မက်ဆီနဲ့ ရော်နယ်ဒိုတို့ မပါဝင်တဲ့ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား သုံးဦး ဆန်ကာတင်စာရင်း

0
662

 

ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမား အဖြစ် ဆန်ကာတင်ကစားသမား သုံးဦး ထွက်ပေါ်လာခဲ့ပြီး ဘာစီလိုနာအသင်းက မက်ဆီနဲ့ ဂျူဗင်တပ်စ်အသင်းက ရော်နယ်ဒိုတို့ ပါဝင်ခြင်း မရှိခဲ့ပါဘူး။ ယခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံးကစားသမားစာရင်းမှာ ဘိုင်ယန်မြူးနစ်အသင်းက လီဝမ်ဒေါ့စကီ၊ နူအာနဲ့ မန်စီးတီးအသင်းက ဒီဘလိုင်းတို့ သုံးဦးကို ရွေးချယ်ထားပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးဟာ ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးကစားသမား စာရင်းမှာ ပထမဆုံးအကြိမ် မပါဝင်ခဲ့တာ ဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား သုံးဦးစာရင်းမှာလည်း ပါဝင်အောင် မပြုလုပ်နိုင်ခဲ့ပါဘူး။

မက်ဆီဟာ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ၂၀၁၀-၁၁ ခုနှစ်နဲ့ ၂၀၁၄-၁၅ ခုနှစ်တွေမှာ ရရှိခဲ့သလို ၁၀ နှစ်တာ ကာလအတွင်းမှာ အကောင်းဆုံးကစားသမား ဆန်ကာတင်စာရင်းမှာ ခြောက်ကြိမ် ပါဝင်ခဲ့ပါတယ်။ ရော်နယ်ဒိုက ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရီးရဲလ်မက်ဒရစ်အသင်းမှာ ရှိခဲ့တဲ့ ၂၀၁၃-၁၄ ခုနှစ်၊ ၂၀၁၅-၁၆ ခုနှစ်နဲ့ ၂၀၁၆-၁၇ ခုနှစ်တွေမှာ သုံးကြိမ် ရရှိခဲ့သလို အကောင်းဆုံးကစားသမား ဆန်ကာတင် စာရင်းမှာ ကိုးကြိမ် ပါဝင်ခဲ့ပါတယ်။ ၂၀၁၇-၁၈ ခုနှစ် ဘောလုံးရာသီမှာ အကောင်းဆုံးကစားသမား ဒုတိယဆုကို ရရှိခဲ့ပြီး တတိယနေရာမှာ ငါးကြိမ် ရပ်တည်နိုင်ခဲ့ပါတယ်။

140

ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ လိုင်ယွန်အသင်းကို ရှုံးခဲ့ရသလို မက်ဆီရဲ့ ဘာစီလိုနာအသင်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ၈-၂ နဲ့ ထိတ်လန့်ဖွယ် ကောင်းအောင် ရှုံးခဲ့ပါတယ်။ ၎င်းတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ သွင်းဂိုး သုံးဂိုးစီသာ သွင်းယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်မှူး လီဝမ်ဒေါ့စကီးရဲ့ သွင်းဂိုးနောက် ၁၅ ဂိုးအထိ ကွာဟခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက ယခုနှစ်ရဲ့ ယူအီးအက်ဖ်အေ အကောင်းဆုံးကစာသမား အဖြစ် ရေပန်းစားနေသူ ဖြစ်ပြီး ဆုပေးပွဲကို အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပြီး ချန်ပီယံလိဂ် အုပ်စု ခွဲဝေမှုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လီဝမ်ဒေါ့စကီးနဲ့အတူ ဆန်ကာတင်စာရင်းမှာ ပါဝင်တဲ့ နူအာက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒက်စ်လီဂါဖလား၊ ဂျာမန်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။

139            မန်စီးတီးကစားသမား ဒီဘလိုင်းက ဆန်ကာတင် သုံးဦးစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်မှာ လိုင်ယွန်အသင်းကို ရှုံးခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ်အသင်းကို လက်ထဲပေးလိုက်ရပါ တယ်။ တစ်နှစ်တာ အကောင်းဆုံး နည်းပြစာရင်းမှာ ဘိုင်ယန်မြူးနစ်နည်းပြ ဖလစ်၊ လီဗာပူးလ်နည်းပြ ကလော့ပ် နဲ့ လိုက်ပ်ဇစ်နည်းပြ နာဂျယ်မန်တို့ ပါဝင်နေပါတယ်။

Zawgyi

မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ မပါဝင္တဲ့ ယူအီးအက္ဖ္ေအရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမား သုံးဦး ဆန္ကာတင္စာရင္း

