အေစီမီလန်အသင်းနဲ့ အီဗရာဟီ မိုဗစ် နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုး

0
281

 

အေစီမီလန်အသင်းက အသက် ၃၈ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ကို တစ်နှစ်စာလုပ်ခ ပေါင် ၆ သန်းနဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် မိုဗစ်ဟာ ၂၀၂၀-၂၁ ခုနှစ် ဘောလုံးရာသီအတွက် အေစီမီလန်အသင်းမှာ ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ခြောက်လ စာချုပ်နဲ့ အေစီမီလန်ကို ရောက်ရှိလာခဲ့ပြီးနောက် အသင်းက ယခုနှစ် တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်အတည်းက အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ ရှိတယ်ဆိုပြီး မိုဗစ် ကိုယ်တိုင် အတည်ပြုထုတ်ပြန်ခဲ့ပြီး ကာလဘယ်လောက် ရှည်မယ်ဆိုတာ မသိသေးဘူးလို့ ပါရှိပါတယ်။ မိုဗစ်ဟာ အသင်းဖော်တွေနဲ့ ရာသီကြိုလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ရောက်ရှိနေပြီး ၎င်းက အသင်းရဲ့ လာဘ်ကောင်မဟုတ်ဘဲ အီတလီမှာ ထိပ်ဆုံးအဆင့်မှာ နောက်တစ်ကြိမ် ရပ်တည်နိုင်အောင် အသင်းကို ကူညီပေးနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

02

မိုဗစ်က “ အသင်းကို နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိခဲ့ရလို့ ပျော်ရွှင်ရပါတယ်။ နောက်ဆုံးတော့လည်း မဒေရှိရာ မဒေစုဆိုသလိုပါပဲ။ ဘယ်နေရာကနေပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ ပြန်လာရပြီး ကွျန်တော့်ရဲ့စိတ်ထဲမှာ အိမ်ပြန်ရောက်သလိုခံစားရတယ်။ အခုချိန်မှာ ကွျန်တော်တို့က အလုပ်တွေလုပ်ရရင်းနဲ့ ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်သွားရပါမယ်။ ကွျန်တော်က ဒီအသင်းရဲ့ လာဘ်ကောင်မဟုတ်ပါဘူး။ အသင်းရဲ့ ရလဒ်ကောင်းတွေ ရရှိအောင် ကူညီပေးချင်သူပါ။ ပြီးခဲ့တဲ့ခြောက်လကလည်း ကွျန်တော်တို့အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ ကွျန်တော်တို့ ဘာတစ်ခုမှ အနိုင်ရခဲ့တာမျိုး မရှိခဲ့ဘူး။ ဒီအရာက လည်း ကွျန်တော်တို့တွေ ရည်မှန်းချက်ကို ရောက်ရှိဖို့ စွန့်လွှတ်အနစ်နာခဲ့ပြီး အလုပ်ကို ကြိုးစားလုပ်ခဲ့ကြပေမဲ့ ဖြစ်လာနိုင်ဖွယ် ရှိတဲ့အရာပါပဲ ” လို့ပြောပါတယ်။

မိုဗစ်ရဲ့ စာချုပ်သစ်မှာ အခြေခံလစာတစ်ခုထဲပါဝင်ပြီး ဂိုးသွင်းမှုနဲ့ ပွဲထွက်ခွင့်တွေအပေါ်မှာ ဆုကြေးရရှိခြင်း မပါဝင်ဘူးလို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။ မိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စီးရီးအေ ၁၈ ပွဲကစားအပြီး ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပြီး အေစီမီလန်အသင်းရဲ့ ၁၃ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ဖြစ်ပေါ်လာအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက “ ကွျန်တော်စိတ်ထဲမှာ ခံစားမိတဲ့အရာတိုင်းက ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ဘောလုံးကွင်းထဲကို မီလန်ပရိသတ်တွေ ပြန်လည်ဝင်ရောက်ခွင့်ရဖို့မျှော်လင့်မိပါတယ်။ အမိုးမရှိတဲ့ ဆန်ဆီယိုကွင်းထဲက ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံဟာ အသင်းအတွက် လိုအပ်ချက်တစ်ခုပါပဲ ” လို့ပြောပါတယ်။

