နောက်ဆုံးမိနစ်မှာ ရမှတ်ခွဲပေးလိုက်ရတဲ့ စပါးလ်

0
274

 

စပါးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ နယူးကာဆယ်အသင်းနဲ့ ၁-၁ သရေဖြစ်ခဲ့ပြီး ရမှတ်ခွဲ ယူလိုက်ရပါတယ်။ စပါးလ်အသင်းက ၂၇ မိနစ်မှာ မိုရာက ဦးဆောင်ဂိုးသွင်းယူခဲ့ပေမဲ့ ဒုတိယပိုင်း ၉၀+၇ မိနစ်မှာ နယူးကာဆယ်အတွက် ချေပဂိုးကို ဝဲလ်ဆင်က ပင်နယ်တီပြစ်ဒဏ်ဘောကနေ သွင်းယူခဲ့လို့ စပါးလ်အသင်းဟာ ရမှတ်အပြည့်မရလိုက်ပါဘူး။

စပါးလ်အသင်းက ၄-၂-၃-၁ ကစားကွက်နဲ့ တိုက်စစ်မှာ ဟာရီကိန်းက ဦးဆောင်ပြီး လိုဆယ်ဆို၊ ဆွန်ဟောင်မင်နဲ့ မိုရာတို့က လိုက်ပါအားဖြည့်ပေးခဲ့ပါတယ်။ နယူးကာဆယ်အသင်းက ၅-၄-၁ ကစားကွက်နဲ့ ခံစစ်ပိုင်းကို အသားပေးပြီး ကစားခဲ့ကာ တိုက်စစ်မှာ ဝဲလ်ဆင် တစ်ဦးထဲ ထားထားပါတယ်။

ပထမပိုင်း ၂၇ မိနစ်မှာ ဟာရီကိန်းရဲ့ ပေးပို့မှုတွေက မိုရာက ခေါင်းတိုက်သွင်းယူခဲ့ပြီး ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာ စပါးလ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ရဲ့ သွင်းဂိုး နှစ်ဂိုးက တိုင်ထိခဲ့သလို နယူးကာဆယ်ဂိုးသမား ဒါလိုးရဲ့ အကောင်းဆုံးကာကွယ်မှုတွေအဖြစ် ဟာရီကိန်းရဲ့ သွင်းဂိုးတွေကို ကာကွယ်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ဒါလိုးက ကာကွယ်မှု ၁၁ ကြိမ်အထိ ပြုလုပ်ခဲ့သလို အဆိုပါရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ စပါးလ်အသင်းဟာ ဒုတိယပိုင်း မိနစ် ၉၀ အထိ အနိုင်ဂိုး ထပ်မံမသွင်းယူနိုင်ခဲ့ပေမဲ့ ၉၀+၇ မိနစ်မှာ နယူးကာဆယ်အသင်းက ပင်နယ်တီရရှိခဲ့ပြီး ဝဲလ်ဆင်က အကောင်းဆုံး အဆုံးသတ်ခဲ့လို့ စပါးလ်အတွက် ရမှတ်တစ်မှတ်သာ ရရှိခဲ့ပါတယ်။

အဆိုပါပွဲမှာ စပါးလ်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၆% ရရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၂၃ ကြိမ်မှာ ၁၂ ကြိမ် ဂိုးပေါက်ကို ထိရောက်ခဲ့ပြီး နယူးကာဆယ်က ဂိုးပေါက်ကန်သွင်းမှု ခြောက်ကြိမ်မှာ တစ်ကြိမ်သာ ဂိုးပေါက်ကို ထိရောက်ခဲ့ပါတယ်။ အဆိုပါပွဲမှာ စပါးလ်းအသင်းအတွက် နှစ်ပွဲအတွင်းမှာ ငါးကြိမ်ဖန်တီးပေးပို့ထားတဲ့ ဟာရီကိန်းက နှစ်ပွဲအတွင်း ငါးကြိမ် ဖန်တီးပေးနိုင်တဲ့ တတိယမြောက် ကစားသမား ဖြစ်လာပြီး ၁၉၉၄-၉၅ ဘောလုံးရာသီက နယူးကာဆယ် ကစားသမား ရာဟူးဖောက်နဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီ က မန်ချက်စတာယူနိုက်တက်ကစားသမား မစ်ခီတာရန်တို့က ငါးကြိမ်စီ ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ကြပါတယ်။ အဆိုပါ ပွဲစဉ်မှာ ၁၁ ကြိမ်အထိ ကာကွယ်သွားနိုင်တဲ့ ဂိုးသမား ဒါလိုးဟာ ၂၀၁၃ ခုနှစ်က စပါးလ်နဲ့ နယူးကာဆယ်တို့ ကစားခဲ့တဲ့ပွဲမှာ ၁၄ ကြိမ် အထိ ကာကွယ်ခဲ့တဲ့ တင်ကားနောက် အကောင်းဆုံးကာကွယ်နိုင်တဲ့ ကစားသမား ဖြစ်လာပါတယ်။

