အာတီတာဟာ အာဆင်နယ်တစ်သင်းလုံးရဲ့ ခံစားမှုတွေကို ပြောင်းလဲနိုင်စွမ်းရှိသူ တစ်ယောက်ဖြစ်တယ် ဆိုပြီး ကလော့ပ် ချီးကျူးစကားဆို

0
255

 

 

လီဗာပူးလ်မန်နေဂျာ ကလော့ပ်က အာဆင်နယ်အသင်း မန်နေဂျာ အာတီတာဟာ အာဆင်နယ် တစ်သင်းလုံးရဲ့ ခံစားမှုတွေကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုပြီး ချီးကျူးစကား ဆိုလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ တနင်္လာနေ့မှာ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အိမ်ကွင်းပွဲ ကစားသွားရမှာဖြစ်ပြီး ယင်းနောက် အောက်တိုဘာ ၁ ရက်နေ့မှာ လိဂ်ဖလားပွဲစဉ် ထပ်မံတွေ့ဆုံသွားရမှာ ဖြစ်ပါတယ်။

ကလော့ပ်က ကွန်မြူနတီဒိုင်းပွဲမှာ အာဆင်နယ်အသင်းကို မမျှော်လင့်ထားဘဲ ရှုံးပွဲတွေ့စေခဲ့သလို အာတီတာက ထူးခြားတဲ့ မန်နေဂျာတစ်ယောက်ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။ နှစ်သင်းလုံးဟာ ယခုနှစ် ဘောလုံးရာသီရဲ့ အဖွင့်ပွဲစဉ် နှစ်ပွဲလုံးကို အနိုင်ရထားပြီး ရမှတ်ခြောက်မှတ်စီ စတင်ရရှိနေကြပါတယ်။

149

ကလော့ပ်က “ သူနဲ့ ခိုင်းနှိုင်းပြောစရာ သေချာပေါက် မရှိသေးဘူး။ ဒါပေမဲ့ အာတီတာက ကာလတိုအတွင်းမှာ သူ့ရဲ့ အရည်အချင်းတွေကို ပြသခဲ့တာက ထူးခြားတဲ့ မန်နေဂျာတစ်ယောက် ဖြစ်တယ်ဆိုတာပါပဲ။ အသင်းရဲ့ တည်ဆောက်ပုံကလည်း ထူးထူးခြားခြားဖြစ်နေတာကို မြင်တွေ့နေရပါတယ်။ တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းမျှနေတာကိုလည်း မင်းတို့တွေ မြင်တွေ့ကြရမှာပါ။ ကောင်းမွန်တဲ့ အသင်းအဖွဲ့တစ်ခုဖြစ် နေပြီး ကစားသမားတွေကလည်း လွတ်လွတ်လပ်လပ်နဲ့ သူတို့ နေရာမှန်မှာ ကစားနေကြရတယ်။ သူက အထင်ကြီးလောက်စရာဖြစ်အောင် လှလှပပ လုပ်ပြနိုင်တယ်။ သူက အသင်းတစ်သင်းလုံးရဲ့ ခံစားမှုတွေကိုလည်း ပြောင်းလဲနိုင်စွမ်း ရှိနေတယ်။ များစွာသော လူတွေက ဒီလိုမျိုးဖြတ်သန်းသွားနိုင်မယ်လို့ ကွျန်တော် မတွေးမိပါဘူး။ သူက တချို့သောအရာတွေကို အနိုင်ရအောင် ပြုလုပ်သွားတာက အက်ဖ်အေဖလားပွဲမှာ လုပ်ပြလိုက်ခြင်းပါပဲ။ အခုချိန်မှာ အင်္ဂလိပ်ရဲ့ စူပါဖလားပိုင်ရှင်(ကွန်မြူနတီဒိုင်း) ဖြစ်နေတယ်။ ဒါက လှပစွာအထင်ကြီးစရာပါ။ သူတို့တွေက ပြိုင်ဘက်ကို ထပ်ပြီး ထိုးနှက်ကြဦးမှာပါ ” လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ခံစစ်ပိုင်းကို အခိုင်အမာတည်ဆောက်ထားပြီး ကောင်တာ တိုက်စစ်တွေနဲ့ ကစားနေတာနဲ့ ပတ်သက်ပြီး ကလော့ပ်က “ ဒါက သူတို့တွေရဲ့ ခံစစ်ပိုင်း တည်ဆောက်မှုဖြစ် သလို သူတို့ရဲ့ သင့်တင့်လျောက်ပတ်တဲ့ ခံစစ်ပိုင်းပါ။ သူတို့ရဲ့ ၅-၄-၁ ကစားကွက်မှာ အားလုံးသော ကစားသမားတွေက ခံစစ်ပိုင်းမှာ ပါဝင်လာကြတယ်။ သူတို့အသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေက အခြားအသင်းမှာထက် ပိုပြီးများတယ်။ ကောင်တာပိုင်းမှာလည်း သူတို့က လျှင်မြန်မှုကို သုံးပြီး အန္တရာယ် ပေးသွားနိုင်တယ်။ စူပါဖလား(ကွန်မြူနတီဒိုင်း)နဲ့ အခုလာမဲ့ပွဲနဲ့ ဆိုရင် ကွျန်တော်တို့ သူတို့အသင်းနဲ့ ဒီနှစ်မှာ နှစ်ကြိမ် ကြုံရမှာပါ။ စူပါဖလားမှာတော့ ကွျန်တော်တို့ ကံဆိုးစေခဲ့တယ်။ ကွျန်တော်က အာဆင်နယ်အသင်းပေါ်မှာ အကောင်းမြင်ဝါဒနဲ့ ပြောခဲ့တာပါ။ ဒါပေမဲ့ တနင်္လာနေ့မှာတော့ အခွင့်အရေးတွေက ကွျန်တော်ဘက်မှာ ရပ်တည်နေမှာပါ ” လို့ ပြောပါတယ်။