Zawgyi

ေအစီမီလန္အသင္းနဲ႔ အီဗရာဟီ မိုဗစ္ ေနာက္ထပ္တစ္ႏွစ္ စာခ်ဳပ္သက္တမ္းတိုး

ေအစီမီလန္အသင္းက အသက္ ၃၈ ႏွစ္အရြယ္ ဝါရင့္တိုက္စစ္မႉး အီဗရာဟီ မိုဗစ္ကို တစ္ႏွစ္စာလုပ္ခ ေပါင္ ၆ သန္းနဲ႔ တစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ မိုဗစ္ဟာ ၂၀၂၀-၂၁ ခုႏွစ္ ေဘာလုံးရာသီအတြက္ ေအစီမီလန္အသင္းမွာ ဆက္လက္ရွိေနမွာ ျဖစ္ပါတယ္။ ၎ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီက ေျခာက္လ စာခ်ဳပ္နဲ႔ ေအစီမီလန္ကို ေရာက္ရွိလာခဲ့ၿပီးေနာက္ အသင္းက ယခုႏွစ္ တစ္ႏွစ္သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ အပတ္အတည္းက ေအစီမီလန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တိုးဖို႔ ရွိတယ္ဆိုၿပီး မိုဗစ္ ကိုယ္တိုင္ အတည္ျပဳထုတ္ျပန္ခဲ့ၿပီး ကာလဘယ္ေလာက္ ရွည္မယ္ဆိုတာ မသိေသးဘူးလို႔ ပါရွိပါတယ္။ မိုဗစ္ဟာ အသင္းေဖာ္ေတြနဲ႔ ရာသီႀကိဳေလ့က်င့္မႈေတြ ျပဳလုပ္ဖို႔ ေရာက္ရွိေနၿပီး ၎က အသင္းရဲ့ လာဘ္ေကာင္မဟုတ္ဘဲ အီတလီမွာ ထိပ္ဆုံးအဆင့္မွာ ေနာက္တစ္ႀကိမ္ ရပ္တည္နိုင္ေအာင္ အသင္းကို ကူညီေပးေနသူ ျဖစ္တယ္လို႔ ဆိုပါတယ္။
မိုဗစ္က “ အသင္းကို ေနာက္တစ္ႀကိမ္ျပန္လည္ေရာက္ရွိခဲ့ရလို႔ ေပ်ာ္ရႊင္ရပါတယ္။ ေနာက္ဆုံးေတာ့လည္း မေဒရွိရာ မေဒစုဆိုသလိုပါပဲ။ ဘယ္ေနရာကေနပဲ ျဖစ္ျဖစ္ ေနာက္ဆုံးေတာ့ ျပန္လာရၿပီး ကြ်န္ေတာ့္ရဲ့စိတ္ထဲမွာ အိမ္ျပန္ေရာက္သလိုခံစားရတယ္။ အခုခ်ိန္မွာ ကြ်န္ေတာ္တို႔က အလုပ္ေတြလုပ္ရရင္းနဲ႔ ရလဒ္ေကာင္းေတြ ရရွိေအာင္ လုပ္ေဆာင္သြားရပါမယ္။ ကြ်န္ေတာ္က ဒီအသင္းရဲ့ လာဘ္ေကာင္မဟုတ္ပါဘူး။ အသင္းရဲ့ ရလဒ္ေကာင္းေတြ ရရွိေအာင္ ကူညီေပးခ်င္သူပါ။ ၿပီးခဲ့တဲ့ေျခာက္လကလည္း ကြ်န္ေတာ္တို႔အေကာင္းဆုံး လုပ္ေဆာင္နိုင္ခဲ့တာေတြ ရွိပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ ဘာတစ္ခုမွ အနိုင္ရခဲ့တာမ်ိဳး မရွိခဲ့ဘူး။ ဒီအရာက လည္း ကြ်န္ေတာ္တို႔ေတြ ရည္မွန္းခ်က္ကို ေရာက္ရွိဖို႔ စြန႔္လႊတ္အနစ္နာခဲ့ၿပီး အလုပ္ကို ႀကိဳးစားလုပ္ခဲ့ၾကေပမဲ့ ျဖစ္လာနိုင္ဖြယ္ ရွိတဲ့အရာပါပဲ ” လို႔ေျပာပါတယ္။
မိုဗစ္ရဲ့ စာခ်ဳပ္သစ္မွာ အေျခခံလစာတစ္ခုထဲပါဝင္ၿပီး ဂိုးသြင္းမႈနဲ႔ ပြဲထြက္ခြင့္ေတြအေပၚမွာ ဆုေၾကးရရွိျခင္း မပါဝင္ဘူးလို႔ အီတလီမီဒီယာေတြက ေဖာ္ျပထားပါတယ္။ မိုဗစ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက စီးရီးေအ ၁၈ ပြဲကစားအၿပီး ၁၀ ဂိုး သြင္းယူနိုင္ခဲ့ၿပီး ေအစီမီလန္အသင္းရဲ့ ၁၃ ပြဲဆက္ ရႈံးပြဲမရွိ စံခ်ိန္ျဖစ္ေပၚလာေအာင္ ကူညီေပးနိုင္ခဲ့ပါတယ္။
ဆက္လက္ၿပီး ၎က “ ကြ်န္ေတာ္စိတ္ထဲမွာ ခံစားမိတဲ့အရာတိုင္းက ေကာင္းမြန္ပါတယ္။ ဒါေပမဲ့ ေဘာလုံးကြင္းထဲကို မီလန္ပရိသတ္ေတြ ျပန္လည္ဝင္ေရာက္ခြင့္ရဖို႔ေမၽွာ္လင့္မိပါတယ္။ အမိုးမရွိတဲ့ ဆန္ဆီယိုကြင္းထဲက ပရိသတ္ေတြရဲ့ ေအာ္ဟစ္အားေပးသံဟာ အသင္းအတြက္ လိုအပ္ခ်က္တစ္ခုပါပဲ ” လို႔ေျပာပါတယ္။