ယခုနှစ် နွေရာသီမှာ သီယာဂို အယ်ကန်တာရာကို ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း အာတီတာ ထုတ်ဖော်ပြေကြား

0
253

 

လီဗာပူးလ်အသင်းကို ရောက်ရှိနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန်ကစားသမား သီယာဂို အယ်ကန်တာရာကို အာဆင်နယ်အသင်းအတွက် ခေါ်ယူဖို့ ကြိုးစားပေးမဲ့ အဆင့်မပြေဖြစ်ခဲ့ကြောင်း အာတီတာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

153

သီယာဂိုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းစဉ်မှာ အာတီတာက “ ဒီအပြောင်းအရွှေ့ စျေးကွက်မှာ ကွျန်တော်တို့ ကြိုးစားခဲ့တာကို ကွျန်တော်ပြန်လည်မဆွေးနွေးချင်တော့ပါဘူး။ ဒါပေမဲ့ သူဘာစီလိုနာမှာ ကစားခဲ့စဉ်ကတည်းက ကွျန်တော် ကြိုက်နှစ်သက်ခဲ့တာပါ။ သူက မယုံကြည်နိုင်လောက်တဲ့ တာဝန်ယူမှုတွေ ရှိတယ်။ ကြီးမားတဲ့ အရည်အချင်းလည်း ရှိတယ်။ ကွင်းလယ်ပိုင်းမှာ အထူးကောင်းမွန်တဲ့ အရည်အသွေးရှိသူပါ။ ဒီလို ကစားသမားမျိုးကို လီဗာပူးလ်က ခေါ်ယူလိုက်ခြင်းဟာ အရမ်းကို ကောင်းမွန်မှုတစ်ခု ဖြစ်တယ်လို့ ကွျန်တော် ထင်ပါတယ် ” လို့ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ လာမဲ့ တနင်္လာနေ့မှာ လီဗာပူးလ်အသင်းရဲ့ ကွင်းမှာ သွားရောက်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ကစားသွားဖို့ ရှိနေပါတယ်။ လီဗာပူးလ်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ဖြစ်တဲ့ အသင်းခေါင်းဆောင် ဟမ်ဒါဆင်ဟာ ချဲလ်ဆီးအသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီး ကြံ့ခိုင်မှုမပြည့်၀ သေးတဲ့အတွက်ကြောင့် အာဆင်နယ်နဲ့ ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကွင်းလယ်ပိုင်းမှာ သီယာဂိုက ပါဝင်ကစားသွားဖို့ သေချာနေပါတယ်။

လီဗာပူးလ်အသင်းရဲ့ ခံစစ်ကစားသမား ဂျိုးမာတစ်ဟာ ဒဏ်ရာကြောင့် ကွင်းလယ်ကစားသမား ဖြစ်တဲ့ ဖာဘင်ဟိုက အစားထိုးကစားခဲ့ရပေမဲ့ လက်ရှိအချိန်မှာ ဒဏ်ရာကနေ သက်သာလာပြီး အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်နေပြီလို့ ကလော့ပ်ကဆိုပါတယ်။ ဒါ့အပြင် ဟမ်ဒါဆင် မပါဝင်နိုင်ဘူးလို့ အတည်ပြု ပြောကြားလိုက်သလို သီယာဂို ပါဝင်လာဖို့ ရှိတယ်ဆိုတဲ့အကြောင်းကိုလည်း အရိတ်အမြွတ် ပြောကြားခဲ့ပါတယ်။

ကလော့ပ်က “ ရက်အနည်းငယ်အတွင်းမှာ တချို့သော ကစားသမားတွေ လေ့ကျင့်မှုတွေ ပြုလုပ်နိုင် နေပြီ ဖြစ်လို့ ကွျန်တော်တို့တွေ မြင်သွားရပါလိမ့်မယ်။ တနင်္လာနေ့ ရောက်တဲ့အထိ ကွျန်တော်တို့မှာ အချိန်တွေ ရှိနေသလို စဉ်းစားထားတာတွေလည်း ရှိပါတယ်။ သီယာဂို ပါဝင်လာမလားဆိုရင်တော့ ကွျန်တော်တို့ စောင့်ကြည့် သွားရမှာပေါ့ ” လို့ ပြောပါတယ်။

Zawgyi

ယခုႏွစ္ ေႏြရာသီမွာ သီယာဂို အယ္ကန္တာရာကို ေခၚယူဖို႔ ႀကိဳးစားခဲ့ေၾကာင္း အာတီတာ ထုတ္ေဖာ္ေျပၾကား

