မိုရာတာကို အငှားစာချုပ်နဲ့ ခေါ်ယူလိုက်တဲ့ ဂျူဗင်တပ်

0
228

အက်သလက်တီကိုတိုက်စစ်မှူးမိုရာတာကို ပေါင် ၉ သန်းတန်တစ်နှစ်အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဂျူဗင်တပ်အသင်းကအတည်ပြုလိုက်ပါတယ်။ နှစ်ဖက်သဘောတူစာချုပ်မှာ အငှားစာချုပ်ပြည့်ရင် ပေါင် ၄၁ သန်းနဲ့ စပိန်တိုက်စစ်မှူးကိုအပြီးသတ်ဝယ်ယူခွင့်ပါရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် နောက်ထပ်ပေါင် ၉ သန်းတန်တစ်နှစ်ငှားခွင့်နဲ့ ၂၀၂၂ မှာ ပေါင် ၃၂ သန်းနဲ့အပြီးသတ်ဝယ်ယူခွင့်လည်းပါရှိတယ်လို့သိရပါတယ်။

ပိုမိုတဲ့အမှတ်ရစရာတွေ၊ ပိုမိုတဲ့နိုင်ပွဲတွေ၊ ပိုမိုတဲ့တေးသံတွေ၊ ပိုမိုတဲ့အလင်းရောင်တွေဆိုတဲ့ စကားလုံးအသုံးအနှုန်းတွေကို မိုရာတာရဲ့မိတ်ဆက်ဗွီဒီယိုမှာ ဂျူဗင်တပ်ကဖေါ်ပြထားပါတယ်။ မိုရာတာဟာ မနှစ်က အက်သလက်အတွက် ၁၂ ဂိုးသွင်းပြီး ၂ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ တူရင်အခြေစိုက်ကလပ်ရဲ့နွေဈေးကွက် အဓိကပစ်မှတ်ကတော့ ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်ဖြစ်ခဲ့တာပါ။ ဥရုဂွေးတိုက်စစ်မှူးကလည်း ဘာစီလိုနာမှာသူ့အတွက်အနာဂတ်မရှိဘူးလို့ နည်းပြသစ်ရော်နယ်ကိုးမန်းဖွင့်ဟလိုက်ချိန်ကတည်းက အသင်းသစ်ရှာနေခဲ့တာပါ။ သူ့ကိုလိုချင်တဲ့ ဂျူဗင်တပ်ဆီပြောင်းရွှေ့ရေးအတွက် ဆေးစစ်မှုအောင်မြင်တဲ့အခြေအနေအထိရှိခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံကူးလက်မှတ်အခက်အခဲကြောင့် ဂျူဗင်တပ်ဟာ ဥရုဂွေးသားကိုလက်လျှော့ခဲ့ပါတယ်။ ဈေးကွက်မပိတ်ခင်အပြောင်းအရွှေ့အပြီးသတ်ချင်နေတဲ့ တူရင်အခြေစိုက်ကလပ်ဟာ ဆွာရက်ဇ်နေရာမှာ အက်သလက်တီကိုတိုက်စစ်မှူးမိုရာတာကို အစားထိုးခေါ်ယူခဲ့တာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်မိုရာတာဟာ ၂၀၁၄ ကနေ ၂၀၁၆ အထိ ဂျူဗင်တပ်မှာကစားခဲ့ပြီး ၁၅ ဂိုးသွင်းပေးနိုင်ခဲ့သလို လက်ရှိနည်းပြပီယာလိုရဲ့အသင်းဖော်လည်းဖြစ်ပါတယ်။

(zawgyi)

