အာဆင်နယ်အသင်းနဲ့ တွေ့ဆုံချိန်မှာ လီဗာပူးလ်အသင်းက ကံဆိုးမိုးမှောင်ကျခဲ့ကြောင်း ကလော့ပ် ဝန်ခံပြောကြား

0
291

 

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ကစားရချိန်မှာ ကံဆိုးမိုးမှောင်ကျခဲ့ကြောင်း ကလော့ပ်က ဝန်ခံပြောကြားလိုက်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နှစ်က ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ရဲ့ ရှုံးပွဲမရှိစံချိန်ကို အာဆင်နယ်က ချိုးဖျက်ခဲ့ခြင်း အပေါ်မှာလည်း ၎င်းအနေနဲ့ အကြောင်းပြချက်ပေးစရာမရှိဘဲ အာဆင်နယ်ကို ကြောက်လန့်နေမိတယ်လို့ ဆိုပါတယ်။

လီဗာပူးလ်အသင်းဟာ ကွန်မြူနတီဒိုင်းပွဲစဉ်မှာလည်း ၁-၁ သရေဖြစ်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အာဆင်နယ်အသင်းကို ရှုံးခဲ့သလို ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ်မှာလည်း ရှုံးခဲ့ရပါတယ်။ အာဆင်နယ်အသင်းကို အာတီတာ ရောက်ရှိလာခဲ့ပြီးနောက်မှာ အသင်းရဲ့ တိုးတက်မှုတွေကို မြင်ကြရမှာ ဖြစ်သလို မြင့်မားတဲ့အဆင့်တစ်ခုမှာ ရှိနေတယ်လို့ ကလော့ပ်က ပြောပါတယ်။ ဒါပေမဲ့ တနင်္လာနေ့ အမ်ဖီးလ်ကွင်းရမှာ တွေ့ရမှာ ဖြစ်တဲ့အတွက်

ကလော့ပ်က “ ကွျန်တော်တို့ သူတို့နဲ့ နှစ်ကြိမ်မြောက် တွေ့ဆုံရမှာပါ။ ကွန်မြူနတီဒိုင်းပွဲမှာ အဖွင့်ပွဲ ဖြစ်ခဲ့ပေမဲ့ ကွျန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ ဒီပွဲကတော့ လိဂ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲအနေနဲ့ တွေ့ရမှာဖြစ်တယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ သူတို့ကို ကွျန်တော်တို့က လက်ဆောင်ဂိုး နှစ်ဂိုးပေးလိုက်ရတယ်လို့ ကွျန်တော် ထင်ပါတယ်။ အဲဒီပွဲမှာ အနည်းငယ် အာရုံစူးစိုက်မှုတွေ လွှတ်ချထားကြတယ်လို့ ကွျန်တော်ထင်ပါတယ်။ ဒါကလည်း နောက်ကျခဲ့တဲ့ မနှစ်က ဘောလုံးရာသီမှာ ဖြစ်ခဲ့ဖြစ်ပြီး အာဆင်နယ်ကလည်း ဒီလိုအရာမျိုးကို စောင့်နေကြတာပါ။ ဒီပြိုင်ပွဲအတွင်းမှာ ကောင်းမွန်တဲ့ အစိတ်အပိုင်းတွေနဲ့ ကွျန်တော်တို့ ရွေ့လျားသွားကြပါတယ်။ အဲဒီညမှာ ကွျန်တော်တို့ အနိုင်ရရှိခဲ့နိုင်လျက်နဲ့ ဘာမှ မလုပ်နိုင်ခဲ့ဘဲ ကွျန်တော်တို့ ခွင့်ပြုပေးလိုက်ရတယ်။ အာဆင်နယ်အသင်းပေါ်ကို အကောင်းမြင်စိတ်များစွာနဲ့ ကွျန်တော်ပြောနေတာပါ။ ဒါပေမဲ့ တနင်္လာနေ့ညမှာတော့ အခွင့်အရေးတစ်ခုပေါ်မှာ ကွျန်တော်တို့ ရှိနေကြမယ်လို့ တွေးမိပါတယ် ” လို့ ပြောပါတယ်။

