လင်းဂတ်နဲ့ ပါအဲယားတို့ကို ရောင်းချပြီး အေဂျက်ကွင်းလယ်ကစားသမား ဘန်ဒီဘိခ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက် ပြင်ဆင်

0
323

 

မန်ချက်စတာယူနိုက်တက်အသင်းက အေဂျက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘန်ဒီဘိခ်ကို ခေါ်ယူနိုင်ဖို့အတွက် လင်းဂတ်နဲ့ ပါအဲယားတို့ကို ရောင်းချသွားရန် စီစဉ်နေတယ်လို့ သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ဘန်ဒီဘိခ်ကို ခေါ်ယူခဲ့ရင် မန်ချက်စတာယူနိုက်တက်က ယခုနှှစ် နွေရာသီပြောင်းရွှေ့ကာလမှာ ပထမဆုံး ခေါ်ယူလိုက်တဲ့ ကစားသမားတစ်ဦးဖြစ်လာမှာ ဖြစ်ပြီး ၎င်းကို ငါးနှစ် စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။ ဆိုးရှားအနေနဲ့ အောက်တိုဘာ ၅ ရက်နေ့ ပြောင်းရွှေ့ကာလမသိမ်းခင်အထိ ကွင်းလယ်ကစား သမားနဲ့ ညာတောင်ပံ ကစားသမားတစ်ဦးကို ခေါ်ယူဖို့ မျှော်လင့်ထားပါတယ်။

လင်းဂတ်နဲ့ ပါအဲယားတို့နှစ်ဦးဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပိုလျှံနေတဲ့ ကစားသမားတွေ ယူဆနေလို့ ဆိုးရှားဘက်က ရောင်းချသွားလိုတာ ဖြစ်ပါတယ်။ ဘန်ဒီဘိခ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းမှာ ဆိုးရှား၊ ဖာနန်ဒက်၊ ဖလက်၊ မာတစ်၊ တွမ်မီနေး၊ မာတာတို့နဲ့ တွဲဖက်ကစားသွားနိုင်မှာ ဖြစ်သလို ၎င်းတို့ ဒဏ်ရာနဲ့ ရင်ဆိုင်ရရင် အစားထိုးအသုံးပြုသွားလို့ ရမဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း လင်းဂတ်က ပွဲထွက်ခွင့်ရဖို့ ကြိုးစားနေရပြီး ပါအဲယားကလည်း ဂရင်းဝုဒ်နဲ့ ဖာနန်ဒက်တို့အသင်းမှာ ခြေစွမ်းပြသနေလို့ ပွဲထွက်ခွင့်နည်းပါးခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ပေါင်း ၂၀ ကြာအောင် လက်တွဲခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် လင်းဂတ်ကလည်း ပြီးခဲ့တဲ့ နှစ်သစ်ကူးနေက စတင်ပြီး ပရီးမီးယားလိဂ်ပွဲတွေ ကစားခွင့်မရခဲ့ပါဘူး။

ပါအဲယားက မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၁၁ ခုနှစ်က စတင်ရောက်ရှိခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲ ဘရူဂျီအသင်းနဲ့ ၁-၁ ဖြစ်ခဲ့တဲ့ ပွဲပြီးနောက် ပါဝင်ခွင့်မရခဲ့ပါဘူး။

Zawgyi

လင္းဂတ္နဲ႔ ပါအဲယားတို႔ကို ေရာင္းခ်ၿပီး ေအဂ်က္ကြင္းလယ္ကစားသမား ဘန္ဒီဘိခ္ကို ေခၚယူဖို႔ မန္ခ်က္စတာယူနိုက္တက္ ျပင္ဆင္

မန္ခ်က္စတာယူနိုက္တက္အသင္းက ေအဂ်က္အသင္းရဲ့ ကြင္းလယ္ကစားသမား ဘန္ဒီဘိခ္ကို ေခၚယူနိုင္ဖို႔အတြက္ လင္းဂတ္နဲ႔ ပါအဲယားတို႔ကို ေရာင္းခ်သြားရန္ စီစဥ္ေနတယ္လို႔ သိရပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္အသင္းက ဘန္ဒီဘိခ္ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူဖို႔ နီးစပ္ေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။
ဘန္ဒီဘိခ္ကို ေခၚယူခဲ့ရင္ မန္ခ်က္စတာယူနိုက္တက္က ယခုႏွွစ္ ေႏြရာသီေျပာင္းေရႊ႕ကာလမွာ ပထမဆုံး ေခၚယူလိုက္တဲ့ ကစားသမားတစ္ဦးျဖစ္လာမွာ ျဖစ္ၿပီး ၎ကို ငါးႏွစ္ စာခ်ဳပ္နဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရရွိထားပါတယ္။ ဆိုးရွားအေနနဲ႔ ေအာက္တိုဘာ ၅ ရက္ေန႔ ေျပာင္းေရႊ႕ကာလမသိမ္းခင္အထိ ကြင္းလယ္ကစား သမားနဲ႔ ညာေတာင္ပံ ကစားသမားတစ္ဦးကို ေခၚယူဖို႔ ေမၽွာ္လင့္ထားပါတယ္။
လင္းဂတ္နဲ႔ ပါအဲယားတို႔ႏွစ္ဦးဟာ မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ပိုလၽွံေနတဲ့ ကစားသမားေတြ ယူဆေနလို႔ ဆိုးရွားဘက္က ေရာင္းခ်သြားလိုတာ ျဖစ္ပါတယ္။ ဘန္ဒီဘိခ္ဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့ ကြင္းလယ္ပိုင္းမွာ ဆိုးရွား၊ ဖာနန္ဒက္၊ ဖလက္၊ မာတစ္၊ တြမ္မီေနး၊ မာတာတို႔နဲ႔ တြဲဖက္ကစားသြားနိုင္မွာ ျဖစ္သလို ၎တို႔ ဒဏ္ရာနဲ႔ ရင္ဆိုင္ရရင္ အစားထိုးအသုံးျပဳသြားလို႔ ရမဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ႏွစ္ကလည္း လင္းဂတ္က ပြဲထြက္ခြင့္ရဖို႔ ႀကိဳးစားေနရၿပီး ပါအဲယားကလည္း ဂရင္းဝုဒ္နဲ႔ ဖာနန္ဒက္တို႔အသင္းမွာ ေျခစြမ္းျပသေနလို႔ ပြဲထြက္ခြင့္နည္းပါးခဲ့ရပါတယ္။ မန္ခ်က္စတာယူနိုက္တက္နဲ႔ ႏွစ္ေပါင္း ၂၀ ၾကာေအာင္ လက္တြဲခဲ့တဲ့ အသက္ ၂၇ ႏွစ္အရြယ္ လင္းဂတ္ကလည္း ၿပီးခဲ့တဲ့ ႏွစ္သစ္ကူးေနက စတင္ၿပီး ပရီးမီးယားလိဂ္ပြဲေတြ ကစားခြင့္မရခဲ့ပါဘူး။
ပါအဲယားက မန္ခ်က္စတာယူနိုက္တက္အသင္းကို ၂၀၁၁ ခုႏွစ္က စတင္ေရာက္ရွိခဲ့သူ ျဖစ္ၿပီး ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ကစားခဲ့တဲ့ ယူရိုပါလိဂ္ပြဲ ဘ႐ူဂ်ီအသင္းနဲ႔ ၁-၁ ျဖစ္ခဲ့တဲ့ ပြဲၿပီးေနာက္ ပါဝင္ခြင့္မရခဲ့ပါဘူး။