ဝက်ဘရွန်းအသင်းကို ပေးလိုက်ရတဲ့ ဂိုးသုံးဂိုးရဲ့ ခံစစ်အမှားတွေကို လမ်းပတ်ထောက်ပြ

0
243

ချဲလ်ဆီးအသင်းဟာ ဝက်ဘရွန်းအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၃-၃ သရေဖြစ်ခဲ့ပြီး ဝက်ဘရွန်းအသင်းက ဦးဆောင်ဂိုးသုံးဂိုး စတင်ရရှိခဲ့ပြီး ပေးလိုက်တဲ့ ဂိုးတွေက ခံစစ်ကြောင်း အမှားတွေကြောင့် ဖြစ်တယ်လို့ ချဲလ်ဆီး မန်နေဂျာ လမ်းပတ်က ထောက်ပြပြောဆိုလိုက်ပါတယ်။ ဝက်ဘရွန်းအသင်းက ပထမပိုင်း ၄ မိနစ်မှာ အလွန်ဆိုရဲ့ ခေါင်းတိုက်ပေးပို့မှု မှားယွင်းတာကနေ ပါအဲယားက ဘောလုံးရရှိခဲ့ပြီး တိုက်စစ်မှူး ရော်ဘင်ဆင်ကို အဆုံးသတ် သွင်းယူလိုက်တာ ဖြစ်သလို ၂၅ မိနစ်မှာ ဗဟိုခံစစ်ကစားသမား သီယာဂိုရဲ့ ဘောလုံးထိန်းသိမ်းမှု အားနည်းမှုကနေ ရော်ဘင်ဆင်က ဖြတ်လုပြီး ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ၂၇ မိနစ်မှာလည်း ထောင့်ကန်ဘောကနေ ရရှိလာတဲ့ ဘောလုံးကို ဖာလောင်းက ၁၈ ကိုက်ထဲမှာ ခေါင်းတိုက်ပြီး ဘက်လေကို ပေးမှုလိုက်ရာ အလွန်ဆိုရဲ့ လူကပ်ထားခြင်း မရှိတာကြောင့် တတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီး အသင်းအတွက် ချေပဂိုးတွေကို မန်ဆန်မောက်၊ ဟူဆန် အိုဒရွိုက်နဲ့ အေဘရာဟင်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

164

ပွဲအပြီးမှာ လမ်းပတ်က “ ကွျန်တော်တို့ ရမှတ်နှစ်မှတ် ဆုံးရှုံးခဲ့တယ်။ ဒီလို ပြောရတာက ဝက်ဘရွန်း အသင်းကို မလေးစားလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလို ရောက်လာချိန်မှာ ပြိုင်ပွဲကို ဘယ်လိုမျိုး ပြောင်းလဲမှုတွေ ပြုလုပ်ရမယ်ဆိုတာ နားလည်သိထားရပါမယ်။ တချို့သော မှားတဲ့ အရာတွေက ခုန်ပေါက် အောင်ပွဲခံစရာ ဖြစ်စေ ခဲ့တယ်။ ဒီနေ့ဖြစ်ခဲ့တဲ့ မှားယွင်းမှုတွေကို ဥပဒေပြဋ္ဌာန်းသွားဖို့ မပြုလုပ်နိုင်ပါဘူး။ ဒါပေမဲ့ မင်းက ခက်ခဲတဲ့ပွဲတစ်ပွဲ ပြန်ပေးရပါလိမ့်မယ်။ ကွျန်တော်တို့က ကွျန်တော်တို့ရဲ့ ကစားဟန်စရိုက်လက္ခဏာတွေနဲ့ ဆက်လက်ရှိနေဦးမှာပါ။ ဒါပေမဲ့ သင့်တင့်တဲ့ပြိုင်ပွဲပုံစံနဲ့ ဆက်လက်ကစားသွားမယ် ဆိုတာကိုတော့ ကွျန်တော်တို့ အလိုမရှိပါဘူး။ ပထမဂိုးမှာ အလွန်ဆိုရဲ့ ခေါင်းတိုက်တဲ့ ဘောလုံးက ကွင်းလယ်ထဲကို ရောက်ရှိပြီး ပြောင်းလဲမှု ဖြစ်စေခဲ့တယ်။ ဒုတိယဂိုးမှာလည်း ဆေးလ်ဗားရဲ့ အမှားကနေ ဖြစ်ခဲ့တယ်။ သူ့ရဲ့ ဘေးပတ်လည်မှာ အခြားကစားတွေ ရှိနေ တာကို သူသိပါတယ်။ ဒါကကွျန်တော်တို့ သူ့ကို ပထမဆုံး ပွဲထွက်ခွင့်ပေးလိုက်ချိန်မှာ ဖြစ်တာပါ။ တတိယဂိုးမှာ လည်း ထောင့်ကန်ဘောကန်တင်ရာမှာ အလွန်ဆို လူကပ်တာ အားနည်းခဲ့တယ်။ မင်းက နောက်ထပ် များစွာသော ပြိုင်ပွဲတွေမှာ မင်းအလိုရှိသလို ပြုလုပ်နိုင်တယ်။ ဒါပေမဲ့ ဒီလိုအမှားမျိုးတွေကို မင်းက ပြုလုပ်နေမယ်ဆိုရင် တောင်ပေါ်ကို မင်းကိုယ်တိုင်ပဲ တက်ရလိမ့်မယ် ” လို့ပြောပါတယ်။

