အိမ်ကွင်းမှာ မန်စီးတီးက လက်စတာကို နှစ်ဂိုးပြတ်လောက်တော့ အနိုင်ယူသွားမှာ

0
438

 

ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် မန်စီးတီးအသင်းနဲ့ လက်စတာစီးတီးအသင်းတို့ဟာ မန်စီးတီးရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၇-၉-၂၀၂၀ ရက် တနင်္ဂနွေနေ့ည ၁၀း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက အဖွင့်ပွဲမှာ ဝုဗ်အသင်းကို အနိုင်ရထားသလို လက်စတာက အဖွင့်နှစ်ပွဲဆက် အနိုင်ရထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လက်စတာ ၀ – ၁ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၃ – ၁ လက်စတာ(ပရီးမီးယားလိဂ်)

မန်စီးတီး ၁ – ၀ လက်စတာ(ပရီးမီးယားလိဂ်)

လက်စတာ ၂ – ၁ မန်စီးတီး(ပရီးမီးယားလိဂ်)

လက်စတာ ၁ – ၁ မန်စီးတီး(လိဂ်ဖလား)

မန်စီးတီး ၅ – ၁ လက်စတာ(ပရီးမီးယားလိဂ်)

မန်စီးတီးအသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ၁၁ ပွဲကစားအပြီး အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲဆက် အနိုင်ရထားပြီး သွင်းဂိုး ၂၆ ဂိုးနဲ့ ပေးဂိုး ၁ ဂိုးသာ ဖြစ်ပေါ်ခဲ့ပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံးခုနစ်ပွဲ ကစားအပြီး ခြောက်ပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ မန်စီးတီးက လက်စတာအသင်းနဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲဆက် အနိုင်ရထားပါတယ်။ လက်စတာအသင်းက ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုး အထက်သွင်းယူထားနိုင်ပါတယ်။ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂျီးဆပ်က လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ် ငါးပွဲ တွေ့ဆုံခဲ့ပြီး လေးဂိုး သွင်းယူထားနိုင်ပါတယ်။ လက်စတာအသင်းက ပရီးမီးယားလိဂ် အဖွင့်ပွဲ နှစ်ပွဲ အနိုင်ရထားပေမဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေက အဖွင့်ပွဲ သုံးပွဲဆက် အနိုင်ရရှိခြင်း မရှိခဲ့ပါဘူး။ လက်စတာ တိုက်စစ်မှူး ဗာဒီက မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ရှစ်ပွဲ တွေ့ဆုံ အပြီးမှာ ငါးဂိုး သွင်းယူထားနိုင်ပါတယ်။ လက်စတာမန်နေဂျာ ရော်ဟာ မန်စီးတီးအသင်းနဲ့ အဝေးကွင်းပွဲ ခုနစ်ပွဲတွေ့ဆုံခဲ့အပြီး နိုင်ပွဲမရခဲ့ဘဲ နှစ်ပွဲသရေ ငါးပွဲ ရှုံးထားပါတယ်။

မန်စီးတီးအသင်းမှာ အဂူရို၊ ဘာနက်ဒို ဆေးလ်ဗား၊ ကန်ဆယ်လို၊ ဇင်ချန်ကိုနဲ့ ဂျီဆပ်တို့က ဒဏ်ရာရနေပြီး လက်စတာအသင်းမှာ အမ်ဒီဒီ၊ ပါအဲယားနဲ့ ဘန်ကိုဗစ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် မန်စီးတီးက အနိုင်ရလဒ်အတွက် ၇၅% ရှိနေပြီး သွင်းဂိုး ၃-၁ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

