ယူအီးအက်ဖ်အေစူပါလိဂ် ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်က အနိုင်သေချာတယ်

0
293

 

ယူအီးအက်ဖ်အေစူပါဖလား ဖိုင်နယ်ပွဲအဖြစ် ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာအသင်းတို့ တွေ့ဆုံကစားသွားရမှာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကို ၂၅-၉-၂၀၂၀ ရက် သောကြာနေ့ နံနက် ၁း၃၀ နာရီမှာ ဟန်ဂေရီနိုင်ငံ ပက်ကပ်အာနာကွင်းမှာ ကစားသွားရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု အနေနဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဆီဗီလာတို့ဟာ ချန်ပီယံလိဂ်ပွဲမှာ နှစ်ကြိမ်တွေ့ဆုံထားပြီး တစ်ပွဲသရေနဲ့ ဘိုင်ယန်မြူးနစ်က တစ်ပွဲ အနိုင်ရထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက မာဆေးအသင်းနဲ့ ခြေစမ်းပွဲ ကစားအပြီးမှာ ၁-၀ နဲ့ အနိုင်ရထားသလို ဘွန်ဒက်စ်လီဂါအဖွင့်ပွဲမှာ ရှော်ကေးအသင်းကို ၈-၀ နဲ့ အနိုင်ရထားပါတယ်။ ဆီဗီလာအသင်းက ခြေစမ်းပွဲ သုံးပွဲကစားအပြီးမှာ နှစ်ပွဲ အနိုင်ရထားပြီး ဘီဘာအိုကို ၁-၀ နဲ့ ရှုံးထားပါတယ်။

ဆီဗီလာအသင်းဟာ ယူအီးအက်ဖ်အေစူပါဖလားကို ၂၀၀၆ ခုနှစ်က တစ်ကြိမ်ရယူထားပြီး ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေက ယူအီးအက်ဖ်အေ စူပါဖလား ဒုတိယနေရာနဲ့ နှစ်နှစ် ရပ်တည်ခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းက ၂၀၁၃ ခုနှစ်က စူပါဖလားတစ်ကြိမ် ရရှိခဲ့ပြီး ယခုနှစ်မှာ ဒုတိယအကြိမ်အနေနဲ့ ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

137

အဆိုပါပွဲစဉ်ကို ဟန်ဂေရီနိုင်ငံ ပက်ကပ်အာနာကွင်းမှာ ဖြစ်သလို နှစ်ဖက်အသင်း ပရိသတ်တွေ အပါအဝင် ဟန်ဂေရီက ပရိသတ် ၃၀၀၀ ကိုလည်း ပထမဆုံးအကြိမ် ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ နီအမ်ဇူးက ဒဏ်ရာရနေပြီး ဒေးဗစ် အယ်လာဘာက ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ဒါ့အပြင် ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဂိုးသွင်းယူခဲ့တဲ့ ကိုးမန်းက အသင်းနဲ့ ပြန်လည် ပါဝင်လာဖို့ ရှိနေပြီး ဆီဗီလာအသင်းမှာ ဒဏ်ရာရ ကစားသမားကင်းစင်နေပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက် ဘိုင်ယန်မြူးနစ်က အနိုင်ရဖို့ ၈၀% ရှိနေပြီး ၂-၁ လောက်နဲ့ အနိုင်ရရှိသွား နိုင်ပါတယ်။

Zawgyi

