အဖွင့်ပွဲအိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်က နှစ်ဂိုးလောက်တော့ သွင်းယူသွားနိုင်တယ်

0
309

 

ဘွန်ဒက်စ်လီဂါအဖွင့်ပွဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရှော်ကေးအသင်းတို့ဟာ ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၉-၉-၂၀၂၀ ရက် စနေနေ့ နံနက် ၁း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က ခြေစမ်းပွဲ တစ်ပွဲကစားအပြီး အနိုင်ရထားသလို ရှော်ကေးအသင်းက ခြေစမ်းပွဲ သုံးပွဲမှာ နှစ်ပွဲ နိုင် တစ်ပွဲရှုံးထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ရှော်ကေး ၀ – ၁ ဘိုင်ယန်မြူးနစ်(ဂျာမန် ပိုကယ်လ်ဖလား)

ဘိုင်ယန်မြူးနစ် ၅ – ၀ ရှော်ကေး(ဘွန်ဒက်စ်လီဂါ)

ရှော်ကေး ၀ – ၃ ဘိုင်ယန်မြူးနစ်(ဘွန်ဒက်စ်လီဂါ)

ဘိုင်ယန်မြူးနစ် ၃ – ၁ ရှော်ကေး(ဘွန်ဒက်စ်လီဂါ)

ရှော်ကေး ၀ – ၂ ဘိုင်ယန်မြူးနစ်(ဘွန်ဒက်စ်လီဂါ)

ဘိုင်ယန်မြူးနစ် ၂ – ၁ ရှော်ကေး(ဘွန်ဒက်စ်လီဂါ)

ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၁၃ ပွဲဆက် နိုင်ပွဲဖြစ်ပေါ်ထားပါတယ်။ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါ အိမ်ကွင်းပွဲ နောက်ဆုံး ၁၉ ပွဲကစားအပြီး ၁၆ ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးအထက် သွင်းယူနိုင်ခဲ့ပါ တယ်။ ဘိုင်ယန်မြူးနစ်က ရှော်ကေးအသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးရှစ်ပွဲဆက် နိုင်ပွဲရရှိခဲ့ပါတယ်။ ဘိုင်ယန် မြူးနစ်က ဘွန်ဒက်စ်လီဂါ နောက်ဆုံး ပွဲ ၂၀ ကစားအပြီး ၁၇ ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ရှော်ကေးအသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၁၆ ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပါတယ်။ ဘိုင်ယန်မြူးနစ်က ရှော်ကေးနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ရှစ်ပွဲ ကစားအပြီး ခြောက်ပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပြီး ရှော်ကေးအသင်းနဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ရှော်ကေးအသင်းက ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲ နောက်ဆုံး ငါးပွဲကစားအပြီး အနည်းဆုံးပေးဂိုး နှစ်ဂိုး ဖြစ်ပေါ်ထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ နီအာဇူးက ဒဏ်ရာရနေပြီး သီယာဂိုးနဲ့ ကိုးမန်းတို့က ပါဝင်နိုင်ဖို့ မသေချာပေမဲ့ ရှော်ကေးအသင်းမှာ ဒဏ်ရာရ ကစားသမားကင်းစင်နေပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် ဘိုင်ယန်မြူးနစ်က အနိုင်ရဖို့ ၉၀% အထိ ရှိနေပြီး သွင်းဂိုး ၂-၀ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