အိမ္ကြင္းမွာ မန္စီးတီးက လက္စတာကို ႏွစ္ဂိုးျပတ္ေလာက္ေတာ့ အနိုင္ယူသြားမွာ

ပရီးမီးယားလိဂ္ပြဲစဥ္ ၃ အျဖစ္ မန္စီးတီးအသင္းနဲ႔ လက္စတာစီးတီးအသင္းတို႔ဟာ မန္စီးတီးရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၇-၉-၂၀၂၀ ရက္ တနဂၤေႏြေန႔ည ၁၀း၀၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ မန္စီးတီးအသင္းက အဖြင့္ပြဲမွာ ဝုဗ္အသင္းကို အနိုင္ရထားသလို လက္စတာက အဖြင့္ႏွစ္ပြဲဆက္ အနိုင္ရထားပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
လက္စတာ ၀ – ၁ မန္စီးတီး(ပရီးမီးယားလိဂ္)
မန္စီးတီး ၃ – ၁ လက္စတာ(ပရီးမီးယားလိဂ္)
မန္စီးတီး ၁ – ၀ လက္စတာ(ပရီးမီးယားလိဂ္)
လက္စတာ ၂ – ၁ မန္စီးတီး(ပရီးမီးယားလိဂ္)
လက္စတာ ၁ – ၁ မန္စီးတီး(လိဂ္ဖလား)
မန္စီးတီး ၅ – ၁ လက္စတာ(ပရီးမီးယားလိဂ္)
မန္စီးတီးအသင္းက ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံး ၁၁ ပြဲကစားအၿပီး အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ မန္စီးတီးက ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံး ခုနစ္ပြဲဆက္ အနိုင္ရထားၿပီး သြင္းဂိုး ၂၆ ဂိုးနဲ႔ ေပးဂိုး ၁ ဂိုးသာ ျဖစ္ေပၚခဲ့ပါတယ္။ မန္စီးတီးက ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံးခုနစ္ပြဲ ကစားအၿပီး ေျခာက္ပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထားပါတယ္။ မန္စီးတီးက လက္စတာအသင္းနဲ႔ အိမ္ကြင္းမွာ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေလးပြဲဆက္ အနိုင္ရထားပါတယ္။ လက္စတာအသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံးသုံးပြဲမွာ ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုး အထက္သြင္းယူထားနိုင္ပါတယ္။ မန္စီးတီးအသင္းရဲ့ တိုက္စစ္မႉး ဂ်ီးဆပ္က လက္စတာအသင္းနဲ႔ ပရီးမီးယားလိဂ္ ငါးပြဲ ေတြ႕ဆုံခဲ့ၿပီး ေလးဂိုး သြင္းယူထားနိုင္ပါတယ္။ လက္စတာအသင္းက ပရီးမီးယားလိဂ္ အဖြင့္ပြဲ ႏွစ္ပြဲ အနိုင္ရထားေပမဲ့ ၿပီးခဲ့တဲ့ ေဘာလုံးရာသီေတြက အဖြင့္ပြဲ သုံးပြဲဆက္ အနိုင္ရရွိျခင္း မရွိခဲ့ပါဘူး။ လက္စတာ တိုက္စစ္မႉး ဗာဒီက မန္စီးတီးနဲ႔ ပရီးမီးယားလိဂ္ ရွစ္ပြဲ ေတြ႕ဆုံ အၿပီးမွာ ငါးဂိုး သြင္းယူထားနိုင္ပါတယ္။ လက္စတာမန္ေနဂ်ာ ေရာ္ဟာ မန္စီးတီးအသင္းနဲ႔ အေဝးကြင္းပြဲ ခုနစ္ပြဲေတြ႕ဆုံခဲ့အၿပီး နိုင္ပြဲမရခဲ့ဘဲ ႏွစ္ပြဲသေရ ငါးပြဲ ရႈံးထားပါတယ္။
မန္စီးတီးအသင္းမွာ အဂူရို၊ ဘာနက္ဒို ေဆးလ္ဗား၊ ကန္ဆယ္လို၊ ဇင္ခ်န္ကိုနဲ႔ ဂ်ီဆပ္တို႔က ဒဏ္ရာရေနၿပီး လက္စတာအသင္းမွာ အမ္ဒီဒီ၊ ပါအဲယားနဲ႔ ဘန္ကိုဗစ္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အိမ္ရွင္ မန္စီးတီးက အနိုင္ရလဒ္အတြက္ ၇၅% ရွိေနၿပီး သြင္းဂိုး ၃-၁ ေလာက္ ျဖစ္ေပၚလာနိုင္ပါတယ္။