ယူအီးအက္ဖ္ေအရဲ့ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမား အျဖစ္ ဆန္ကာတင္ကစားသမား သုံးဦး ထြက္ေပၚလာခဲ့ၿပီး ဘာစီလိုနာအသင္းက မက္ဆီနဲ႔ ဂ်ဴဗင္တပ္စ္အသင္းက ေရာ္နယ္ဒိုတို႔ ပါဝင္ျခင္း မရွိခဲ့ပါဘူး။ ယခုႏွစ္အတြက္ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားစာရင္းမွာ ဘိုင္ယန္ျမဴးနစ္အသင္းက လီဝမ္ေဒါ့စကီ၊ ႏူအာနဲ႔ မန္စီးတီးအသင္းက ဒီဘလိုင္းတို႔ သုံးဦးကို ေရြးခ်ယ္ထားပါတယ္။
မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ ႏွစ္ဦးဟာ ယူအီးအက္ဖ္ေအ တစ္ႏွစ္တာအေကာင္းဆုံးကစားသမား စာရင္းမွာ ပထမဆုံးအႀကိမ္ မပါဝင္ခဲ့တာ ျဖစ္သလို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ့ အေကာင္းဆုံးကစားသမား သုံးဦးစာရင္းမွာလည္း ပါဝင္ေအာင္ မျပဳလုပ္နိုင္ခဲ့ပါဘူး။
မက္ဆီဟာ ယူအီးအက္ဖ္ေအရဲ့ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုကို ၂၀၁၀-၁၁ ခုႏွစ္နဲ႔ ၂၀၁၄-၁၅ ခုႏွစ္ေတြမွာ ရရွိခဲ့သလို ၁၀ ႏွစ္တာ ကာလအတြင္းမွာ အေကာင္းဆုံးကစားသမား ဆန္ကာတင္စာရင္းမွာ ေျခာက္ႀကိမ္ ပါဝင္ခဲ့ပါတယ္။ ေရာ္နယ္ဒိုက ယူအီးအက္ဖ္ေအ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုကို ရီးရဲလ္မက္ဒရစ္အသင္းမွာ ရွိခဲ့တဲ့ ၂၀၁၃-၁၄ ခုႏွစ္၊ ၂၀၁၅-၁၆ ခုႏွစ္နဲ႔ ၂၀၁၆-၁၇ ခုႏွစ္ေတြမွာ သုံးႀကိမ္ ရရွိခဲ့သလို အေကာင္းဆုံးကစားသမား ဆန္ကာတင္ စာရင္းမွာ ကိုးႀကိမ္ ပါဝင္ခဲ့ပါတယ္။ ၂၀၁၇-၁၈ ခုႏွစ္ ေဘာလုံးရာသီမွာ အေကာင္းဆုံးကစားသမား ဒုတိယဆုကို ရရွိခဲ့ၿပီး တတိယေနရာမွာ ငါးႀကိမ္ ရပ္တည္နိုင္ခဲ့ပါတယ္။
ေရာ္နယ္ဒိုရဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ လိုင္ယြန္အသင္းကို ရႈံးခဲ့ရသလို မက္ဆီရဲ့ ဘာစီလိုနာအသင္းက ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ ဘိုင္ယန္ျမဴးနစ္ကို ၈-၂ နဲ႔ ထိတ္လန႔္ဖြယ္ ေကာင္းေအာင္ ရႈံးခဲ့ပါတယ္။ ၎တို႔ ႏွစ္ဦးဟာ ၿပီးခဲ့တဲ့ႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ သြင္းဂိုး သုံးဂိုးစီသာ သြင္းယူနိုင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ရဲ့ တိုက္စစ္မႉး လီဝမ္ေဒါ့စကီးရဲ့ သြင္းဂိုးေနာက္ ၁၅ ဂိုးအထိ ကြာဟခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝမ္ေဒါ့စကီးက ယခုႏွစ္ရဲ့ ယူအီးအက္ဖ္ေအ အေကာင္းဆုံးကစာသမား အျဖစ္ ေရပန္းစားေနသူ ျဖစ္ၿပီး ဆုေပးပြဲကို ေအာက္တိုဘာ ၁ ရက္ေန႔မွာ က်င္းပသြားမွာ ျဖစ္ၿပီး ခ်န္ပီယံလိဂ္ အုပ္စု ခြဲေဝမႈလည္း ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ လီဝမ္ေဒါ့စကီးနဲ႔အတူ ဆန္ကာတင္စာရင္းမွာ ပါဝင္တဲ့ ႏူအာက ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ဘြန္ဒက္စ္လီဂါဖလား၊ ဂ်ာမန္ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားေတြ ရယူနိုင္ခဲ့ပါတယ္။
မန္စီးတီးကစားသမား ဒီဘလိုင္းက ဆန္ကာတင္ သုံးဦးစာရင္းမွာ ပါဝင္ခဲ့ေပမဲ့ ခ်န္ပီယံလိဂ္ကြာတား ဖိုင္နယ္မွာ လိုင္ယြန္အသင္းကို ရႈံးခဲ့ၿပီး ပရီးမီးယားလိဂ္ဖလားကို လီဗာပူးလ္အသင္းကို လက္ထဲေပးလိုက္ရပါ တယ္။ တစ္ႏွစ္တာ အေကာင္းဆုံး နည္းျပစာရင္းမွာ ဘိုင္ယန္ျမဴးနစ္နည္းၿပ ဖလစ္၊ လီဗာပူးလ္နည္းၿပ ကေလာ့ပ္ နဲ႔ လိုက္ပ္ဇစ္နည္းၿပ နာဂ်ယ္မန္တို႔ ပါဝင္ေနပါတယ္။