အိမ်ကွင်းမှာ နိုင်ပွဲအဖြစ် စတင်ဖန်တီးသွားမဲ့ ဗလင်စီယာ

0
196

 

စပိန်လာလီဂါပွဲစဉ် ၁ အဖြစ် ဗလင်စီယာအသင်းနဲ့ လီဗန်တေးအသင်းတို့ဟာ ဗလင်စီယာရဲ့ အိမ်ကွင်းပွဲ အဖြစ် ၁၄-၉-၂၀၂၀ ရက် တနင်္လာနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လီဗန်တေး ၀ – ၀ ဗလင်စီယာ(ခြေစမ်းပွဲ)

ဗလင်စီယာ ၁ – ၁ လီဗန်တေး(လာလီဂါ)

လီဗန်တေး ၂ – ၄ ဗလင်စီယာ(လာလီဂါ)

ဗလင်စီယာ ၃ – ၁ လီဗန်တေး(လာလီဂါ)

လီဗန်တေး ၂ – ၂ ဗလင်စီယာ(လာလီဂါ)

ဗလင်စီယာ ၃ – ၁ လီဗန်တေး(လာလီဂါ)

ဗလင်စီယာအသင်းက ခြေစမ်ပွဲ လေးပွဲ ကစားအပြီးမှာ သုံးပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပြီး လီဗန်တေးက ခြေစမ်းပွဲ ငါးပွဲကစားအပြီး လေးပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပါတယ်။ ဗလင်စီယာက အိမ်ကွင်းမှာ လီဗန်တေးနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၃ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဗလင်စီယာက လာလီဂါ ပွဲ ၂၀ ကစားအပြီး ၁၉ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဗလင်စီယာက လာလီဂါ နောက်ဆုံးသုံးပွဲ ကစားအပြီး ပျမ်းမျှသွင်းဂိုး နှစ်ဂိုး အောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။

ဗလင်စီယာအသင်းမှာ ဂူဒက်စ်၊ ဂျာမီရို၊ ဆီလက်ဆင်နဲ့ လက်တိုက ပါဝင်နိုင်ဖို့ မသေချာသလို လီဗန်တေး အသင်းမှာ မာတီ၊ ရိုချီနာ၊ ဒူကိုရီတို့က ဒဏ်ရာရနေပြီး ဗီဇိုက ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက် ဗလင်စီယာက အိမ်ကွင်းမှာ အနိုင်ရဖို့ ရာနှုန်းပြည့် ရှိနေပြီး သွင်းဂိုး ၂-၁ လောက်နဲ့ အနိုင်ရရှိသွားနိုင်ပါတယ်။

Zawgyi