Zawgyi

ေနာက္ဆုံးမိနစ္မွာ ရမွတ္ခြဲေပးလိုက္ရတဲ့ စပါးလ္

စပါးလ္အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၃ အျဖစ္ အိမ္ကြင္းမွာ နယူးကာဆယ္အသင္းနဲ႔ ၁-၁ သေရျဖစ္ခဲ့ၿပီး ရမွတ္ခြဲ ယူလိုက္ရပါတယ္။ စပါးလ္အသင္းက ၂၇ မိနစ္မွာ မိုရာက ဦးေဆာင္ဂိုးသြင္းယူခဲ့ေပမဲ့ ဒုတိယပိုင္း ၉၀+၇ မိနစ္မွာ နယူးကာဆယ္အတြက္ ေခ်ပဂိုးကို ဝဲလ္ဆင္က ပင္နယ္တီျပစ္ဒဏ္ေဘာကေန သြင္းယူခဲ့လို႔ စပါးလ္အသင္းဟာ ရမွတ္အျပည့္မရလိုက္ပါဘူး။
စပါးလ္အသင္းက ၄-၂-၃-၁ ကစားကြက္နဲ႔ တိုက္စစ္မွာ ဟာရီကိန္းက ဦးေဆာင္ၿပီး လိုဆယ္ဆို၊ ဆြန္ေဟာင္မင္နဲ႔ မိုရာတို႔က လိုက္ပါအားျဖည့္ေပးခဲ့ပါတယ္။ နယူးကာဆယ္အသင္းက ၅-၄-၁ ကစားကြက္နဲ႔ ခံစစ္ပိုင္းကို အသားေပးၿပီး ကစားခဲ့ကာ တိုက္စစ္မွာ ဝဲလ္ဆင္ တစ္ဦးထဲ ထားထားပါတယ္။
ပထမပိုင္း ၂၇ မိနစ္မွာ ဟာရီကိန္းရဲ့ ေပးပို႔မႈေတြက မိုရာက ေခါင္းတိုက္သြင္းယူခဲ့ၿပီး ဦးေဆာင္ဂိုး စတင္ရရွိခဲ့ပါတယ္။ ပထမပိုင္းမွာ စပါးလ္အသင္းရဲ့ ေတာင္ပံတိုက္စစ္ကစားသမား ဆြန္ေဟာင္မင္ရဲ့ သြင္းဂိုး ႏွစ္ဂိုးက တိုင္ထိခဲ့သလို နယူးကာဆယ္ဂိုးသမား ဒါလိုးရဲ့ အေကာင္းဆုံးကာကြယ္မႈေတြအျဖစ္ ဟာရီကိန္းရဲ့ သြင္းဂိုးေတြကို ကာကြယ္နိုင္ခဲ့ပါတယ္။ အဆိုပါပြဲမွာ ဒါလိုးက ကာကြယ္မႈ ၁၁ ႀကိမ္အထိ ျပဳလုပ္ခဲ့သလို အဆိုပါရဲ့ အေကာင္းဆုံး ကစားသမားျဖစ္ခဲ့ပါတယ္။ စပါးလ္အသင္းဟာ ဒုတိယပိုင္း မိနစ္ ၉၀ အထိ အနိုင္ဂိုး ထပ္မံမသြင္းယူနိုင္ခဲ့ေပမဲ့ ၉၀+၇ မိနစ္မွာ နယူးကာဆယ္အသင္းက ပင္နယ္တီရရွိခဲ့ၿပီး ဝဲလ္ဆင္က အေကာင္းဆုံး အဆုံးသတ္ခဲ့လို႔ စပါးလ္အတြက္ ရမွတ္တစ္မွတ္သာ ရရွိခဲ့ပါတယ္။
အဆိုပါပြဲမွာ စပါးလ္အသင္းက ေဘာလုံးပိုင္ဆိုင္မႈ ၆၆% ရရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၂၃ ႀကိမ္မွာ ၁၂ ႀကိမ္ ဂိုးေပါက္ကို ထိေရာက္ခဲ့ၿပီး နယူးကာဆယ္က ဂိုးေပါက္ကန္သြင္းမႈ ေျခာက္ႀကိမ္မွာ တစ္ႀကိမ္သာ ဂိုးေပါက္ကို ထိေရာက္ခဲ့ပါတယ္။ အဆိုပါပြဲမွာ စပါးလ္းအသင္းအတြက္ ႏွစ္ပြဲအတြင္းမွာ ငါးႀကိမ္ဖန္တီးေပးပို႔ထားတဲ့ ဟာရီကိန္းက ႏွစ္ပြဲအတြင္း ငါးႀကိမ္ ဖန္တီးေပးနိုင္တဲ့ တတိယေျမာက္ ကစားသမား ျဖစ္လာၿပီး ၁၉၉၄-၉၅ ေဘာလုံးရာသီက နယူးကာဆယ္ ကစားသမား ရာဟူးေဖာက္နဲ႔ ၂၀၁၇-၁၈ ေဘာလုံးရာသီ က မန္ခ်က္စတာယူနိုက္တက္ကစားသမား မစ္ခီတာရန္တို႔က ငါးႀကိမ္စီ ဖန္တီးမႈ ျပဳလုပ္နိုင္ခဲ့ၾကပါတယ္။ အဆိုပါ ပြဲစဥ္မွာ ၁၁ ႀကိမ္အထိ ကာကြယ္သြားနိုင္တဲ့ ဂိုးသမား ဒါလိုးဟာ ၂၀၁၃ ခုႏွစ္က စပါးလ္နဲ႔ နယူးကာဆယ္တို႔ ကစားခဲ့တဲ့ပြဲမွာ ၁၄ ႀကိမ္ အထိ ကာကြယ္ခဲ့တဲ့ တင္ကားေနာက္ အေကာင္းဆုံးကာကြယ္နိုင္တဲ့ ကစားသမား ျဖစ္လာပါတယ္။