“ မင်းက မပျော်ရွှင်တဲ့အချိန်ခါမှာ မင်းရဲ့ အဆင့်မြင့်ခြေစွမ်းတွေနဲ့ ကစားသွားဖို့ ခက်ခဲစေမှာပါ ” စပါးလ်ရောက် ဂါရတ်ဘေးလ်ရဲ့ ခံစားမှု

0
246

 

ရီးရဲလ်မက်ဒရစ်အသင်းမှာ တတ်ကြွတဲ့ ခံစားမှုတွေမရခဲ့တဲ့နောက် ဂါရတ်ဘေးလ်က အသင်းဟောင်း စပါးလ်အသင်းနဲ့ အငှားကစားသမားအဖြစ် ပြန်လည်လက်တွဲလိုက်ပါတယ်။ ၎င်းက ကစားသမားတစ်ယောက်က မပျော်ရွှင်ရတဲ့ အချိန်တွေနဲ့ ကြုံရတဲ့အခါမှာ ၎င်းရဲ့ မြင့်မားတဲ့ ခြေစွမ်းကို ထုတ်ဖော်ပြသဖို့ ခက်ခဲစေတယ်လို့ ဆိုပါတယ်။

ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က စပါးလ်အသင်းကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ၎င်း စပါးလ်အသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ရောက်ရှိခဲ့ပေမဲ့ နိုင်ငံပွဲ အတွက်ကစားရင်း ဒူးဒဏ်ရာဖြစ်ပေါ်ခဲ့လို့ စပါးလ်အသင်းနဲ့ ပါဝင်ခွင့်မရသေးဘဲ ဖြစ်နေပါတယ်။

ဘေးလ်က “ ကွျန်တော် နှလုံးသားထဲက ချစ်ရတဲ့ အသင်းကို ပြန်လာတော့ ပျော်ရွှင်ရပါတယ်။ ဒီအသင်းမှာ ကြီးမားတဲ့ အမှတ်ရစရာတွေလည်း ရှိခဲ့သလို ပျော်ရွှင်မှုတွေနဲ့အတူ ယုံကြည်ချက်တွေလည်း ရရှိနေတယ်လို့ ခံစားရတယ်။ ကွျန်တော့်ရဲ့ စွမ်းအားတွေလည်း မြင့်မားနေပါတယ်။ ဒီအချိန်ကတော့ ပြောင်းလဲမှု အတွက် ဖြစ်နေပါပြီ။ ကွျန်တော်က ပြောင်းလဲမှုတွေကို အလိုရှိပေမဲ့ ဒီကာလမှာ အခြေခံအရာတွေ မရှိဘဲ ဖြစ်နေတယ်။ ဒီအသင်းမှာ ကွျန်တော်ဘာလဲဆိုတာတွေ များစွာရှိခဲ့တယ်။ ကွျန်တော့်ကို ကွျန်တော့်ရဲ့ အခွင့်အရေးတွေ ပေးခဲ့တယ်။ ကွျန်တော်ထွက်ခွာခဲ့ပေမဲ့ အချိန်အခါကောင်းတစ်ခုမှာ ပြန်လာခဲ့တယ်။ အသင်းကတော့ မြင့်မားတဲ့ ဦးတည်ချက်တွေနဲ့ ဆက်လက်သွားနေဆဲ ဖြစ်တယ်လို့ ကွျန်တော်ခံစားမိတယ်။ ကွျန်တော်ကလည်း ဒီလို အစိတ်အပိုင်းတစ်ခုမှာ ပါဝင်လိုခဲ့တယ် ” လို့ ပြောပါတယ်။

ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ခုနစ်နှစ်တာ ကာလအတွင်းမှာ ချန်ပီယံလိဂ်ဖလား လေးကြိမ်၊ လာလီဂါဖလား နှစ်ကြိမ်အပါအဝင် ဖလား ၁၃ လုံးရယူနိုင်ခဲ့ပါတယ်။ ဘေးလ်ဟာ အောင်မြင်တွေ ရရှိခဲ့ပေမဲ့ အသင်းရဲ့ စပိန်ပရိသတ်တွေကို ကျော်လွန်နိုင်ဖို့ ရုန်းကန်နေရပြီး အသင်းကနေ ထွက်ခွာဖို့ ဖြစ်ပေါ်စေခဲ့ပါတယ်။

