တိုက်စစ်မှူး အီဗရာဟင် မိုဗစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

0
915

 

အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အီဗရာဟင် မိုဗစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အသက် ၃၈ နှစ်အရွယ် မိုဗစ်ဟာ ၎င်းရဲ့ နေအိမ်မှာပဲ သီးသန့်ခွဲပြီး နေထိုင်သွားမှာ ဖြစ်တယ်လို့ အသင်းကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ အေစီမီလန်အသင်းရဲ့ ခံစစ်ကစားသမား ဒူအာတီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထား တယ်လို့ တွေ့ရှိပြီးနောက် ဒုတိယအကြိမ် ဆေးစစ်မှု ပြုလုပ်ချိန် မိုဗစ်မှာ ရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေမှာ ရောဂါပိုးကူးစက်ခံထားခြင်း အရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။

အဆိုပါကစားသမား နှစ်ဦးမှာ Bodo/Glimt အသင်းနဲ့ ယူရိုပါလိဂ် တတိယအဆင့် ခြေစစ်ပွဲနဲ့ လွဲချော်သွားမှာ ဖြစ်ပါတယ်။ မိုဗစ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ကစားခဲ့တဲ့ စီးရီးအေ အဖွင့်ပွဲဖြစ်တဲ့ ဘိုရော့နာ အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ သွင်းဂိုး နှစ်ဂိုး သွင်းယူခဲ့သလို ရှန်ရော့ခ် ရိုဗာစ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲမှာလည်း တစ်ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ ၎င်းဟာ အေစီမီလန်အသင်းနဲ့ ပြီးခဲ့တဲ့လက တစ်နှစ် သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုထားတဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။

၎င်းရဲ့ လူမှုကွန်ရက်ကနေ “ မနေ့က ဆေးစစ်တယ် နဂ္ဂတစ်၊ ဒီနေ့ ဆေးစစ်တော့ ပေါ့ဆစ်တစ်၊ ရောဂါ လက္ခဏာမပြတဲ့ အရာပဲ။ ကိုဗစ် ကတော့ မိုဗစ်ကို ဆိုးသွမ်းတဲ့ စိတ်ကူးတွေနဲ့ သတ္တိရှိရှိ စိန်ခေါ်နေတာပါ ” လို့ ရေးသားထားပါတယ်။

Zawgyi

တိုက္စစ္မႉး အီဗရာဟင္ မိုဗစ္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရ

ေအစီမီလန္အသင္းရဲ့ ဝါရင့္တိုက္စစ္မႉး အီဗရာဟင္ မိုဗစ္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အသက္ ၃၈ ႏွစ္အရြယ္ မိုဗစ္ဟာ ၎ရဲ့ ေနအိမ္မွာပဲ သီးသန႔္ခြဲၿပီး ေနထိုင္သြားမွာ ျဖစ္တယ္လို႔ အသင္းကေန သတင္းထုတ္ျပန္ခဲ့ပါတယ္။
ဗုဒၶဟူးေန႔မွာ ေအစီမီလန္အသင္းရဲ့ ခံစစ္ကစားသမား ဒူအာတီမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထား တယ္လို႔ ေတြ႕ရွိၿပီးေနာက္ ဒုတိယအႀကိမ္ ေဆးစစ္မႈ ျပဳလုပ္ခ်ိန္ မိုဗစ္မွာ ေရာဂါပိုးကူးစက္ခံထားရေၾကာင္း ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ က်န္တဲ့ကစားသမားေတြနဲ႔ နည္းျပအဖြဲ႕ဝင္ေတြမွာ ေရာဂါပိုးကူးစက္ခံထားျခင္း အရွိေၾကာင္း စစ္ေဆးေတြ႕ရွိရပါတယ္။
အဆိုပါကစားသမား ႏွစ္ဦးမွာ Bodo/Glimt အသင္းနဲ႔ ယူရိုပါလိဂ္ တတိယအဆင့္ ေျခစစ္ပြဲနဲ႔ လြဲေခ်ာ္သြားမွာ ျဖစ္ပါတယ္။ မိုဗစ္ဟာ ၿပီးခဲ့တဲ့ တနလၤာေန႔က ကစားခဲ့တဲ့ စီးရီးေအ အဖြင့္ပြဲျဖစ္တဲ့ ဘိုေရာ့နာ အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ သြင္းဂိုး ႏွစ္ဂိုး သြင္းယူခဲ့သလို ရွန္ေရာ့ခ္ ရိုဗာစ္အသင္းနဲ႔ ကစားခဲ့တဲ့ ယူရိုပါလိဂ္ ပြဲမွာလည္း တစ္ဂိုး သြင္းယူေပးထားနိုင္ပါတယ္။ ၎ဟာ ေအစီမီလန္အသင္းနဲ႔ ၿပီးခဲ့တဲ့လက တစ္ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ထပ္မံခ်ဳပ္ဆိုထားတဲ့ တိုက္စစ္မႉးလည္း ျဖစ္ပါတယ္။
၎ရဲ့ လူမႈကြန္ရက္ကေန “ မေန႔က ေဆးစစ္တယ္ နဂၢတစ္၊ ဒီေန႔ ေဆးစစ္ေတာ့ ေပါ့ဆစ္တစ္၊ ေရာဂါ လကၡဏာမျပတဲ့ အရာပဲ။ ကိုဗစ္ ကေတာ့ မိုဗစ္ကို ဆိုးသြမ္းတဲ့ စိတ္ကူးေတြနဲ႔ သတၱိရွိရွိ စိန္ေခၚေနတာပါ ” လို႔ ေရးသားထားပါတယ္။