165

ချဲလ်ဆီးအသင်းအတွက် နောက်ဆုံးချေပဂိုး သွင်းယူပေးခဲ့တဲ့ အေဘရာဟင်က “ ကွျန်တော်တို့ အမှားတွေကို ဖြတ်တောက်ပစ်ဖို့ လိုအပ်နေပါပြီ။ ဒါဆို အသင်းက အရေးနိမ့်စရာတွေကို ဖြစ်မလာတော့ပါဘူး။ ကွျန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းပြီး တစ်ယောက်ကနေ အခြားတစ်ယောက်ကို တိုက်တွန်း အားပေးစကားတွေ ပြောဖို့လိုအပ်တယ် ” လို့ ဆိုပါတယ်။

ရမှတ်ခွဲယူလိုက်ရတဲ့ ဝက်ဘရွန်းမန်နေဂျာ ဘိုင်လစ်က ၎င်းတို့အသင်းရဲ့ ကစားသမားတွေ ကြိုးစားခဲ့ကြပေမဲ့ ရမှတ် အပြည့်မရရှိလိုက်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

Zawgyi

ဝက္ဘရြန္းအသင္းကို ေပးလိုက္ရတဲ့ ဂိုးသုံးဂိုးရဲ့ ခံစစ္အမွားေတြကို လမ္းပတ္ေထာက္ျပ

ခ်ဲလ္ဆီးအသင္းဟာ ဝက္ဘရြန္းအသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ၃-၃ သေရျဖစ္ခဲ့ၿပီး ဝက္ဘရြန္းအသင္းက ဦးေဆာင္ဂိုးသုံးဂိုး စတင္ရရွိခဲ့ၿပီး ေပးလိုက္တဲ့ ဂိုးေတြက ခံစစ္ေၾကာင္း အမွားေတြေၾကာင့္ ျဖစ္တယ္လို႔ ခ်ဲလ္ဆီး မန္ေနဂ်ာ လမ္းပတ္က ေထာက္ျပေျပာဆိုလိုက္ပါတယ္။ ဝက္ဘရြန္းအသင္းက ပထမပိုင္း ၄ မိနစ္မွာ အလြန္ဆိုရဲ့ ေခါင္းတိုက္ေပးပို႔မႈ မွားယြင္းတာကေန ပါအဲယားက ေဘာလုံးရရွိခဲ့ၿပီး တိုက္စစ္မႉး ေရာ္ဘင္ဆင္ကို အဆုံးသတ္ သြင္းယူလိုက္တာ ျဖစ္သလို ၂၅ မိနစ္မွာ ဗဟိုခံစစ္ကစားသမား သီယာဂိုရဲ့ ေဘာလုံးထိန္းသိမ္းမႈ အားနည္းမႈကေန ေရာ္ဘင္ဆင္က ျဖတ္လုၿပီး ဂိုးသြင္းယူခဲ့တာ ျဖစ္ပါတယ္။ ၂၇ မိနစ္မွာလည္း ေထာင့္ကန္ေဘာကေန ရရွိလာတဲ့ ေဘာလုံးကို ဖာေလာင္းက ၁၈ ကိုက္ထဲမွာ ေခါင္းတိုက္ၿပီး ဘက္ေလကို ေပးမႈလိုက္ရာ အလြန္ဆိုရဲ့ လူကပ္ထားျခင္း မရွိတာေၾကာင့္ တတိယဂိုးကို သြင္းယူနိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီး အသင္းအတြက္ ေခ်ပဂိုးေတြကို မန္ဆန္ေမာက္၊ ဟူဆန္ အိုဒရြိဳက္နဲ႔ ေအဘရာဟင္တို႔က သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။
