ဒီဂီယာကို ဝေဖန်မှုတွေနဲ့ တိုက်ခိုက်နေမဲ့အစား စိတ်ဓာတ်ခွန်အားဖြစ်အောင် ချီးကျူးစကား ပြောသင့်ကြောင်း စပိန်အသင်းနည်းပြ အမ်းနရစ် ဆို

0
373

 

မန်ချက်စတာယူနိုက်တက်အသင်းမှာ ဖိအားများစွာရှိနေပြီး ဝေဖန်မှုတွေ များစွာခံနေရတဲ့ ဂိုးသမား ဒီဂီယာကို ဝေဖန်မှုတွေနဲ့ တိုက်ခိုက်နေမဲ့အစား စိတ်ဓာတ်ခွန်အားဖြစ်အောင် ချီးကျူးစကား ပြောသင့်ကြောင်း စပိန်လက်ရွေးစင်နည်းပြ အမ်းနရစ်က စပိန်နဲ့ ဂျာမနီကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်အပြီးမှာ ပြောကြားလိုက် ပါတယ်။ အဆိုပါပွဲမှာ ၁-၁ နဲ့ သရေဖြစ်ခဲ့ပြီး ဂျာမနီအသင်းက ၅၁ မိနစ်မှာ ဝါနာက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး စပိန်အသင်းအတွက် ချေပဂိုးကို ၉၅ မိနစ်မှာ ဂါယာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အင်းနရစ်က ဝေဖန်မှုတွေကြောင့် စိတ်ဖိစီးမှုများစွာဖြစ်ပေါ်နေတဲ့ ဒီဂီယာကို ချီးကျူးစကားတွေနဲ့ အားပေးသင့်သလို ချဲလ်ဆီးဂိုးသမား အာရီဇာဘာလာဂါကိုလည်း ထိုနည်းတူ ချီးကျူးစကားတွေ ပြောကြားပြီး စိတ်ဓာတ်မြင့်မားလာအောင် ပြုလုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဂီဒီယာဟာ ဂျာမနီနဲ့ ပွဲမှာ ဆာနေးရဲ့ သွင်းဂိုးအပါအဝင် ဂျာမနီရဲ့ သွင်းဂိုးများစွာကို ကာကွယ်နိုင်ခဲ့ပြီး စပိန်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံး လက်စွမ်းပြခဲ့ပါတယ်။

ပွဲအပြီးမှာ အမ်းနရစ်က “ ဒီဂီယာက အင်္ဂလန်မှာ ပြိုင်ပွဲပေါင်းများစွာ ကစားလာခဲ့တဲ့ ကစားသမား တစ်ဦးပါ။ ခြေကုန်လက်ပန်းကျနေတဲ့ သူ့ကို ကွျန်တော်တို့ စောင့်ကြည်နေကြတယ်။ သူတို့အတူ အာရီဇာ ဘာလာဂါရဲ့ သတင်းတွေ ရှိနေတယ်။ တကယ်လို့ သူတို့တွေက အမှားတွေ ပြုလုပ်ခဲ့တယ်ဆိုရင် ဒါတွေကို သူတို့ တွေက လုပ်ခဲ့ပြီးသားတွေ ဖြစ်တယ်။ ပြိုင်ပွဲတွေကိုလည်း သူတို့ ကစားခဲ့တာရှိတော့ ကွျန်တော်တို့ဆီမှာ ရှိနေတဲ့ သူက ဘယ်လောက်အထိ ကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်ဆိုတာကို ကွျန်တော်တို့က ပြောသင့်ပါတယ်။ ကွျန်တော်ကတော့ သူတို့တွေကို နေရာပျောက်သွားမှာ မဟုတ်ဘူးဆိုပြီး အားပေးစကားပြောရပါလိမ့်မယ်။ ဒါက သူတို့ဆီကနေ တောင်းဆိုလိုက်တဲ့ သဘောပါပဲ။ ဘာကြောင့်လဲဆိုရင် သူတို့တွေကို ဖိနှိပ်မယ်ဆိုရင် အချိန်တွေက ပိုပြီး အခက်တွေ့စေပါမယ်။ ကွျန်တော်တို့တွေက သူတို့ကို ခင်မင်ရင်းနှီးစွာနဲ့ပဲ ဆက်ဆံတယ်။ သူတို့ နှစ်ဦးလုံး ကလည်း အခြားသော ကစားသမားတွေထက် ပိုပြီးသိသာထင်ရှားသူတွေဖြစ်လို့ သူတို့တွေရဲ့ အမှားတွေကို သိပါတယ်။ ဒါပေမဲ့ သူတို့တွေက လုပ်ခဲ့ပြီးသားတွေ ဖြစ်နေတယ် ” လို့ ပြောပါတယ်။

ဒီဂီယာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လာခဲ့ရင် နံပါတ် ၁ နေရာရရှိရေးအတွက် ရှက်ဖီးလ် ယူနိုက်တက်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာပြီး သက်တမ်းတိုးထားတဲ့ ဟမ်ဒါဆင်နဲ့ တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။

Zawgyi

ဒီဂီယာကို ေဝဖန္မႈေတြနဲ႔ တိုက္ခိုက္ေနမဲ့အစား စိတ္ဓာတ္ခြန္အားျဖစ္ေအာင္ ခ်ီးက်ဴးစကား ေျပာသင့္ေၾကာင္း စပိန္အသင္းနည္းၿပ အမ္းနရစ္ ဆို

မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ဖိအားမ်ားစြာရွိေနၿပီး ေဝဖန္မႈေတြ မ်ားစြာခံေနရတဲ့ ဂိုးသမား ဒီဂီယာကို ေဝဖန္မႈေတြနဲ႔ တိုက္ခိုက္ေနမဲ့အစား စိတ္ဓာတ္ခြန္အားျဖစ္ေအာင္ ခ်ီးက်ဴးစကား ေျပာသင့္ေၾကာင္း စပိန္လက္ေရြးစင္နည္းၿပ အမ္းနရစ္က စပိန္နဲ႔ ဂ်ာမနီကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္အၿပီးမွာ ေျပာၾကားလိုက္ ပါတယ္။ အဆိုပါပြဲမွာ ၁-၁ နဲ႔ သေရျဖစ္ခဲ့ၿပီး ဂ်ာမနီအသင္းက ၅၁ မိနစ္မွာ ဝါနာက ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး စပိန္အသင္းအတြက္ ေခ်ပဂိုးကို ၉၅ မိနစ္မွာ ဂါယာက သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။
အင္းနရစ္က ေဝဖန္မႈေတြေၾကာင့္ စိတ္ဖိစီးမႈမ်ားစြာျဖစ္ေပၚေနတဲ့ ဒီဂီယာကို ခ်ီးက်ဴးစကားေတြနဲ႔ အားေပးသင့္သလို ခ်ဲလ္ဆီးဂိုးသမား အာရီဇာဘာလာဂါကိုလည္း ထိုနည္းတူ ခ်ီးက်ဴးစကားေတြ ေျပာၾကားၿပီး စိတ္ဓာတ္ျမင့္မားလာေအာင္ ျပဳလုပ္ေပးသင့္တယ္လို႔ ဆိုပါတယ္။ ဂီဒီယာဟာ ဂ်ာမနီနဲ႔ ပြဲမွာ ဆာေနးရဲ့ သြင္းဂိုးအပါအဝင္ ဂ်ာမနီရဲ့ သြင္းဂိုးမ်ားစြာကို ကာကြယ္နိုင္ခဲ့ၿပီး စပိန္လက္ေရြးစင္အသင္းအတြက္ အေကာင္းဆုံး လက္စြမ္းျပခဲ့ပါတယ္။
ပြဲအၿပီးမွာ အမ္းနရစ္က “ ဒီဂီယာက အဂၤလန္မွာ ၿပိဳင္ပြဲေပါင္းမ်ားစြာ ကစားလာခဲ့တဲ့ ကစားသမား တစ္ဦးပါ။ ေျခကုန္လက္ပန္းက်ေနတဲ့ သူ႔ကို ကြ်န္ေတာ္တို႔ ေစာင့္ၾကည္ေနၾကတယ္။ သူတို႔အတူ အာရီဇာ ဘာလာဂါရဲ့ သတင္းေတြ ရွိေနတယ္။ တကယ္လို႔ သူတို႔ေတြက အမွားေတြ ျပဳလုပ္ခဲ့တယ္ဆိုရင္ ဒါေတြကို သူတို႔ ေတြက လုပ္ခဲ့ၿပီးသားေတြ ျဖစ္တယ္။ ၿပိဳင္ပြဲေတြကိုလည္း သူတို႔ ကစားခဲ့တာရွိေတာ့ ကြ်န္ေတာ္တို႔ဆီမွာ ရွိေနတဲ့ သူက ဘယ္ေလာက္အထိ ေကာင္းမြန္တဲ့ ကစားသမားျဖစ္တယ္ဆိုတာကို ကြ်န္ေတာ္တို႔က ေျပာသင့္ပါတယ္။ ကြ်န္ေတာ္ကေတာ့ သူတို႔ေတြကို ေနရာေပ်ာက္သြားမွာ မဟုတ္ဘူးဆိုၿပီး အားေပးစကားေျပာရပါလိမ့္မယ္။ ဒါက သူတို႔ဆီကေန ေတာင္းဆိုလိုက္တဲ့ သေဘာပါပဲ။ ဘာေၾကာင့္လဲဆိုရင္ သူတို႔ေတြကို ဖိႏွိပ္မယ္ဆိုရင္ အခ်ိန္ေတြက ပိုၿပီး အခက္ေတြ႕ေစပါမယ္။ ကြ်န္ေတာ္တို႔ေတြက သူတို႔ကို ခင္မင္ရင္းႏွီးစြာနဲ႔ပဲ ဆက္ဆံတယ္။ သူတို႔ ႏွစ္ဦးလုံး ကလည္း အျခားေသာ ကစားသမားေတြထက္ ပိုၿပီးသိသာထင္ရွားသူေတြျဖစ္လို႔ သူတို႔ေတြရဲ့ အမွားေတြကို သိပါတယ္။ ဒါေပမဲ့ သူတို႔ေတြက လုပ္ခဲ့ၿပီးသားေတြ ျဖစ္ေနတယ္ ” လို႔ ေျပာပါတယ္။
ဒီဂီယာဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ျပန္လာခဲ့ရင္ နံပါတ္ ၁ ေနရာရရွိေရးအတြက္ ရွက္ဖီးလ္ ယူနိုက္တက္အသင္းကေန မန္ခ်က္စတာယူနိုက္တက္ကို ျပန္လည္ေရာက္ရွိလာၿပီး သက္တမ္းတိုးထားတဲ့ ဟမ္ဒါဆင္နဲ႔ တိုက္ပြဲဝင္သြားရမွာ ျဖစ္ပါတယ္။