Zawgyi

အာတီတာဟာ အာဆင္နယ္တစ္သင္းလုံးရဲ့ ခံစားမႈေတြကို ေျပာင္းလဲနိုင္စြမ္းရွိသူ တစ္ေယာက္ျဖစ္တယ္ ဆိုၿပီး ကေလာ့ပ္ ခ်ီးက်ဴးစကားဆို

လီဗာပူးလ္မန္ေနဂ်ာ ကေလာ့ပ္က အာဆင္နယ္အသင္း မန္ေနဂ်ာ အာတီတာဟာ အာဆင္နယ္ တစ္သင္းလုံးရဲ့ ခံစားမႈေတြကို ေျပာင္းလဲနိုင္စြမ္းရွိတဲ့ လူတစ္ေယာက္ျဖစ္တယ္ဆိုၿပီး ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။ လီဗာပူးလ္အသင္းဟာ တနလၤာေန႔မွာ အာဆင္နယ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ အိမ္ကြင္းပြဲ ကစားသြားရမွာျဖစ္ၿပီး ယင္းေနာက္ ေအာက္တိုဘာ ၁ ရက္ေန႔မွာ လိဂ္ဖလားပြဲစဥ္ ထပ္မံေတြ႕ဆုံသြားရမွာ ျဖစ္ပါတယ္။
ကေလာ့ပ္က ကြန္ျမဴနတီဒိုင္းပြဲမွာ အာဆင္နယ္အသင္းကို မေမၽွာ္လင့္ထားဘဲ ရႈံးပြဲေတြ႕ေစခဲ့သလို အာတီတာက ထူးျခားတဲ့ မန္ေနဂ်ာတစ္ေယာက္ျဖစ္တယ္လို႔လည္း ၎က ဆိုပါတယ္။ ႏွစ္သင္းလုံးဟာ ယခုႏွစ္ ေဘာလုံးရာသီရဲ့ အဖြင့္ပြဲစဥ္ ႏွစ္ပြဲလုံးကို အနိုင္ရထားၿပီး ရမွတ္ေျခာက္မွတ္စီ စတင္ရရွိေနၾကပါတယ္။
ကေလာ့ပ္က “ သူနဲ႔ ခိုင္းႏွိုင္းေျပာစရာ ေသခ်ာေပါက္ မရွိေသးဘူး။ ဒါေပမဲ့ အာတီတာက ကာလတိုအတြင္းမွာ သူ႔ရဲ့ အရည္အခ်င္းေတြကို ျပသခဲ့တာက ထူးျခားတဲ့ မန္ေနဂ်ာတစ္ေယာက္ ျဖစ္တယ္ဆိုတာပါပဲ။ အသင္းရဲ့ တည္ေဆာက္ပုံကလည္း ထူးထူးျခားျခားျဖစ္ေနတာကို ျမင္ေတြ႕ေနရပါတယ္။ တိုက္စစ္ပိုင္းနဲ႔ ခံစစ္ပိုင္းမၽွေနတာကိုလည္း မင္းတို႔ေတြ ျမင္ေတြ႕ၾကရမွာပါ။ ေကာင္းမြန္တဲ့ အသင္းအဖြဲ႕တစ္ခုျဖစ္ ေနၿပီး ကစားသမားေတြကလည္း လြတ္လြတ္လပ္လပ္နဲ႔ သူတို႔ ေနရာမွန္မွာ ကစားေနၾကရတယ္။ သူက အထင္ႀကီးေလာက္စရာျဖစ္ေအာင္ လွလွပပ လုပ္ျပနိုင္တယ္။ သူက အသင္းတစ္သင္းလုံးရဲ့ ခံစားမႈေတြကိုလည္း ေျပာင္းလဲနိုင္စြမ္း ရွိေနတယ္။ မ်ားစြာေသာ လူေတြက ဒီလိုမ်ိဳးျဖတ္သန္းသြားနိုင္မယ္လို႔ ကြ်န္ေတာ္ မေတြးမိပါဘူး။ သူက တခ်ိဳ႕ေသာအရာေတြကို အနိုင္ရေအာင္ ျပဳလုပ္သြားတာက အက္ဖ္ေအဖလားပြဲမွာ လုပ္ျပလိုက္ျခင္းပါပဲ။ အခုခ်ိန္မွာ အဂၤလိပ္ရဲ့ စူပါဖလားပိုင္ရွင္(ကြန္ျမဴနတီဒိုင္း) ျဖစ္ေနတယ္။ ဒါက လွပစြာအထင္ႀကီးစရာပါ။ သူတို႔ေတြက ၿပိဳင္ဘက္ကို ထပ္ၿပီး ထိုးႏွက္ၾကဦးမွာပါ ” လို႔ ဆိုပါတယ္။
အာဆင္နယ္အသင္းဟာ လက္ရွိအခ်ိန္မွာ ခံစစ္ပိုင္းကို အခိုင္အမာတည္ေဆာက္ထားၿပီး ေကာင္တာ တိုက္စစ္ေတြနဲ႔ ကစားေနတာနဲ႔ ပတ္သက္ၿပီး ကေလာ့ပ္က “ ဒါက သူတို႔ေတြရဲ့ ခံစစ္ပိုင္း တည္ေဆာက္မႈျဖစ္ သလို သူတို႔ရဲ့ သင့္တင့္ေလ်ာက္ပတ္တဲ့ ခံစစ္ပိုင္းပါ။ သူတို႔ရဲ့ ၅-၄-၁ ကစားကြက္မွာ အားလုံးေသာ ကစားသမားေတြက ခံစစ္ပိုင္းမွာ ပါဝင္လာၾကတယ္။ သူတို႔အသင္းမွာ အရည္အခ်င္းရွိတဲ့ ကစားသမားေတြက အျခားအသင္းမွာထက္ ပိုၿပီးမ်ားတယ္။ ေကာင္တာပိုင္းမွာလည္း သူတို႔က လၽွင္ျမန္မႈကို သုံးၿပီး အႏၲရာယ္ ေပးသြားနိုင္တယ္။ စူပါဖလား(ကြန္ျမဴနတီဒိုင္း)နဲ႔ အခုလာမဲ့ပြဲနဲ႔ ဆိုရင္ ကြ်န္ေတာ္တို႔ သူတို႔အသင္းနဲ႔ ဒီႏွစ္မွာ ႏွစ္ႀကိမ္ ၾကဳံရမွာပါ။ စူပါဖလားမွာေတာ့ ကြ်န္ေတာ္တို႔ ကံဆိုးေစခဲ့တယ္။ ကြ်န္ေတာ္က အာဆင္နယ္အသင္းေပၚမွာ အေကာင္းျမင္ဝါဒနဲ႔ ေျပာခဲ့တာပါ။ ဒါေပမဲ့ တနလၤာေန႔မွာေတာ့ အခြင့္အေရးေတြက ကြ်န္ေတာ္ဘက္မွာ ရပ္တည္ေနမွာပါ ” လို႔ ေျပာပါတယ္။