ဘရိုင်တန်ကွင်းမှာ တစ်ဂိုးအသာလောက်နဲ့ ချဲလ်ဆီး အနိုင်ယူသွားမှာပါ

0
253

 

ပရီးမီးယားလိဂ် ပွဲစဉ် ၁ အဖြစ် ဘရိုင်တန်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဘရိုင်တန်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၁၅-၉-၂၀၂၀ ရက် အင်္ဂါနေ့နံနက် ၁း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘရိုင်တန်နဲ့ ချဲလ်ဆီးအသင်း တို့ဟာ ယခုနှစ်အတွက် ရာသီကြိုခြေစမ်းပွဲမှာတော့ ၁-၁ သရေ ဖြစ်ထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဘရိုင်တန် ၁ – ၁ ချဲလ်ဆီး(ခြေစမ်းပွဲ)

ဘရိုင်တန် ၁ – ၁ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၂ – ၀ ဘရိုင်တန်(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၃ – ၀ ဘရိုင်တန်(ပရီးမီးယားလိဂ်)

ဘရိုင်တန် ၁ – ၂ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ဘရိုင်တန် ၀ – ၄ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ဘရိုင်တန်အသင်းက ရာသီကြိုခြေစမ်းပွဲ နှစ်ပွဲမှာ သရေဖြစ်ထားပြီး ချဲလ်ဆီးအသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးသုံးပွဲမှာ တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ၁၂ ပွဲကစားအပြီး ၁၀ ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်သလို ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ခုနစ်ပွဲ ကစားအပြီး ခြောက်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားပါတယ်။ ဘရိုင်တန်အသင်း က ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးသုံးပွဲမှာ သွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါ တယ်။ ချဲလ်ဆီးက ဘရိုင်တန်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခုနစ်ပွဲ ကစားအပြီး ရှုံးပွဲမရှိ ဖြစ်ပေါ်ထား ပါတယ်။

ဘရိုင်တန်အသင်းမှာ အစ်ကွီအယ်ဒီရိုနဲ့ ဝါတန်တို့က ဒဏ်ရာရနေပြီး ချဲလ်ဆီးအသင်းမှာ ဇီးယက်ချ်နဲ့ ချီဝဲလ်တို့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရသလို ဆေးလ်ဗားက ကြံ့ခိုင်မှု မပြည့်၀သေးပါဘူး။ အက်ပလီကျူတာနဲ့ ပူလီဆစ်တို့က ပေါင်ခြံဒဏ်ရာရနေပြီး ကိုဗာဆစ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ချဲလ်ဆီးအသင်းက အဝေးကွင်းမှာ အနိုင်ရဖို့ ၈၀% အထိ ရှိနေပြီး ၁-၂ လောက်နဲ့ ချဲလ်ဆီး အနိုင်ရသွားနိုင်ပါတယ်။

Zawgyi

ဘရိုင္တန္ကြင္းမွာ တစ္ဂိုးအသာေလာက္နဲ႔ ခ်ဲလ္ဆီး အနိုင္ယူသြားမွာပါ

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁ အျဖစ္ ဘရိုင္တန္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဟာ ဘရိုင္တန္ရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၁၅-၉-၂၀၂၀ ရက္ အဂၤါေန႔နံနက္ ၁း၄၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဘရိုင္တန္နဲ႔ ခ်ဲလ္ဆီးအသင္း တို႔ဟာ ယခုႏွစ္အတြက္ ရာသီႀကိဳေျခစမ္းပြဲမွာေတာ့ ၁-၁ သေရ ျဖစ္ထားပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ဘရိုင္တန္ ၁ – ၁ ခ်ဲလ္ဆီး(ေျခစမ္းပြဲ)
ဘရိုင္တန္ ၁ – ၁ ခ်ဲလ္ဆီး(ပရီးမီးယားလိဂ္)
ခ်ဲလ္ဆီး ၂ – ၀ ဘရိုင္တန္(ပရီးမီးယားလိဂ္)
ခ်ဲလ္ဆီး ၃ – ၀ ဘရိုင္တန္(ပရီးမီးယားလိဂ္)
ဘရိုင္တန္ ၁ – ၂ ခ်ဲလ္ဆီး(ပရီးမီးယားလိဂ္)
ဘရိုင္တန္ ၀ – ၄ ခ်ဲလ္ဆီး(ပရီးမီးယားလိဂ္)
ဘရိုင္တန္အသင္းက ရာသီႀကိဳေျခစမ္းပြဲ ႏွစ္ပြဲမွာ သေရျဖစ္ထားၿပီး ခ်ဲလ္ဆီးအသင္းက ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးသုံးပြဲမွာ တစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားပါတယ္။ ခ်ဲလ္ဆီးအသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံး ၁၂ ပြဲကစားအၿပီး ၁၀ ပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္သလို ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ခုနစ္ပြဲ ကစားအၿပီး ေျခာက္ပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားပါတယ္။ ဘရိုင္တန္အသင္း က ခ်ဲလ္ဆီးအသင္းနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးသုံးပြဲမွာ သြင္းဂိုး ႏွစ္ဂိုးေအာက္သာ သြင္းယူနိုင္ခဲ့ပါ တယ္။ ခ်ဲလ္ဆီးက ဘရိုင္တန္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးခုနစ္ပြဲ ကစားအၿပီး ရႈံးပြဲမရွိ ျဖစ္ေပၚထား ပါတယ္။
ဘရိုင္တန္အသင္းမွာ အစ္ကြီအယ္ဒီရိုနဲ႔ ဝါတန္တို႔က ဒဏ္ရာရေနၿပီး ခ်ဲလ္ဆီးအသင္းမွာ ဇီးယက္ခ်္နဲ႔ ခ်ီဝဲလ္တို႔ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ေနရသလို ေဆးလ္ဗားက ႀကံ့ခိုင္မႈ မျပည့္၀ေသးပါဘူး။ အက္ပလီက်ဴတာနဲ႔ ပူလီဆစ္တို႔က ေပါင္ၿခံဒဏ္ရာရေနၿပီး ကိုဗာဆစ္ကို ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ခ်ဲလ္ဆီးအသင္းက အေဝးကြင္းမွာ အနိုင္ရဖို႔ ၈၀% အထိ ရွိေနၿပီး ၁-၂ ေလာက္နဲ႔ ခ်ဲလ္ဆီး အနိုင္ရသြားနိုင္ပါတယ္။