ပြဲအၿပီးမွာ လမ္းပတ္က “ ကြ်န္ေတာ္တို႔ ရမွတ္ႏွစ္မွတ္ ဆုံးရႈံးခဲ့တယ္။ ဒီလို ေျပာရတာက ဝက္ဘရြန္း အသင္းကို မေလးစားလို႔ မဟုတ္ပါဘူး။ ဒါေပမဲ့ ဒီလို ေရာက္လာခ်ိန္မွာ ၿပိဳင္ပြဲကို ဘယ္လိုမ်ိဳး ေျပာင္းလဲမႈေတြ ျပဳလုပ္ရမယ္ဆိုတာ နားလည္သိထားရပါမယ္။ တခ်ိဳ႕ေသာ မွားတဲ့ အရာေတြက ခုန္ေပါက္ ေအာင္ပြဲခံစရာ ျဖစ္ေစ ခဲ့တယ္။ ဒီေန႔ျဖစ္ခဲ့တဲ့ မွားယြင္းမႈေတြကို ဥပေဒျပ႒ာန္းသြားဖို႔ မျပဳလုပ္နိုင္ပါဘူး။ ဒါေပမဲ့ မင္းက ခက္ခဲတဲ့ပြဲတစ္ပြဲ ျပန္ေပးရပါလိမ့္မယ္။ ကြ်န္ေတာ္တို႔က ကြ်န္ေတာ္တို႔ရဲ့ ကစားဟန္စရိုက္လကၡဏာေတြနဲ႔ ဆက္လက္ရွိေနဦးမွာပါ။ ဒါေပမဲ့ သင့္တင့္တဲ့ၿပိဳင္ပြဲပုံစံနဲ႔ ဆက္လက္ကစားသြားမယ္ ဆိုတာကိုေတာ့ ကြ်န္ေတာ္တို႔ အလိုမရွိပါဘူး။ ပထမဂိုးမွာ အလြန္ဆိုရဲ့ ေခါင္းတိုက္တဲ့ ေဘာလုံးက ကြင္းလယ္ထဲကို ေရာက္ရွိၿပီး ေျပာင္းလဲမႈ ျဖစ္ေစခဲ့တယ္။ ဒုတိယဂိုးမွာလည္း ေဆးလ္ဗားရဲ့ အမွားကေန ျဖစ္ခဲ့တယ္။ သူ႔ရဲ့ ေဘးပတ္လည္မွာ အျခားကစားေတြ ရွိေန တာကို သူသိပါတယ္။ ဒါကကြ်န္ေတာ္တို႔ သူ႔ကို ပထမဆုံး ပြဲထြက္ခြင့္ေပးလိုက္ခ်ိန္မွာ ျဖစ္တာပါ။ တတိယဂိုးမွာ လည္း ေထာင့္ကန္ေဘာကန္တင္ရာမွာ အလြန္ဆို လူကပ္တာ အားနည္းခဲ့တယ္။ မင္းက ေနာက္ထပ္ မ်ားစြာေသာ ၿပိဳင္ပြဲေတြမွာ မင္းအလိုရွိသလို ျပဳလုပ္နိုင္တယ္။ ဒါေပမဲ့ ဒီလိုအမွားမ်ိဳးေတြကို မင္းက ျပဳလုပ္ေနမယ္ဆိုရင္ ေတာင္ေပၚကို မင္းကိုယ္တိုင္ပဲ တက္ရလိမ့္မယ္ ” လို႔ေျပာပါတယ္။
ခ်ဲလ္ဆီးအသင္းအတြက္ ေနာက္ဆုံးေခ်ပဂိုး သြင္းယူေပးခဲ့တဲ့ ေအဘရာဟင္က “ ကြ်န္ေတာ္တို႔ အမွားေတြကို ျဖတ္ေတာက္ပစ္ဖို႔ လိုအပ္ေနပါၿပီ။ ဒါဆို အသင္းက အေရးနိမ့္စရာေတြကို ျဖစ္မလာေတာ့ပါဘူး။ ကြ်န္ေတာ္တို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ပူးေပါင္းၿပီး တစ္ေယာက္ကေန အျခားတစ္ေယာက္ကို တိုက္တြန္း အားေပးစကားေတြ ေျပာဖို႔လိုအပ္တယ္ ” လို႔ ဆိုပါတယ္။
ရမွတ္ခြဲယူလိုက္ရတဲ့ ဝက္ဘရြန္းမန္ေနဂ်ာ ဘိုင္လစ္က ၎တို႔အသင္းရဲ့ ကစားသမားေတြ ႀကိဳးစားခဲ့ၾကေပမဲ့ ရမွတ္ အျပည့္မရရွိလိုက္တဲ့အတြက္ စိတ္မေကာင္းျဖစ္ရတယ္လို႔ ဆိုပါတယ္။