လီဗာပူးလ်ကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သီယာဂို အယ်ကန်တာရာ သဘောတူညီမှု ရရှိ
0
328
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမား သီယာဂို အယ်ကန်တာရာဟာ လီဗာပူးလ်ကို ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်းနဲ့ လေးနှစ် စာချုပ် ချုပ်ဆိုပြီး ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် သီယာဂိုက ၂၀၁၃ ခုနှစ်က ဘာစီလိုနာကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။
၎င်းဟာ လီဗာပူးလ်အသင်းမှာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၆ ကိုပဲ ဆက်လက် ဝတ်ဆင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုနှစ် ဘောလုံးရာသီအတွက် လီဗာပူးလ်အသင်း ဘယ်တောင်ပံ ခံစစ်ကစားသမားဖြစ်တဲ့ တာစီမီကပ်စ်ကို ခေါ်ယူပြီးနောက် သီယာဂိုက ဒုတိယမြောက် ခေါ်ယူလိုက်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
သီယာဂိုက လီဗာပူးလ်ကို ရောက်ရှိလာနိုင်ဖို့ အလားအလာရှိနေတဲ့အကြောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်က အသင်းမန်နေဂျာ ကလော့ပ်က ပြောကြားခဲ့ပါတယ်။ ၎င်းက “ ကွျန်တော့်ရဲ့ ထင်မြင်ပေးချက်က အဆုံးသတ်သွား နိုင်မှာ မဟုတ်ပါဘူး။ ပြောင်းရွှေ့ကာလကလည်း ကာလရှည်ရှည် ဖွင့်နေသေးတယ်။ သူ့ကို ချိတ်ဆက်နေတဲ့ ကွျန်တော်တို့တွေအတွက် နှစ်သက်စရာပါပဲ။ ဒါက တကယ်ဖြစ်လာမယ်ဆိုရင် လှပမှုတစ်ခု အမှန်တကယ်ဖြစ်စေ မှာပါ။ ဒါက ဘာကြောင့်လဲဆိုတော့ သူကလည်း ကစားသမားကောင်းတစ်ဦးဖြစ်သလို လီဗာပူးလ်ကလည်း အသင်းကြီးတစ်သင်းဖြစ်တယ်။ ဒါကြောင့် ဒီအရာက နှစ်သက်ကြည်နူးစရာ ဖြစ်ပါတယ် ” ဆိုပြီး ပြောခဲ့ပါတယ်။
ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ယန်မြူးနစ် မန်နေဂျာ ဖလစ်က “ သီယာဂိုက ထူးခြားတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို အသင်းမှာ ခုနစ်တာ ကစားခဲ့အပြီး ကြီးမားတဲ့ အောင်မြင်မှု ရရှိခဲ့သူပါ။ သူက စိတ်ထားကောင်းသူဖြစ်သလို ထူးခြားတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားလည်း ဖြစ်ပါတယ်။ ဒီနေ့သူက နှုတ်ဆက်စကားပြောခဲ့ချိန်မှာ ကွျန်တော်စိတ်ထဲမှာ အရမ်းခံစားခဲ့ရတယ် ” လို့ ပြောပါတယ်။
သီယာဂို ဘာစီလိုနာအသင်းမှာ ရှိခဲ့စဉ် ၂၀၁၃ ခုနှစ်က မန်ချက်စတာယူနိုက်တက်ကလည်း ခေါ်ယူဖို့ ပြုလုပ်ခဲ့ပေမဲ့ ၎င်းက ဂျာမနီကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ၎င်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ဖလားတစ်ကြိမ် ရရှိခဲ့သလို ဘွန်ဒက်စ်လီဂါဖလား ခုနစ်နှစ်ဆက် ရယူခဲ့ပြီး ဂျာမန်ဖလားလေးကြိမ်၊ ကမ္ဘာ့ကလပ် ဖလားတစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။
Zawgyi