162

အာတီတာဟာ အာဆင်နယ်ကို ရောက်ရှိပြီး ပထမကိုးလအတွင်းမှာ ပြောင်းလဲမှုတွေနဲ့ တိုးတက်မှုတွေ အမှန်တကယ်ဖြစ်ပေါ်ခဲ့လို့ ၁၁ ကြိမ်မြောက် အက်ဖ်အေဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ကလော့ပ်က “ အာတီတာက အချိန်တိုအတွင်းမှာ အထင်ကြီးစရာကောင်းတဲ့ ဘောလုံးအသင်းမန်နေဂျာ တစ်ဦးအနေနဲ့ မြင်တွေ့နေရပါတယ်။ ဘာကြောင့်လဲဆိုရင် သူတည်ဆောက်ထားတဲ့ အသင်းကလည်း အထင်ကြီးစရာဖြစ်နေတယ်လေ။ ခံစစ်နဲ့ တိုက်စစ်ပိုင်းမှာ မျှပြီး အမှန်တကယ်ကောင်းမွန် နေတာကို မင်းမြင်ရမှာပါ။ သူက အသင်းတစ်ခုလုံးရဲ့ စိတ်ခံစားမှုပြောင်းလဲပစ်နိုင်ခဲ့ပြီး ကြီးမားတဲ့အလုပ်ကို လုပ်ပြနိုင်ခဲ့တယ် ” လို့ ပြောပါတယ်။

Zawgyi

အာဆင္နယ္အသင္းနဲ႔ ေတြ႕ဆုံခ်ိန္မွာ လီဗာပူးလ္အသင္းက ကံဆိုးမိုးေမွာင္က်ခဲ့ေၾကာင္း ကေလာ့ပ္ ဝန္ခံေျပာၾကား

ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္တဲ့ လီဗာပူးလ္အသင္းဟာ အာဆင္နယ္အသင္းနဲ႔ ရင္ဆိုင္ကစားရခ်ိန္မွာ ကံဆိုးမိုးေမွာင္က်ခဲ့ေၾကာင္း ကေလာ့ပ္က ဝန္ခံေျပာၾကားလိုက္ပါတယ္။ ဒါေၾကာင့္ ၿပီးခဲ့တဲ့ ႏွစ္က ပရီးမီးယားလိဂ္မွာ လီဗာပူးလ္ရဲ့ ရႈံးပြဲမရွိစံခ်ိန္ကို အာဆင္နယ္က ခ်ိဳးဖ်က္ခဲ့ျခင္း အေပၚမွာလည္း ၎အေနနဲ႔ အေၾကာင္းျပခ်က္ေပးစရာမရွိဘဲ အာဆင္နယ္ကို ေၾကာက္လန႔္ေနမိတယ္လို႔ ဆိုပါတယ္။
လီဗာပူးလ္အသင္းဟာ ကြန္ျမဴနတီဒိုင္းပြဲစဥ္မွာလည္း ၁-၁ သေရျဖစ္ခဲ့ၿပီး ပင္နယ္တီအဆုံးအျဖတ္မွာ အာဆင္နယ္အသင္းကို ရႈံးခဲ့သလို ၿပီးခဲ့တဲ့ႏွစ္ ပရီးမီးယားလိဂ္မွာလည္း ရႈံးခဲ့ရပါတယ္။ အာဆင္နယ္အသင္းကို အာတီတာ ေရာက္ရွိလာခဲ့ၿပီးေနာက္မွာ အသင္းရဲ့ တိုးတက္မႈေတြကို ျမင္ၾကရမွာ ျဖစ္သလို ျမင့္မားတဲ့အဆင့္တစ္ခုမွာ ရွိေနတယ္လို႔ ကေလာ့ပ္က ေျပာပါတယ္။ ဒါေပမဲ့ တနလၤာေန႔ အမ္ဖီးလ္ကြင္းရမွာ ေတြ႕ရမွာ ျဖစ္တဲ့အတြက္
ကေလာ့ပ္က “ ကြ်န္ေတာ္တို႔ သူတို႔နဲ႔ ႏွစ္ႀကိမ္ေျမာက္ ေတြ႕ဆုံရမွာပါ။ ကြန္ျမဴနတီဒိုင္းပြဲမွာ အဖြင့္ပြဲ ျဖစ္ခဲ့ေပမဲ့ ကြ်န္ေတာ္တို႔ ကံမေကာင္းခဲ့ပါဘူး။ ဒီပြဲကေတာ့ လိဂ္ၿပိဳင္ပြဲရဲ့ အဖြင့္ပြဲအေနနဲ႔ ေတြ႕ရမွာျဖစ္တယ္။ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ သူတို႔ကို ကြ်န္ေတာ္တို႔က လက္ေဆာင္ဂိုး ႏွစ္ဂိုးေပးလိုက္ရတယ္လို႔ ကြ်န္ေတာ္ ထင္ပါတယ္။ အဲဒီပြဲမွာ အနည္းငယ္ အာ႐ုံစူးစိုက္မႈေတြ လႊတ္ခ်ထားၾကတယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ ဒါကလည္း ေနာက္က်ခဲ့တဲ့ မႏွစ္က ေဘာလုံးရာသီမွာ ျဖစ္ခဲ့ျဖစ္ၿပီး အာဆင္နယ္ကလည္း ဒီလိုအရာမ်ိဳးကို ေစာင့္ေနၾကတာပါ။ ဒီၿပိဳင္ပြဲအတြင္းမွာ ေကာင္းမြန္တဲ့ အစိတ္အပိုင္းေတြနဲ႔ ကြ်န္ေတာ္တို႔ ေရြ႕လ်ားသြားၾကပါတယ္။ အဲဒီညမွာ ကြ်န္ေတာ္တို႔ အနိုင္ရရွိခဲ့နိုင္လ်က္နဲ႔ ဘာမွ မလုပ္နိုင္ခဲ့ဘဲ ကြ်န္ေတာ္တို႔ ခြင့္ျပဳေပးလိုက္ရတယ္။ အာဆင္နယ္အသင္းေပၚကို အေကာင္းျမင္စိတ္မ်ားစြာနဲ႔ ကြ်န္ေတာ္ေျပာေနတာပါ။ ဒါေပမဲ့ တနလၤာေန႔ညမွာေတာ့ အခြင့္အေရးတစ္ခုေပၚမွာ ကြ်န္ေတာ္တို႔ ရွိေနၾကမယ္လို႔ ေတြးမိပါတယ္ ” လို႔ ေျပာပါတယ္။
အာတီတာဟာ အာဆင္နယ္ကို ေရာက္ရွိၿပီး ပထမကိုးလအတြင္းမွာ ေျပာင္းလဲမႈေတြနဲ႔ တိုးတက္မႈေတြ အမွန္တကယ္ျဖစ္ေပၚခဲ့လို႔ ၁၁ ႀကိမ္ေျမာက္ အက္ဖ္ေအဖလားကိုလည္း ရယူနိုင္ခဲ့ပါတယ္။
ဆက္လက္ၿပီး ကေလာ့ပ္က “ အာတီတာက အခ်ိန္တိုအတြင္းမွာ အထင္ႀကီးစရာေကာင္းတဲ့ ေဘာလုံးအသင္းမန္ေနဂ်ာ တစ္ဦးအေနနဲ႔ ျမင္ေတြ႕ေနရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သူတည္ေဆာက္ထားတဲ့ အသင္းကလည္း အထင္ႀကီးစရာျဖစ္ေနတယ္ေလ။ ခံစစ္နဲ႔ တိုက္စစ္ပိုင္းမွာ မၽွၿပီး အမွန္တကယ္ေကာင္းမြန္ ေနတာကို မင္းျမင္ရမွာပါ။ သူက အသင္းတစ္ခုလုံးရဲ့ စိတ္ခံစားမႈေျပာင္းလဲပစ္နိုင္ခဲ့ၿပီး ႀကီးမားတဲ့အလုပ္ကို လုပ္ျပနိုင္ခဲ့တယ္ ” လို႔ ေျပာပါတယ္။