လိုက်ပ်ဇစ်အသင်းရဲ့ တောင်ပံကစားသမား လွတ်မန်းကို ဖူလ်ဟမ်အသင်း အငှားစာချုပ်နဲ့ ခေါ်ယူ
0
249
တန်းတက်လာပြီး ရာသီအဖွင့်မှာ သုံးပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့တဲ့ ဖူလ်ဟမ်အသင်းက ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား လွတ်မန်းကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက် တယ်လို့ သိရပါတယ်။ ဖူလ်ဟမ်အသင်းအနေနဲ့ အောက်တိုဘာလ ၅ ရက်နေ့ ပြောင်းရွှေ့ကာလမပိတ်သိမ်းခင်မှာ ဗဟိုခံစစ်နဲ့ ကွင်းလယ်ပိုင်းကိုလည်း ထပ်မံအင်အားဖြည့်သွားဖို့ ရှိနေပါတယ်။ လွတ်မန်းဟာ ၂၀၁၉ ခုနှစ်က အဲဗာတန်အသင်းကနေ လိုက်ပ်ဇစ်ကို ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်ပြီး ယခုအချိန်မှာ ပရီးမီးယားလိဂ်ကို အငှားကစားသမားအဖြစ် ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် လွတ်မန်းက “ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိခဲ့ရလို့ ကွျန်တော်မှာ ဝမ်းသာရပါတယ်။ ဒီကို ရောက်ရှိခဲ့လို့ ကျေးဇူးတင်ခြင်းနဲ့အတူ အသင်းအတွက်လည်း ကူညီမှုတွေ ပေးသွားနိုင်မှာပါ။ ကွျန်တော်က အသင်းမန်နေဂျာ စကော့ပါကာနဲ့ စကားစပြီးပြောပြီးနောက်မှာ ကြီးမားတဲ့ စိတ်ခံစားမှုတွေ ရရှိခဲ့သလို အသင်းနဲ့လည်း တွဲဖက်ပြီး အလုပ်လုပ်လိုခဲ့ပါတယ်။ ကွျန်တော်ကလည်း လူငယ် ကစားသမားတစ်ဦးဖြစ်သလို ပြိုင်ပွဲတွေကို ဆာလောင်နေခြင်းက အကောင်းဆုံးရလဒ်ဖြစ် ဖြစ်ပေါ်လာပါ လိမ့်မယ် ” လို့ ပြောပါတယ်။
အသင်းရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ တိုနီ ခမ်းက “ လွတ်မန်းက လူငယ်ကစားသမားတစ်ဦးဖြစ်ပေမဲ့ သူ့မှာ ပရီးမီးယါ်လိဂ်နဲ့ ဘွန်ဒက်စ်လီဂါတို့မှာ ကစားထားတဲ့ အတွေ့အကြုံတွေ ရှိနေသလို အင်္ဂလန်အသင်းရဲ့ ယူ-၂၀ အသင်းနဲ့ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့ဖလား ရယူထားနိုင်ပါတယ်။ ကောင်းမွန်တဲ့ လူငယ်ကစားသမားတစ်ဦးကို အသင်းမှာ ပေါင်းထည့်နိုင်ခြင်း ဖြစ်တယ်လို့ ကွျန်တော်တို့ ယုံကြည်ထားပါတယ် ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
Zawgyi
အသင်းရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ တိုနီ ခမ်းက “ လွတ်မန်းက လူငယ်ကစားသမားတစ်ဦးဖြစ်ပေမဲ့ သူ့မှာ ပရီးမီးယ်ါလိဂ်နဲ့ ဘွန်ဒက်စ်လီဂါတို့မှာ ကစားထားတဲ့ အတွေ့အကြုံတွေ ရှိနေသလို အင်္ဂလန်အသင်းရဲ့ ယူ-၂၀ အသင်းနဲ့ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့ဖလား ရယူထားနိုင်ပါတယ်။ ကောင်းမွန်တဲ့ လူငယ်ကစားသမားတစ်ဦးကို အသင်းမှာ ပေါင်းထည့်နိုင်ခြင်း ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ် ” ဆိုပြီး ပြောကြားခဲ့ပါတယ်။