ္ဖက္အသင္းကို ဖိအားေတြျဖစ္ေစပါတယ္။ သူ႔လိုမ်ိဳး ကြင္းလယ္ ကစားသမားမ်ိဳးမရွိေသးဘူးလို႔ ေဘာလုံးသုံးသပ္သူေတြကလည္း ဆိုထားပါတယ္။

မက္ဘ႐ူနိုင္း(ရွက္ဖီးလ္ယူနိုက္တက္)
ၿပီးခဲ့တဲ့ တစ္ရာသီလုံး ရွက္ဖီးလ္ယူနိုက္တက္ရဲ့ တိုက္စစ္ပိုင္းမွာ ကစားေနသူပါ။ ၎ရဲ့ အသက္က ၂၄ ႏွစ္ ျဖစ္တဲ့အတြက္ ေမၽွာ္လင့္ခ်က္ေကာင္းေတြ မ်ားစြာ ရွိေနသလို တိုးတက္မႈေတြလည္း ရွိလာမဲ့ ကစားသမားတစ္ဦးပါ။ သူ႔ရဲ့ စြမ္းေဆာင္ရည္ျမင့္မားမႈေတြေၾကာင့္ ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းေတြ ျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္၊ ခ်ဲလ္ဆီးနဲ႔ စပါးလ္အသင္းေတြနဲ႔ ကစားခဲ့တဲ့ပြဲေတြမွာ ဂိုးေတြ သြင္းယူနိုင္ခဲ့သူအျဖစ္ ျမင္ေတြခဲ့ရပါတယ္။