မန်စီးတီးက တစ်ဂိုးအသာလောက်နဲ့ အနိုင်ယူသွားမှာပါ

0
280

 

ခါလာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ဘန်လေရဲ့ အိမ်ကွင်းပွဲ အဖြစ် ၃၀-၉-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ည ၁၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

မန်စီးတီး ၅ – ၀ ဘန်လေ(ပရီးမီးယားလိဂ်)

ဘန်လေ ၁ – ၄ မန်စီးတီး(ပရီးမီးယားလိဂ်)

ဘန်လေ ၀ – ၁ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၅ – ၀ ဘန်လေ(အက်ဖ်အေဖလား)

မန်စီးတီး ၅ – ၀ ဘန်လေ(ပရီးမီးယားလိဂ်)

ဘန်လေ ၁ – ၁ မန်စီးတီး(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲကစားအပြီး ဘန်လေအသင်းက တစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပြီး မန်စီးတီးအသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲနိုင် တစ်ပွဲရှုံးထားပါတယ်။ မန်စီးတီးအသင်းက ဘန်လေအသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၂၄ ပွဲတွေ့ဆုံအပြီး တစ်ပွဲသာ ရှုံးထားသလို ၁၇ ပွဲနိုင် ခြောက်ပွဲ သရေ ဖြစ်ထားပြီး သွင်းဂိုး ၂၀-၁ ဂိုး ဖြစ်ပေါ်ထားပါတယ်။ ဘန်လေအသင်းက ၂၀၀၈-၀၉ ဘောလုံးရာသီမှာ ၁၆ သင်းအဆင့်မှာ ချဲလ်ဆီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ မန်စီးတီးနဲ့ ဘန်လေက လိဂ်ဖလားပွဲမှာ ၁၉၉၉-၂၀၀၀ ခုနှစ်မှာ တစ်ကြိမ်တွေ့ဆုံထားပြီး မန်စီးတီးက အနိုင်ရထားပါတယ်။

ဘန်လေအသင်းမှာ ဂျက် ကော့ခ်၊ ဘန်မီ၊ ရိုဒရီဂွက်ဇ်တို့က ဒဏ်ရာရနေပြီး မန်စီးတီးအသင်းမှာ ဘာနက်ဒို ဆေးလ်ဗား၊ အဂူရို၊ ကန်ဆယ်လို၊ ဂျီးဆပ်နဲ့ ဘာနာဘီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဘန်လေကွင်းမှာ မန်စီးတီးက အနိုင်ရဖို့ ၈၀% အထိ ရှိနေပြီး သွင်းဂိုး ၂-၁ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

မန္စီးတီးက တစ္ဂိုးအသာေလာက္နဲ႔ အနိုင္ယူသြားမွာပါ

ခါလာေဘာင္းဖလား စတုတၳအဆင့္ပြဲစဥ္အျဖစ္ ဘန္ေလအသင္းနဲ႔ မန္စီးတီးအသင္းတို႔ဟာ ဘန္ေလရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၃၀-၉-၂၀၂၀ ရက္ ဗုဒၶဟူးေန႔ည ၁၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
မန္စီးတီး ၅ – ၀ ဘန္ေလ(ပရီးမီးယားလိဂ္)
ဘန္ေလ ၁ – ၄ မန္စီးတီး(ပရီးမီးယားလိဂ္)
ဘန္ေလ ၀ – ၁ မန္စီးတီး(ပရီးမီးယားလိဂ္)
မန္စီးတီး ၅ – ၀ ဘန္ေလ(အက္ဖ္ေအဖလား)
မန္စီးတီး ၅ – ၀ ဘန္ေလ(ပရီးမီးယားလိဂ္)
ဘန္ေလ ၁ – ၁ မန္စီးတီး(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးငါးပြဲကစားအၿပီး ဘန္ေလအသင္းက တစ္ပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားၿပီး မန္စီးတီးအသင္းက ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးသုံးပြဲမွာ ႏွစ္ပြဲနိုင္ တစ္ပြဲရႈံးထားပါတယ္။ မန္စီးတီးအသင္းက ဘန္ေလအသင္းနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၂၄ ပြဲေတြ႕ဆုံအၿပီး တစ္ပြဲသာ ရႈံးထားသလို ၁၇ ပြဲနိုင္ ေျခာက္ပြဲ သေရ ျဖစ္ထားၿပီး သြင္းဂိုး ၂၀-၁ ဂိုး ျဖစ္ေပၚထားပါတယ္။ ဘန္ေလအသင္းက ၂၀၀၈-၀၉ ေဘာလုံးရာသီမွာ ၁၆ သင္းအဆင့္မွာ ခ်ဲလ္ဆီးအသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အနိုင္ရခဲ့ၿပီး ကြာတားဖိုင္နယ္ကို တက္ေရာက္ခဲ့ပါတယ္။ မန္စီးတီးနဲ႔ ဘန္ေလက လိဂ္ဖလားပြဲမွာ ၁၉၉၉-၂၀၀၀ ခုႏွစ္မွာ တစ္ႀကိမ္ေတြ႕ဆုံထားၿပီး မန္စီးတီးက အနိုင္ရထားပါတယ္။
ဘန္ေလအသင္းမွာ ဂ်က္ ေကာ့ခ္၊ ဘန္မီ၊ ရိုဒရီဂြက္ဇ္တို႔က ဒဏ္ရာရေနၿပီး မန္စီးတီးအသင္းမွာ ဘာနက္ဒို ေဆးလ္ဗား၊ အဂူရို၊ ကန္ဆယ္လို၊ ဂ်ီးဆပ္နဲ႔ ဘာနာဘီတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ဘန္ေလကြင္းမွာ မန္စီးတီးက အနိုင္ရဖို႔ ၈၀% အထိ ရွိေနၿပီး သြင္းဂိုး ၂-၁ ေလာက္ ျဖစ္ေပၚလာနိုင္ပါတယ္။