174

ဆက်လက်ပြီး ၎င်းက “ ကွျန်တော်ရဲ့ ဘောလုံးကစားခြင်းမှာ ပျော်ရွှင်မှုတစ်ခုထဲကိုပဲ လိုချင်တယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကာလတချို့မှာ ကွျန်တော် ထိုင်းမှိုင်းစေခဲ့တာတွေကို အားလုံးသောလူတွေ မြင်တွေ့ကြမယ်လို့ ကွျန်တော်ထင်ပါတယ်။ မင်းက မပျော်ရွှင်တဲ့အခါမှာ မင်းရဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ဖော် ကစားဖို့ ခက်ခဲစေမှာပါ။ ကွျန်တော်က အရမ်းကို အေးအေးဆေးဆေးနေတတ်သူပါ။ ပုံမှန်အားဖြင့်တော့ ကွျန်တော်ကိုယ် ကွျန်တော် ထိန်းထားနိုင်အောင် ကြိုးစားခဲ့ပါတယ်။ မီဒီယာတွေရဲ့ ကင်မရာတွေရဲ့ အဝေးမှာ ရှောင်နေတတ်တယ်။ ဒီလိုအရာတွေက သူတို့တွေအတွက် မနှစ်သက်စရာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ” လို့ ဆိုပါတယ်။

၎င်းက စပါးလ်ကို ရောက်ရှိခဲ့ပြီးနောက် ပထမဆုံးပွဲမှာ ပရိသတ်ဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့ချင်ပေမဲ့ ကွင်းပိတ်ကစားရမှာ ဖြစ်လို့ စိတ်မကောင်းဖြစ်ရကြောင်း၊ ၎င်းကို မယုံကြည်နိုင်လောက်အောင် အားပေးခဲ့ကြတဲ့ ပရိသတ်တွေလည်း လေးစားနေကြောင်း ပြောကြားလိုက်ပါတယ်။

Zawgyi

“ မင္းက မေပ်ာ္ရႊင္တဲ့အခ်ိန္ခါမွာ မင္းရဲ့ အဆင့္ျမင့္ေျခစြမ္းေတြနဲ႔ ကစားသြားဖို႔ ခက္ခဲေစမွာပါ ” စပါးလ္ေရာက္ ဂါရတ္ေဘးလ္ရဲ့ ခံစားမႈ

ရီးရဲလ္မက္ဒရစ္အသင္းမွာ တတ္ႂကြတဲ့ ခံစားမႈေတြမရခဲ့တဲ့ေနာက္ ဂါရတ္ေဘးလ္က အသင္းေဟာင္း စပါးလ္အသင္းနဲ႔ အငွားကစားသမားအျဖစ္ ျပန္လည္လက္တြဲလိုက္ပါတယ္။ ၎က ကစားသမားတစ္ေယာက္က မေပ်ာ္ရႊင္ရတဲ့ အခ်ိန္ေတြနဲ႔ ၾကဳံရတဲ့အခါမွာ ၎ရဲ့ ျမင့္မားတဲ့ ေျခစြမ္းကို ထုတ္ေဖာ္ျပသဖို႔ ခက္ခဲေစတယ္လို႔ ဆိုပါတယ္။
ေဘးလ္ဟာ ၂၀၁၃ ခုႏွစ္က စပါးလ္အသင္းကေန ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ရီးရဲလ္မက္ဒရစ္ အသင္းကို ေရာက္ရွိခဲ့သူ ျဖစ္ပါတယ္။ ၎ စပါးလ္အသင္းကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေရာက္ရွိခဲ့ေပမဲ့ နိုင္ငံပြဲ အတြက္ကစားရင္း ဒူးဒဏ္ရာျဖစ္ေပၚခဲ့လို႔ စပါးလ္အသင္းနဲ႔ ပါဝင္ခြင့္မရေသးဘဲ ျဖစ္ေနပါတယ္။
ေဘးလ္က “ ကြ်န္ေတာ္ ႏွလုံးသားထဲက ခ်စ္ရတဲ့ အသင္းကို ျပန္လာေတာ့ ေပ်ာ္ရႊင္ရပါတယ္။ ဒီအသင္းမွာ ႀကီးမားတဲ့ အမွတ္ရစရာေတြလည္း ရွိခဲ့သလို ေပ်ာ္ရႊင္မႈေတြနဲ႔အတူ ယုံၾကည္ခ်က္ေတြလည္း ရရွိေနတယ္လို႔ ခံစားရတယ္။ ကြ်န္ေတာ့္ရဲ့ စြမ္းအားေတြလည္း ျမင့္မားေနပါတယ္။ ဒီအခ်ိန္ကေတာ့ ေျပာင္းလဲမႈ အတြက္ ျဖစ္ေနပါၿပီ။ ကြ်န္ေတာ္က ေျပာင္းလဲမႈေတြကို အလိုရွိေပမဲ့ ဒီကာလမွာ အေျခခံအရာေတြ မရွိဘဲ ျဖစ္ေနတယ္။ ဒီအသင္းမွာ ကြ်န္ေတာ္ဘာလဲဆိုတာေတြ မ်ားစြာရွိခဲ့တယ္။ ကြ်န္ေတာ့္ကို ကြ်န္ေတာ့္ရဲ့ အခြင့္အေရးေတြ ေပးခဲ့တယ္။ ကြ်န္ေတာ္ထြက္ခြာခဲ့ေပမဲ့ အခ်ိန္အခါေကာင္းတစ္ခုမွာ ျပန္လာခဲ့တယ္။ အသင္းကေတာ့ ျမင့္မားတဲ့ ဦးတည္ခ်က္ေတြနဲ႔ ဆက္လက္သြားေနဆဲ ျဖစ္တယ္လို႔ ကြ်န္ေတာ္ခံစားမိတယ္။ ကြ်န္ေတာ္ကလည္း ဒီလို အစိတ္အပိုင္းတစ္ခုမွာ ပါဝင္လိုခဲ့တယ္ ” လို႔ ေျပာပါတယ္။
ေဘးလ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ခုနစ္ႏွစ္တာ ကာလအတြင္းမွာ ခ်န္ပီယံလိဂ္ဖလား ေလးႀကိမ္၊ လာလီဂါဖလား ႏွစ္ႀကိမ္အပါအဝင္ ဖလား ၁၃ လုံးရယူနိုင္ခဲ့ပါတယ္။ ေဘးလ္ဟာ ေအာင္ျမင္ေတြ ရရွိခဲ့ေပမဲ့ အသင္းရဲ့ စပိန္ပရိသတ္ေတြကို ေက်ာ္လြန္နိုင္ဖို႔ ႐ုန္းကန္ေနရၿပီး အသင္းကေန ထြက္ခြာဖို႔ ျဖစ္ေပၚေစခဲ့ပါတယ္။
ဆက္လက္ၿပီး ၎က “ ကြ်န္ေတာ္ရဲ့ ေဘာလုံးကစားျခင္းမွာ ေပ်ာ္ရႊင္မႈတစ္ခုထဲကိုပဲ လိုခ်င္တယ္။ ရီးရဲလ္မက္ဒရစ္အသင္းရဲ့ ကာလတခ်ိဳ႕မွာ ကြ်န္ေတာ္ ထိုင္းမွိုင္းေစခဲ့တာေတြကို အားလုံးေသာလူေတြ ျမင္ေတြ႕ၾကမယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ မင္းက မေပ်ာ္ရႊင္တဲ့အခါမွာ မင္းရဲ့ ေျခစြမ္းေကာင္းေတြကို ထုတ္ေဖာ္ ကစားဖို႔ ခက္ခဲေစမွာပါ။ ကြ်န္ေတာ္က အရမ္းကို ေအးေအးေဆးေဆးေနတတ္သူပါ။ ပုံမွန္အားျဖင့္ေတာ့ ကြ်န္ေတာ္ကိုယ္ ကြ်န္ေတာ္ ထိန္းထားနိုင္ေအာင္ ႀကိဳးစားခဲ့ပါတယ္။ မီဒီယာေတြရဲ့ ကင္မရာေတြရဲ့ အေဝးမွာ ေရွာင္ေနတတ္တယ္။ ဒီလိုအရာေတြက သူတို႔ေတြအတြက္ မႏွစ္သက္စရာေတြလည္း ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္ ” လို႔ ဆိုပါတယ္။
၎က စပါးလ္ကို ေရာက္ရွိခဲ့ၿပီးေနာက္ ပထမဆုံးပြဲမွာ ပရိသတ္ေဟာင္းေတြနဲ႔ ျပန္လည္ဆုံေတြ႕ခ်င္ေပမဲ့ ကြင္းပိတ္ကစားရမွာ ျဖစ္လို႔ စိတ္မေကာင္းျဖစ္ရေၾကာင္း၊ ၎ကို မယုံၾကည္နိုင္ေလာက္ေအာင္ အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြလည္း ေလးစားေနေၾကာင္း ေျပာၾကားလိုက္ပါတယ္။