ဝက်ဘရွန်းကွင်းမှာ ချဲလ်ဆီးအသင်း အနည်းဆုံး နှစ်ဂိုးပြတ်လောက် သွင်းသွားနိုင်တယ်

0
287

 

ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် ဝက်ဘရွန်းအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဝက်ဘရွန်းရဲ့ အိမ်ကွင်းပွဲ အဖြစ် ၂၆-၉-၂၀၂၀ ရက် စနေနေ့ည ၁၁ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဝက်ဘရွန်းအသင်းက ပရီးမီးယားလိဂ် နှစ်ပွဲကစားအပြီး နှစ်ပွဲရှုံးထားပြီး ချဲလ်ဆီးက တစ်ပွဲနိုင် တစ်ပွဲရှုံးထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ခြောက်ကြိမ်

ချဲလ်ဆီး ၃ – ၀ ဝက်ဘရွန်း(ပရီးမီးယားလိဂ်)

ဝက်ဘရွန်း ၀ – ၄ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ဝက်ဘရွန်း ၀ – ၁ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၁ – ၁ ဝက်ဘရွန်း(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၂ – ၂ ဝက်ဘရွန်း(ပရီးမီးယားလိဂ်)

ဝက်ဘရွန်း ၂ – ၃ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲ ကစားအပြီး ဝက်ဘရွန်းအသင်းက တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံး ထားပြီး ချဲလ်ဆီးအသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲမှာ နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ ချဲလ်ဆီးအသင်းက ဝက်ဘရွန်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားသလို နိုင်ပွဲတွေ ဖြစ်ပေါ်ထားပါတယ်။ ချဲလ်ဆီးက ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ရှစ်ပွဲကစားအပြီး ခုနစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုးသွင်းယူထားပါတယ်။ ချဲလ်ဆီးက ဝက်ဘရွန်းကွင်းမှာ သွားရောက်ကစားခဲ့တဲ့ နောက်ဆုံး သုံးပွဲဆက် အနိုင်ရထားပါတယ်။ ဝက်ဘရွန်းအသင်းက ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲ ရရှိခြင်း မရှိခဲ့ပါဘူး။

ဝက်ဘရွန်းအသင်းမှာ ဇိုဟိုရီက ဒဏ်ရာရနေပြီး ဂစ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ချဲလ်ဆီးအသင်းမှာ ဇီယက်ချ်၊ ဂျီမူအာနဲ့ ပူလီဆစ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဝက်ဘရွန်းကွင်းမှာ ချဲလ်ဆီးအသင်းက အနိုင်ရဖို့ ၆၅% အထိ ရှိနေပြီး နှစ်ပွဲဆက် ရှုံးထားတဲ့ ဝက်ဘရွန်းက အိမ်ကွင်းမှာ ပိုမိုအားစိုက်ကစားသွားနိုင်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဂိုးရလဒ်က ၀-၂ လောက်နဲ့ ချဲလ်ဆီး အနိုင်ရသွားနိုင်ပါတယ်။

Zawgyi

ဝက္ဘရြန္းကြင္းမွာ ခ်ဲလ္ဆီးအသင္း အနည္းဆုံး ႏွစ္ဂိုးျပတ္ေလာက္ သြင္းသြားနိုင္တယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၃ အျဖစ္ ဝက္ဘရြန္းအသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဟာ ဝက္ဘရြန္းရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၂၆-၉-၂၀၂၀ ရက္ စေနေန႔ည ၁၁ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဝက္ဘရြန္းအသင္းက ပရီးမီးယားလိဂ္ ႏွစ္ပြဲကစားအၿပီး ႏွစ္ပြဲရႈံးထားၿပီး ခ်ဲလ္ဆီးက တစ္ပြဲနိုင္ တစ္ပြဲရႈံးထားပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံး ေျခာက္ႀကိမ္
ခ်ဲလ္ဆီး ၃ – ၀ ဝက္ဘရြန္း(ပရီးမီးယားလိဂ္)
ဝက္ဘရြန္း ၀ – ၄ ခ်ဲလ္ဆီး(ပရီးမီးယားလိဂ္)
ဝက္ဘရြန္း ၀ – ၁ ခ်ဲလ္ဆီး(ပရီးမီးယားလိဂ္)
ခ်ဲလ္ဆီး ၁ – ၁ ဝက္ဘရြန္း(ပရီးမီးယားလိဂ္)
ခ်ဲလ္ဆီး ၂ – ၂ ဝက္ဘရြန္း(ပရီးမီးယားလိဂ္)
ဝက္ဘရြန္း ၂ – ၃ ခ်ဲလ္ဆီး(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးငါးပြဲ ကစားအၿပီး ဝက္ဘရြန္းအသင္းက တစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ သုံးပြဲရႈံး ထားၿပီး ခ်ဲလ္ဆီးအသင္းက ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေလးပြဲမွာ ႏွစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားပါတယ္။ ခ်ဲလ္ဆီးအသင္းက ဝက္ဘရြန္းနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေလးပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထားသလို နိုင္ပြဲေတြ ျဖစ္ေပၚထားပါတယ္။ ခ်ဲလ္ဆီးက ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး ရွစ္ပြဲကစားအၿပီး ခုနစ္ပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုးသြင္းယူထားပါတယ္။ ခ်ဲလ္ဆီးက ဝက္ဘရြန္းကြင္းမွာ သြားေရာက္ကစားခဲ့တဲ့ ေနာက္ဆုံး သုံးပြဲဆက္ အနိုင္ရထားပါတယ္။ ဝက္ဘရြန္းအသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံးေျခာက္ပြဲဆက္ နိုင္ပြဲ ရရွိျခင္း မရွိခဲ့ပါဘူး။
ဝက္ဘရြန္းအသင္းမွာ ဇိုဟိုရီက ဒဏ္ရာရေနၿပီး ဂစ္က ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။ ခ်ဲလ္ဆီးအသင္းမွာ ဇီယက္ခ်္၊ ဂ်ီမူအာနဲ႔ ပူလီဆစ္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ဝက္ဘရြန္းကြင္းမွာ ခ်ဲလ္ဆီးအသင္းက အနိုင္ရဖို႔ ၆၅% အထိ ရွိေနၿပီး ႏွစ္ပြဲဆက္ ရႈံးထားတဲ့ ဝက္ဘရြန္းက အိမ္ကြင္းမွာ ပိုမိုအားစိုက္ကစားသြားနိုင္ပါတယ္။ ျဖစ္ေပၚလာနိုင္တဲ့ ဂိုးရလဒ္က ၀-၂ ေလာက္နဲ႔ ခ်ဲလ္ဆီး အနိုင္ရသြားနိုင္ပါတယ္။