ဟွေစကာကွင်းမှာ အက်သလက်တီကိုမက်ဒရစ် အနိုင်ရဖို့ ရာနှုန်းပြည့် ရှိနေတယ်

0
262

 

လာလီဂါပွဲစဉ် ၄ အဖြစ် ဟွေစကာအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ဟွေစကာရဲ့ အိမ်ကွင်းပွဲအဖြစ် ၃၀-၉-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ည ၁၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဟွေစကာအသင်း က လာလီဂါသုံးပွဲ ကစားအပြီး နှစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး ရမှတ်နှစ်မှတ်သာ ရရှိထားပေမဲ့ အက်သလက်တီကို မက်ဒရစ်က အဖွင့်ပွဲမှာ ဂရန်းနားဒါးအသင်းကို ၆-၁ နဲ့ အနိုင်ရထားခဲ့ပြီး ရမှတ် သုံးမှတ် အပြည့်ရရှိထားပါတယ်။

၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီက ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်ရှိထားပြီး အက်သလက်တီကိုမက်ဒရစ်က နှစ်ကျော့လုံးမှာ ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဟွေစကာအသင်းက နှစ်ပွဲနိုင် သုံးပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး အက်သလက်တီကိုမက်ဒရစ်က နောက်ဆုံး နှစ်ပွဲကစားအပြီး နှစ်ပွဲ အနိုင်ရထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းက လာလီဂါ နောက်ဆုံး ၁၇ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး ဟွေစကာအသင်းက နောက်ဆုံးကစားခဲ့တဲ့ လာလီဂါသုံးပွဲမှာ သွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူ နိုင်ခဲ့ပါတယ်။

ဟွေစကာအသင်းမှာ မက်ဖီအိုက ဒဏ်ရာရနေပြီး ရီကိုက ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အက်လက်တီကို မက်ဒရစ်အသင်းမှာ ဗာဆာကိုက ပါဝင်နိုင်ဖို့ မသေချာပေမဲ့ ဂျင်မီနက်ဇ်က ပြန်လည်ပါဝင်လာဖို့ ရှိနေပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဟွေစကာကွင်းမှာ အက်သလက်တီကိုမက်ဒရစ်အသင်းက အနိုင်ရဖို့ ရာနှုန်းပြည့်ရှိနေပြီး သွင်းဂိုး ၃-၁ လောက်နဲ့ အက်သလက်တီကိုက ဒုတိယမြောက် နိုင်ပွဲ ဖြစ်လာနိုင်ပါတယ်။

Zawgyi

ေဟြစကာကြင္းမွာ အက္သလက္တီကိုမက္ဒရစ္ အနိုင္ရဖို႔ ရာႏႈန္းျပည့္ ရွိေနတယ္

လာလီဂါပြဲစဥ္ ၄ အျဖစ္ ေဟြစကာအသင္းနဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းတို႔ဟာ ေဟြစကာရဲ့ အိမ္ကြင္းပြဲအျဖစ္ ၃၀-၉-၂၀၂၀ ရက္ ဗုဒၶဟူးေန႔ည ၁၁း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ေဟြစကာအသင္း က လာလီဂါသုံးပြဲ ကစားအၿပီး ႏွစ္ပြဲသေရ တစ္ပြဲရႈံးထားၿပီး ရမွတ္ႏွစ္မွတ္သာ ရရွိထားေပမဲ့ အက္သလက္တီကို မက္ဒရစ္က အဖြင့္ပြဲမွာ ဂရန္းနားဒါးအသင္းကို ၆-၁ နဲ႔ အနိုင္ရထားခဲ့ၿပီး ရမွတ္ သုံးမွတ္ အျပည့္ရရွိထားပါတယ္။
၂၀၁၈-၁၉ ခုႏွစ္ ေဘာလုံးရာသီက ထိပ္တိုက္ေတြ႕ဆုံမႈ ႏွစ္ႀကိမ္ရွိထားၿပီး အက္သလက္တီကိုမက္ဒရစ္က ႏွစ္ေက်ာ့လုံးမွာ ၃-၀ နဲ႔ အနိုင္ရခဲ့ပါတယ္။ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ေဟြစကာအသင္းက ႏွစ္ပြဲနိုင္ သုံးပြဲသေရနဲ႔ တစ္ပြဲရႈံးထားၿပီး အက္သလက္တီကိုမက္ဒရစ္က ေနာက္ဆုံး ႏွစ္ပြဲကစားအၿပီး ႏွစ္ပြဲ အနိုင္ရထားပါတယ္။ အက္သလက္တီကိုမက္ဒရစ္အသင္းက လာလီဂါ ေနာက္ဆုံး ၁၇ ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားၿပီး ေဟြစကာအသင္းက ေနာက္ဆုံးကစားခဲ့တဲ့ လာလီဂါသုံးပြဲမွာ သြင္းဂိုး ႏွစ္ဂိုးေအာက္သာ သြင္းယူ နိုင္ခဲ့ပါတယ္။
ေဟြစကာအသင္းမွာ မက္ဖီအိုက ဒဏ္ရာရေနၿပီး ရီကိုက ပါဝင္နိုင္မွာ မဟုတ္ပါဘူး။ အက္လက္တီကို မက္ဒရစ္အသင္းမွာ ဗာဆာကိုက ပါဝင္နိုင္ဖို႔ မေသခ်ာေပမဲ့ ဂ်င္မီနက္ဇ္က ျပန္လည္ပါဝင္လာဖို႔ ရွိေနပါတယ္။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ေဟြစကာကြင္းမွာ အက္သလက္တီကိုမက္ဒရစ္အသင္းက အနိုင္ရဖို႔ ရာႏႈန္းျပည့္ရွိေနၿပီး သြင္းဂိုး ၃-၁ ေလာက္နဲ႔ အက္သလက္တီကိုက ဒုတိယေျမာက္ နိုင္ပြဲ ျဖစ္လာနိုင္ပါတယ္။