အဲစတွန်ဗီလာအသင်းနဲ့ ငါးနှစ်စာချုပ်သက်တမ်းတိုးလိုက်တဲ့ ဂရီအာလစ်

0
248

 

အဲစတွန်ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂရီအာလစ်ဟာ အသင်းနဲ့ နောက်ထပ် ငါးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဂရီအာလစ်ဟာ အဲစတွန်ဗီလာ အသင်းမှာ ရှစ်နှစ်သားကတည်းက စတင်ရောက်ရှိခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ် ဘောလုံးရာသီမှာ အသင်းနဲ့ ပွဲဦးထွက် စတင်ကစားခဲ့သူ ဖြစ်ပါတယ်။

ဂရီအာလစ်က “ ဒါက ကွျန်တော့်ရဲ့ အိမ်၊ ