မက်ဆီ အသင်းကနေ ထွက်ခွာလိုတဲ့ အကြောင်းဟာ ကလပ်နဲ့ မက်ဆီကြားက သဘောထားကွဲလွဲမှုဖြစ်ပြီး ၎င်းနဲ့ ဘာပြဿနာမှ မရှိကြောင်း ကိုးမန်း ပြောကြား

0
233

 

ယခုနှစ် နွေရာသီမှာ မက်ဆီက ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေခြင်းဟာ ၎င်းအသင်းကို ရောက်ရှိလာခြင်းကြောင့် မဟုတ်ဘဲ အသင်းနဲ့ မက်ဆီကြားက သဘောထားကွဲလွဲမှုသာကြောင်း ကိုးမန်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မက်ဆီက အသင်းကနေ ထွက်ခွာသွားလိုကြောင်း ဖက်ပို့ပြီး တောင်းဆို လိုက်ခြင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းရဲ့ ကစားပုံဟာ အားနည်းချက်တွေ ရှိခဲ့လို့ ထွက်ခွာလိုတာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုးမန်းက “ ကွျန်တော်က အသင်းမှာ အကျိုးအကြောင်းသင့်အောင် ဖြတ်သန်းနေတယ်။ ဒီအရာကလည်း မက်ဆီနဲ့ အသင်းကြားက သဘောထားကွဲလွဲမှု တစ်ခုသာဖြစ်တယ်။ ကွျန်တော်စရောက် ကတည်းက မက်ဆီနဲ့ စကားပြောခဲ့တာ ရှိသလို ကွျန်တော်တို့က နေသားတကျပဲ ဆက်လက်သွားရပါလိမ့်မယ် ” လို့ ပြောပါတယ်။ ကိုးမန်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လက အသင်းမန်နေဂျာ ဆက်တီယမ်ကို ထုတ်ပယ်ပြီးနောက်မှာ နှစ်နှစ် စာချုပ်နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် မက်ဆီက အသင်းက ထွက်ခွာဖို့ သတင်းတွေထွက်ချိန်မှာ ၎င်းကို မန်စီးတီး အသင်းက ခေါ်ယူဖို့ ဖြစ်ပေါ်လာပါတယ်။ ဒါပေမဲ့ မက်ဆီက အသင်းနဲ့ ၂၀၂၀-၂၁ ခုနှစ် ဘောလုံးရာသီပြီးဆုံးချိန် အထိ စာချုပ်သက်တမ်း ကျန်ရှိနေလို့ အသင်းက ထွက်ခွာခွင့်ပိတ်ဆို့ထားသလို ၎င်းရဲ့ အသင်းပြောင်းရွှေ့ကြေး ကလည်း များပြားနေတဲ့အတွက် အသင်းမှာ ဆက်လက်ရှိနေမယ်ဆိုပြီး မက်ဆီက ပြောထားပါတယ်။

မက်ဆီက “ ကွျန်တော်က အသင်းကနေ ထွက်ခွာဖို့ ဆက်လက်ပြုလုပ်နေတယ်။ အသင်းဥက္ကဋ္ဌက ကွျန်တော်အသင်းက ထွက်ခွာချင်ရင် နည်းလမ်းတစ်ခုက ပြောင်းရွှေ့ကြေးပေါင် ၆၂၅ သန်း ပေးရမယ်ပေါ့။ ဒါက မဖြစ်နိုင်တဲ့အရာ ဖြစ်နေတယ်။ နောက်တစ်ခု ကွျန်တော်က ဘာစီလိုနာအသင်းနဲ့ စကားအချေအတင်ပြော မနေချင်ဘူး။ ဘာစီလိုနာအသင်းနဲ့ ဘာကြောင့် စကားအချေအတင်မပြောလိုတာလဲဆိုရင် ကွျန်တော်က အသင်းကို ချစ်လို့ပါ။ အသင်းဥက္ကဋ္ဌကလည်း ဒီနှစ် ဘောလုံးရာသီပြီးဆုံးမှာ ပြောင်းရွှေ့ဖို့ကို ဆုံးဖြတ်ဖို့ ပြောခဲ့ပါတယ်။ တကယ်လို့ ကွျန်တော်က အသင်းမှာ ဆက်နေချင်လား၊ အသင်းကနေ ထွက်သွားလိုလားဆိုတာ က အဆုံးသတ်ချိန်ရောက်လာရင်တော့ ဒီစကားတွေကို သူပြောလို့ မရတော့ပါဘူး ” လို့ ပြောပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လာလီဂါဖလားကို ရီးရဲလ်မက်ဒရစ်အသင်းဆီ လွဲပြောင်းပေးလိုက်ရသလို ချန်ပီယံလိဂ်ကွားတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ နဲ့ ကြီးမားတဲ့ အရှုံး တစ်ခုအဖြစ် ရှုံးခဲ့ရပါတယ်။

Zawgyi

မက္ဆီ အသင္းကေန ထြက္ခြာလိုတဲ့ အေၾကာင္းဟာ ကလပ္နဲ႔ မက္ဆီၾကားက သေဘာထားကြဲလြဲမႈျဖစ္ၿပီး ၎နဲ႔ ဘာျပႆနာမွ မရွိေၾကာင္း ကိုးမန္း ေျပာၾကား

ယခုႏွစ္ ေႏြရာသီမွာ မက္ဆီက ဘာစီလိုနာအသင္းကေန ထြက္ခြာဖို႔ ႀကိဳးစားေနျခင္းဟာ ၎အသင္းကို ေရာက္ရွိလာျခင္းေၾကာင့္ မဟုတ္ဘဲ အသင္းနဲ႔ မက္ဆီၾကားက သေဘာထားကြဲလြဲမႈသာေၾကာင္း ကိုးမန္းက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ မက္ဆီက အသင္းကေန ထြက္ခြာသြားလိုေၾကာင္း ဖက္ပို႔ၿပီး ေတာင္းဆို လိုက္ျခင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက အသင္းရဲ့ ကစားပုံဟာ အားနည္းခ်က္ေတြ ရွိခဲ့လို႔ ထြက္ခြာလိုတာ ျဖစ္တယ္လို႔ သိရပါတယ္။
ကိုးမန္းက “ ကြ်န္ေတာ္က အသင္းမွာ အက်ိဳးအေၾကာင္းသင့္ေအာင္ ျဖတ္သန္းေနတယ္။ ဒီအရာကလည္း မက္ဆီနဲ႔ အသင္းၾကားက သေဘာထားကြဲလြဲမႈ တစ္ခုသာျဖစ္တယ္။ ကြ်န္ေတာ္စေရာက္ ကတည္းက မက္ဆီနဲ႔ စကားေျပာခဲ့တာ ရွိသလို ကြ်န္ေတာ္တို႔က ေနသားတက်ပဲ ဆက္လက္သြားရပါလိမ့္မယ္ ” လို႔ ေျပာပါတယ္။ ကိုးမန္းဟာ ၿပီးခဲ့တဲ့ ဩဂုတ္လက အသင္းမန္ေနဂ်ာ ဆက္တီယမ္ကို ထုတ္ပယ္ၿပီးေနာက္မွာ ႏွစ္ႏွစ္ စာခ်ဳပ္နဲ႔ ေရာက္ရွိလာတာ ျဖစ္ပါတယ္။
အသက္ ၃၃ ႏွစ္အရြယ္ မက္ဆီက အသင္းက ထြက္ခြာဖို႔ သတင္းေတြထြက္ခ်ိန္မွာ ၎ကို မန္စီးတီး အသင္းက ေခၚယူဖို႔ ျဖစ္ေပၚလာပါတယ္။ ဒါေပမဲ့ မက္ဆီက အသင္းနဲ႔ ၂၀၂၀-၂၁ ခုႏွစ္ ေဘာလုံးရာသီၿပီးဆုံးခ်ိန္ အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနလို႔ အသင္းက ထြက္ခြာခြင့္ပိတ္ဆို႔ထားသလို ၎ရဲ့ အသင္းေျပာင္းေရႊ႕ေၾကး ကလည္း မ်ားျပားေနတဲ့အတြက္ အသင္းမွာ ဆက္လက္ရွိေနမယ္ဆိုၿပီး မက္ဆီက ေျပာထားပါတယ္။
မက္ဆီက “ ကြ်န္ေတာ္က အသင္းကေန ထြက္ခြာဖို႔ ဆက္လက္ျပဳလုပ္ေနတယ္။ အသင္းဥကၠ႒က ကြ်န္ေတာ္အသင္းက ထြက္ခြာခ်င္ရင္ နည္းလမ္းတစ္ခုက ေျပာင္းေရႊ႕ေၾကးေပါင္ ၆၂၅ သန္း ေပးရမယ္ေပါ့။ ဒါက မျဖစ္နိုင္တဲ့အရာ ျဖစ္ေနတယ္။ ေနာက္တစ္ခု ကြ်န္ေတာ္က ဘာစီလိုနာအသင္းနဲ႔ စကားအေခ်အတင္ေျပာ မေနခ်င္ဘူး။ ဘာစီလိုနာအသင္းနဲ႔ ဘာေၾကာင့္ စကားအေခ်အတင္မေျပာလိုတာလဲဆိုရင္ ကြ်န္ေတာ္က အသင္းကို ခ်စ္လို႔ပါ။ အသင္းဥကၠ႒ကလည္း ဒီႏွစ္ ေဘာလုံးရာသီၿပီးဆုံးမွာ ေျပာင္းေရႊ႕ဖို႔ကို ဆုံးျဖတ္ဖို႔ ေျပာခဲ့ပါတယ္။ တကယ္လို႔ ကြ်န္ေတာ္က အသင္းမွာ ဆက္ေနခ်င္လား၊ အသင္းကေန ထြက္သြားလိုလားဆိုတာ က အဆုံးသတ္ခ်ိန္ေရာက္လာရင္ေတာ့ ဒီစကားေတြကို သူေျပာလို႔ မရေတာ့ပါဘူး ” လို႔ ေျပာပါတယ္။
ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက လာလီဂါဖလားကို ရီးရဲလ္မက္ဒရစ္အသင္းဆီ လြဲေျပာင္းေပးလိုက္ရသလို ခ်န္ပီယံလိဂ္ကြားတားဖိုင္နယ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းကို ၈-၂ နဲ႔ ႀကီးမားတဲ့ အရႈံး တစ္ခုအျဖစ္ ရႈံးခဲ့ရပါတယ္။