ဟော်ဖန်ဟိန်းကွင်းမှာ ဘိုင်ယန်မြူးနစ်က အနိုင်ရလဒ်နဲ့ ဆက်လက်ဦးဆောင်သွားမှာပါ

0
341

 

ဘွန်ဒက်စ်လီဂါပွဲစဉ် ၂ အဖြစ် ဟော်ဖန်ဟိန်းအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ဟော်ဖန်ဟိန်းရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၇-၉-၂၀၂၀ ရက် တနင်္ဂနွေနေ့ည ၈း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဟော်ဖန်ဟိန်းက အဖွင်ပွဲမှာ ကိုလုံးအသင်းကို ၂-၃ နဲ့ အနိုင်ရထားသလို ဘိုင်ယန်မြူးနစ်ကလည်း အိမ်ကွင်းမှာ ရှော်ကေးအသင်းကို ၈-၀ နဲ့ အနိုင်ယူထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဟော်ဖန်ဟိန်း ၀ – ၆ ဘိုင်ယန်မြူးနစ်(ဘွန်ဒက်စ်လီဂါ)

ဘိုင်ယန်မြူးနစ် ၄ – ၃ ဟော်ဖန်ဟိန်း(ပိုကယ်လ်ဖလား)

ဘိုင်ယန်မြူးနစ် ၁ – ၂ ဟော်ဖန်ဟိန်း(ဘွန်ဒက်စ်လီဂါ)

ဟော်ဖန်ဟိန်း ၁ – ၃ ဘိုင်ယန်မြူးနစ်(ဘွန်ဒက်စ်လီဂါ)

ဘိုင်ယန်မြူးနစ် ၃ – ၁ ဟော်ဖန်ဟိန်း(ဘွန်ဒက်စ်လီဂါ)

ဘိုင်ယန်မြူးနစ် ၅ – ၂ ဟော်ဖန်ဟိန်း(ဘွန်ဒက်စ်လီဂါ)

ဘိုင်ယန်မြူးနစ်အသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၁၄ ပွဲဆက် အနိုင်ရထားပြီး ဟော်ဖန်ဟိန်း အသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံးလေးပွဲမှာ အနိုင်ရရှိထားသလို အနည်းဆုံးသွင်းဂိုး နှစ်ဂိုးသွင်းယူထားနိုင် ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဟော်ဖန်ဟိန်းအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲ ကစားအပြီး ငါးပွဲမှာ အနည်းဆုံးသွင်းဂိုး သုံးဂိုး သွင်းယူထားပြီး ငါးပွဲ အနိုင်ရထားပါတယ်။ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲ နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါ နောက်ဆုံး ခုနစ်ပွဲ ကစားအပြီး ခြောက်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူနိုင်ခဲ့ပါတယ်။ ဟော်ဖန်ဟိန်းအသင်းက ဘွန်ဒက်စ်လီဂါ အိမ်ကွင်းပွဲ နောက်ဆုံး ၁၀ ပွဲ ကစားအပြီး ကိုးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။

ဟော်ဖန်ဟိန်းအသင်းမှာ နော်ဗစ်နဲ့ စတာဖိုင်လီဒစ်တို့က ဒဏ်ရာရနေပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ နီအမ်ဇိုတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက် ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ အနိုင်ရဖို့ ရာနှုန်းပြည့် ရှိနေပြီး သွင်းဂိုး ၁-၃ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