လီဗာပူးလ္အသင္းကို ေရာက္ရွိေနတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းရဲ့ စပိန္ကစားသမား သီယာဂို အယ္ကန္တာရာကို အာဆင္နယ္အသင္းအတြက္ ေခၚယူဖို႔ ႀကိဳးစားေပးမဲ့ အဆင့္မေျပျဖစ္ခဲ့ေၾကာင္း အာတီတာက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
သီယာဂိုနဲ႔ ပတ္သက္ၿပီး သတင္းေထာက္ေတြက ေမးျမန္းစဥ္မွာ အာတီတာက “ ဒီအေျပာင္းအေရႊ႕ ေစ်းကြက္မွာ ကြ်န္ေတာ္တို႔ ႀကိဳးစားခဲ့တာကို ကြ်န္ေတာ္ျပန္လည္မေဆြးေႏြးခ်င္ေတာ့ပါဘူး။ ဒါေပမဲ့ သူဘာစီလိုနာမွာ ကစားခဲ့စဥ္ကတည္းက ကြ်န္ေတာ္ ႀကိဳက္ႏွစ္သက္ခဲ့တာပါ။ သူက မယုံၾကည္နိုင္ေလာက္တဲ့ တာဝန္ယူမႈေတြ ရွိတယ္။ ႀကီးမားတဲ့ အရည္အခ်င္းလည္း ရွိတယ္။ ကြင္းလယ္ပိုင္းမွာ အထူးေကာင္းမြန္တဲ့ အရည္အေသြးရွိသူပါ။ ဒီလို ကစားသမားမ်ိဳးကို လီဗာပူးလ္က ေခၚယူလိုက္ျခင္းဟာ အရမ္းကို ေကာင္းမြန္မႈတစ္ခု ျဖစ္တယ္လို႔ ကြ်န္ေတာ္ ထင္ပါတယ္ ” လို႔ ေျပာပါတယ္။
အာဆင္နယ္အသင္းဟာ လာမဲ့ တနလၤာေန႔မွာ လီဗာပူးလ္အသင္းရဲ့ ကြင္းမွာ သြားေရာက္ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ ကစားသြားဖို႔ ရွိေနပါတယ္။ လီဗာပူးလ္အသင္းရဲ့ အဓိကကြင္းလယ္ကစားသမား ျဖစ္တဲ့ အသင္းေခါင္းေဆာင္ ဟမ္ဒါဆင္ဟာ ခ်ဲလ္ဆီးအသင္းကို ၂-၀ နဲ႔ အနိုင္ရခဲ့တဲ့ပြဲမွာ ဒဏ္ရာရခဲ့ၿပီး ႀကံ့ခိုင္မႈမျပည့္၀ ေသးတဲ့အတြက္ေၾကာင့္ အာဆင္နယ္နဲ႔ ပြဲမွာ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကြင္းလယ္ပိုင္းမွာ သီယာဂိုက ပါဝင္ကစားသြားဖို႔ ေသခ်ာေနပါတယ္။
လီဗာပူးလ္အသင္းရဲ့ ခံစစ္ကစားသမား ဂ်ိဳးမာတစ္ဟာ ဒဏ္ရာေၾကာင့္ ကြင္းလယ္ကစားသမား ျဖစ္တဲ့ ဖာဘင္ဟိုက အစားထိုးကစားခဲ့ရေပမဲ့ လက္ရွိအခ်ိန္မွာ ဒဏ္ရာကေန သက္သာလာၿပီး အသင္းနဲ႔ ေလ့က်င့္မႈေတြ ျပန္လည္ျပဳလုပ္နိုင္ေနၿပီလို႔ ကေလာ့ပ္ကဆိုပါတယ္။ ဒါ့အျပင္ ဟမ္ဒါဆင္ မပါဝင္နိုင္ဘူးလို႔ အတည္ျပဳ ေျပာၾကားလိုက္သလို သီယာဂို ပါဝင္လာဖို႔ ရွိတယ္ဆိုတဲ့အေၾကာင္းကိုလည္း အရိတ္အႁမြတ္ ေျပာၾကားခဲ့ပါတယ္။
ကေလာ့ပ္က “ ရက္အနည္းငယ္အတြင္းမွာ တခ်ိဳ႕ေသာ ကစားသမားေတြ ေလ့က်င့္မႈေတြ ျပဳလုပ္နိုင္ ေနၿပီ ျဖစ္လို႔ ကြ်န္ေတာ္တို႔ေတြ ျမင္သြားရပါလိမ့္မယ္။ တနလၤာေန႔ ေရာက္တဲ့အထိ ကြ်န္ေတာ္တို႔မွာ အခ်ိန္ေတြ ရွိေနသလို စဥ္းစားထားတာေတြလည္း ရွိပါတယ္။ သီယာဂို ပါဝင္လာမလားဆိုရင္ေတာ့ ကြ်န္ေတာ္တို႔ ေစာင့္ၾကည့္ သြားရမွာေပါ့ ” လို႔ ေျပာပါတယ္။