မိုရာတာကို အငွားစာခ်ဳပ္နဲ႔ ေခၚယူလိုက္တဲ့ ဂ်ဴဗင္တပ္

အက္သလက္တီကိုတိုက္စစ္မႉးမိုရာတာကို ေပါင္ ၉ သန္းတန္တစ္နွစ္အငွားစာခ်ုပ္နဲ့ ေခၚယူနိုင္ခဲ့ျပီျဖစ္ေျကာင္း ဂ်ူဗင္တပ္အသင္းကအတည္ျပုလိုက္ပါတယ္။ နွစ္ဖက္သေဘာတူစာခ်ုပ္မွာ အငွားစာခ်ုပ္ျပည့္ရင္ ေပါင္ ၄၁ သန္းနဲ့ စပိန္တိုက္စစ္မႉးကိုအျပီးသတ္ဝယ္ယူခြင့္ပါရွိတယ္လို့သိရပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ေပါင္ ၉ သန္းတန္တစ္နွစ္ငွားခြင့္နဲ့ ၂၀၂၂ မွာ ေပါင္ ၃၂ သန္းနဲ့အျပီးသတ္ဝယ္ယူခြင့္လည္းပါရွိတယ္လို့သိရပါတယ္။ ပိုမိုတဲ့အမွတ္ရစရာေတြ၊ ပိုမိုတဲ့နိုင္ပြဲေတြ၊ ပိုမိုတဲ့ေတးသံေတြ၊ ပိုမိုတဲ့အလင္းေရာင္ေတြဆိုတဲ့ စကားလံုးအသံုးအနႈန္းေတြကို မိုရာတာရဲ့မိတ္ဆက္ဗြီဒီယိုမွာ ဂ်ူဗင္တပ္ကေဖၚျပထားပါတယ္။ မိုရာတာဟာ မနွစ္က အက္သလက္အတြက္ ၁၂ ဂိုးသြင္းျပီး ၂ ျကိမ္ဖန္တီးေပးနိုင္ခဲ့ပါတယ္။ တူရင္အေျခစိုက္ကလပ္ရဲ့ေနြေဈးကြက္ အဓိကပစ္မွတ္ကေတာ့ ဘာစီလိုနာတိုက္စစ္မႉးဆြာရက္ဇ္ျဖစ္ခဲ့တာပါ။ ဥရုေဂြးတိုက္စစ္မႉးကလည္း ဘာစီလိုနာမွာသူ့အတြက္အနာဂတ္မရွိဘူးလို့ နည္းျပသစ္ေရာ္နယ္ကိုးမန္းဖြင့္ဟလိုက္ခ်ိန္ကတည္းက အသင္းသစ္ရွာေနခဲ့တာပါ။ သူ့ကိုလိုခ်င္တဲ့ ဂ်ူဗင္တပ္ဆီေျပာင္းေရွြ့ေရးအတြက္ ေဆးစစ္မႈေအာင္ျမင္တဲ့အေျခအေနအထိရွိခဲ့ပါတယ္။
ဒါေပမဲ့ နိုင္ငံကူးလက္မွတ္အခက္အခဲေျကာင့္ ဂ်ူဗင္တပ္ဟာ ဥရုေဂြးသားကိုလက္ေလွ်ာ့ခဲ့ပါတယ္။ ေဈးကြက္မပိတ္ခင္အေျပာင္းအေရွြ့အျပီးသတ္ခ်င္ေနတဲ့ တူရင္အေျခစိုက္ကလပ္ဟာ ဆြာရက္ဇ္ေနရာမွာ အက္သလက္တီကိုတိုက္စစ္မႉးမိုရာတာကို အစားထိုးေခၚယူခဲ့တာျဖစ္ပါတယ္။ အသက္ ၂၇ နွစ္အရြယ္မိုရာတာဟာ ၂၀၁၄ ကေန ၂၀၁၆ အထိ ဂ်ူဗင္တပ္မွာကစားခဲ့ျပီး ၁၅ ဂိုးသြင္းေပးနိုင္ခဲ့သလို လက္ရွိနည္းျပပီယာလိုရဲ့အသင္းေဖာ္လည္းျဖစ္ပါတယ္။