သရေရလဒ်နဲ့ ပြီးဆုံးသွားနိုင်တဲ့ ဝုဗ်နဲ့ မန်စီးတီး

0
257

 

ပရီးမီးယားလိဂ်ပွဲစဉ် ၂ အဖြစ် ဝုဗ်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ဝုဗ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၂-၉-၂၀၂၀ ရက် တနင်္လာနေ့ နံနက် ၁း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဝုဗ်အသင်းက အဖွင့်ပွဲမှာ ရှက်ဖီးလ် ယူနိုက်တက်အသင်းကို ၂-၀ နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပြီး မန်စီးတီးကတော့ အဖွင့်ပွဲအဖြစ် စတင်ကစားသွားရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဝုဗ် ၃ – ၂ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၀ – ၂ ဝုဗ်(ပရီးမီးယားလိဂ်)

ဝုဗ် ၀ – ၀ မန်စီးတီး(အာရှပရီးမီးယားလိဂ်ပြိုင်ပွဲ)

မန်စီးတီး ၃ – ၀ ဝုဗ်(ပရီးမီးယားလိဂ်)

ဝုဗ် ၁ – ၁ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၁ – ၁ ဝုဗ်(ပရီးမီးယားလိဂ်)

ဝုဗ်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲကစားအပြီး ၁၀ ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအောက်သာ သွင်းယူထားနိုင်ပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲဆက် အနိုင်ရလဒ် ဖြစ်ပေါ်ထားပြီး ဝုဗ်အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲ ကစားအပြီး ခြောက်ပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ် နောက်ဆုံး ခုနစ်ပွဲကစားအပြီး ငါးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပြီး ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲကစားအပြီး မန်စီးတီးက အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူ ထားနိုင်ပါတယ်။ ဝုဗ်အသင်းက ပရီးမီးယားလိဂ်ပွဲ အိမ်ကွင်းမှာ စတင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ၁၀ နှစ်ဆက် ရှုံးပွဲ မရှိ ဖြစ်ပေါ်ထားပါတယ်။

ဝုဗ်အသင်းမှာ ဂွျန်နီက ဒဏ်ရာရနေပြီး မန်စီးတီးအသင်းမှာ အဂူရိုနဲ့ ဘာနက်ဒို ဆေးလ်ဗားတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက် မန်စီးတီးက အဝေးကွင်းမှာ အနိုင်ရဖို့ ၈၀% အထိ ရှိနေပေမဲ့ သရေရလဒ်နဲ့ ပြီးဆုံးသွားနိုင်ပါတယ်။

Zawgyi


ဝုဗ်အသင်းမှာ ဂျွန်နီက ဒဏ်ရာရနေပြီး မန်စီးတီးအသင်းမှာ အဂူရိုနဲ့ ဘာနက်ဒို ဆေးလ်ဗားတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။