မက်ဆီ ဘာတွေစဉ်းစားနေတယ်ဆိုတာ ထုတ်ပြောလိုက်တဲ့ ဖခင်

0
649

ဘာစီလိုနာအသင်း အဓိက တိုက်စစ်မှူး မက်ဆီဟာ အသင်းကနေရုတ်တရက် ထွက်ခွာဖို့ စဉ်းစားတာထက် စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်နေသွားဖို့ တွေးထားတယ်လို့ သူ့ရဲ့ဖခင်ဖြစ်သူက အတည်ပြု ထုတ်ပြော လိုက်ပါတယ်။ ဘလွန်းဒီအော်ဆု ၆ ဆုရှင် မက်ဆီဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ စိတ်ပျက်စရာတွေနဲ့ ကြုံ ခဲ့ရပြီးနောက် နူးကမ့်ကနေ ထွက်ခွာဖို့ဆန္ဒရှိတယ်လို့ အသိပေးထားခဲ့တာပါ။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ရာသီမှာ လာလီဂါဆုဖလားကို အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ထံ လက်လွှဲပေးခဲ့ရသ လို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲမှာလည်း ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ ဂိုးနဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ရပါသေးတယ်။ မက်ဆီဟာ စာချုပ်ပါအချက်အရ ရာသီကုန်တိုင်းမှာ ကိုယ့်သဘောနဲ့ကိုယ် အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့်ရှိထားသူဖြစ်ပေမဲ့ အဲဒီအချက်ကို ချက်ချင်းလက်ငင်း မရွေးချယ်ရသေး ပါဘူး။

အစောပိုင်းသတင်းတွေအရ မက်ဆီဟာ ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းကို ပြောင်းရွှေ့သွား နိုင်တယ်လို့ သိရပေမဲ့ မက်ဆီရဲ့ဖခင်ဖြစ်သူ ဂျော့မက်ဆီကတော့ ဘာစီလိုနာဟာ နောက်တစ်ဆင့်ဆွေးနွေးမှု ပြုလုပ်ဖို့ စီစဉ်နေပြီး သားဖြစ်သူဟာလည်း ၂၀၂၁ ရာသီမကုန်ခင်အထိ ဘာစီလိုနာအသင်းမှာ ဆက်နေသွားဖို့ ရှိတယ်လို့ ထုတ်ပြောလိုက်တာဖြစ်ပါတယ်။

(zawgyi)

မက္ဆီ ဘာေတြစဥ္းစားေနတယ္ဆုိတာ ထုတ္ေျပာလိုက္တဲ့ ဖခင္

ဘာစီလိုနာအသင္း အဓိက တိုက္စစ္မွဴး မက္ဆီဟာ အသင္းကေနရုတ္တရက္ ထြက္ခြာဖို႔ စဥ္းစားတာထက္ စာခ်ဳပ္သက္တမ္းကုန္တဲ့အထိ ဆက္ေနသြားဖို႔ ေတြးထားတယ္လို႔ သူ႕ရဲ႕ဖခင္ျဖစ္သူက အတည္ျပဳ ထုတ္ေျပာ လိုက္ပါတယ္။ ဘလြန္းဒီေအာ္ဆု ၆ ဆုရွင္ မက္ဆီဟာ ၂၀၁၉-၂၀ ေဘာလုံးရာသီမွာ စိတ္ပ်က္စရာေတြနဲ႔ ႀကဳံ ခဲ့ရၿပီးေနာက္ ႏူးကမ့္ကေန ထြက္ခြာဖို႔ဆႏၵရွိတယ္လို႔ အသိေပးထားခဲ့တာပါ။

ဘာစီလုိနာဟာ ၿပီးခဲ့တဲ့ရာသီမွာ လာလီဂါဆုဖလားကို အဓိကၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္ထံ လက္လႊဲေပးခဲ့ရသ လို ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲမွာလည္း ဘိုင္ယန္ျမဴးနစ္အသင္းကို ၈-၂ ဂိုးနဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့ရပါေသးတယ္။ မက္ဆီဟာ စာခ်ဳပ္ပါအခ်က္အရ ရာသီကုန္တိုင္းမွာ ကိုယ့္သေဘာနဲ႔ကိုယ္ အလြတ္ ေျပာင္းေရႊ႕ေၾကးနဲ႔ အသင္းေျပာင္းခြင့္ရွိထားသူျဖစ္ေပမဲ့ အဲဒီအခ်က္ကို ခ်က္ခ်င္းလက္ငင္း မေရြးခ်ယ္ရေသး ပါဘူး။

အေစာပိုင္းသတင္းေတြအရ မက္ဆီဟာ ပရီးမီးယားလိဂ္ထိပ္သီးကလပ္ မန္စီးတီးအသင္းကို ေျပာင္းေရႊ႕သြား ႏုိင္တယ္လို႔ သိရေပမဲ့ မက္ဆီရဲ႕ဖခင္ျဖစ္သူ ေဂ်ာ့မက္ဆီကေတာ့ ဘာစီလိုနာဟာ ေနာက္တစ္ဆင့္ေဆြးေႏြးမႈ ျပဳလုပ္ဖို႔ စီစဥ္ေနၿပီး သားျဖစ္သူဟာလည္း ၂၀၂၁ ရာသီမကုန္ခင္အထိ ဘာစီလိုနာအသင္းမွာ ဆက္ေနသြားဖို႔ ရွိတယ္လို႔ ထုတ္ေျပာလိုက္တာျဖစ္ပါတယ္။