မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမား လေးဦးကို ကျော်လွန်ပြီး PFA ဆုကို ရယူသွားတဲ့ အာနိုး

0
353

 

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအသင်း PFA ကနေ ချီးမြှင့်တဲ့ ၂၀၁၉-၂၀ ခုနှစ်အတွက် PFA တစ်နှစ်တာ လူငယ်အကောင်းဆုံးကစားသမားဆုကို ချန်ပီယံလီဗာပူးလ်အသင်းရဲ့ လူငယ်ကစားသမား အာနိုးက ရရှိခဲ့ပါတယ်။ အဆိုပါဆုအတွက် ဆန်ကာတင်စာရင်းမှာ မန်ချက်စတာယူနိုက်တက် ကစားသမားတွေ ဖြစ်တဲ့ ဒိန်း ဟမ်ဒါဆင်၊ ရတ်ဖို့ဒ်၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ ပါဝင်သလို ချဲလ်ဆီးအသင်းက မန်ဆန်မောက်၊ ပူလီဆစ်နဲ့ အဲဗာတန် အသင်းက ဂရီအာလစ်တို့ ပါဝင်ခဲ့ပေမဲ့ အာနိုးက ရရှိခဲ့တာ ဖြစ်ပါတယ်။

အာနိုးက လီဗာပူးလ်အသင်းမှာ ၂၀၀၁ ခုနှစ်က ဂျာရတ်ရရှိခဲ့ပြီးနောက် ပထမဆုံး PFA လူငယ်ကစား သမားဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကတော့ PFA လူငယ်ကစားသမားဆုကို မန်စီးတီး ကစားသမားတွေ ဖြစ်တဲ့ စတားလင်းနဲ့ ဆာနေးတို့က ရရှိခဲ့ကြပါတယ်။

အာနိုးက “ ကွျန်တော့်အတွက် ဆန္ဒပြုရွေးချယ်ပေးကြတဲ့ သူတွေကို ကျေးဇူးများစွာ တင်ရှိပါတယ်။ ဒီအရာက ကွျန်တော့်အတွက်တော့ အကြီးမားဆုံးအရာတစ်ခုကို ရယူနိုင်ခြင်းပါပဲ။ ကွျန်တော် ဘယ်တော့မှ မေ့သွားလိမ့်မှာ မဟုတ်ပါဘူး ” လို့ ပြောပါတယ်။ အာနိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီက ညာတောင်ပံ ခံစစ်ပိုင်းကနေ လေးဂိုးသွင်းယူနိုင်ခဲ့သလို ၁၃ ကြိမ်ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၉-၂၀ ဘောလုံး ရာသီအတွက် ဖန်တီးပေးပို့မှုမှာ မန်စီးတီးကစားသမား ဒီဘလိုင်းက အကြိမ် ၂၀ ရှိခဲ့ပြီး အာနိုးက ၁၃ ကြိမ်နဲ့ ဒုတိယအများဆုံး ဖန်တီးပေးပို့နိုင်သူ ဖြစ်ခဲ့ပါတယ်။ ၎င်းရဲ့ အသင်းနဲ့ပေါင်းစပ်ပါဝင်မှုတွေကြောင့် လီဗာပူးလ် အသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။

အာနိုးဟာ လီဗာပူးလ်အသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် ၁၃၄ ပွဲကစားထားပြီး ချန်ပီယံလိဂ်ဖလား၊ ယူအီးအက်ဖ်အေစူပါဖလားနဲ့ ၂၀၁၉ ကမ္ဘာ့ကလပ်ဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ရဲ့ ကစားသမား ေလးဦးကို ေက်ာ္လြန္ၿပီး PFA ဆုကို ရယူသြားတဲ့ အာနိုး

ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားမ်ားအသင္း PFA ကေန ခ်ီးျမႇင့္တဲ့ ၂၀၁၉-၂၀ ခုႏွစ္အတြက္ PFA တစ္ႏွစ္တာ လူငယ္အေကာင္းဆုံးကစားသမားဆုကို ခ်န္ပီယံလီဗာပူးလ္အသင္းရဲ့ လူငယ္ကစားသမား အာနိုးက ရရွိခဲ့ပါတယ္။ အဆိုပါဆုအတြက္ ဆန္ကာတင္စာရင္းမွာ မန္ခ်က္စတာယူနိုက္တက္ ကစားသမားေတြ ျဖစ္တဲ့ ဒိန္း ဟမ္ဒါဆင္၊ ရတ္ဖို႔ဒ္၊ မာရွယ္နဲ႔ ဂရင္းဝုဒ္တို႔ ပါဝင္သလို ခ်ဲလ္ဆီးအသင္းက မန္ဆန္ေမာက္၊ ပူလီဆစ္နဲ႔ အဲဗာတန္ အသင္းက ဂရီအာလစ္တို႔ ပါဝင္ခဲ့ေပမဲ့ အာနိုးက ရရွိခဲ့တာ ျဖစ္ပါတယ္။
အာနိုးက လီဗာပူးလ္အသင္းမွာ ၂၀၀၁ ခုႏွစ္က ဂ်ာရတ္ရရွိခဲ့ၿပီးေနာက္ ပထမဆုံး PFA လူငယ္ကစား သမားဆုကို ရရွိခဲ့သူ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ကေတာ့ PFA လူငယ္ကစားသမားဆုကို မန္စီးတီး ကစားသမားေတြ ျဖစ္တဲ့ စတားလင္းနဲ႔ ဆာေနးတို႔က ရရွိခဲ့ၾကပါတယ္။
အာနိုးက “ ကြ်န္ေတာ့္အတြက္ ဆႏၵျပဳေရြးခ်ယ္ေပးၾကတဲ့ သူေတြကို ေက်းဇူးမ်ားစြာ တင္ရွိပါတယ္။ ဒီအရာက ကြ်န္ေတာ့္အတြက္ေတာ့ အႀကီးမားဆုံးအရာတစ္ခုကို ရယူနိုင္ျခင္းပါပဲ။ ကြ်န္ေတာ္ ဘယ္ေတာ့မွ ေမ့သြားလိမ့္မွာ မဟုတ္ပါဘူး ” လို႔ ေျပာပါတယ္။ အာနိုးက ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ညာေတာင္ပံ ခံစစ္ပိုင္းကေန ေလးဂိုးသြင္းယူနိုင္ခဲ့သလို ၁၃ ႀကိမ္ဖန္တီးမႈ ျပဳလုပ္နိုင္ခဲ့ပါတယ္။ ၂၀၁၉-၂၀ ေဘာလုံး ရာသီအတြက္ ဖန္တီးေပးပို႔မႈမွာ မန္စီးတီးကစားသမား ဒီဘလိုင္းက အႀကိမ္ ၂၀ ရွိခဲ့ၿပီး အာနိုးက ၁၃ ႀကိမ္နဲ႔ ဒုတိယအမ်ားဆုံး ဖန္တီးေပးပို႔နိုင္သူ ျဖစ္ခဲ့ပါတယ္။ ၎ရဲ့ အသင္းနဲ႔ေပါင္းစပ္ပါဝင္မႈေတြေၾကာင့္ လီဗာပူးလ္ အသင္းဟာ ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ဖလားကို ရယူနိုင္ခဲ့ပါတယ္။
အာနိုးဟာ လီဗာပူးလ္အသင္းနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ၁၃၄ ပြဲကစားထားၿပီး ခ်န္ပီယံလိဂ္ဖလား၊ ယူအီးအက္ဖ္ေအစူပါဖလားနဲ႔ ၂၀၁၉ ကမၻာ့ကလပ္ဖလားေတြကို ရယူနိုင္ခဲ့ပါတယ္။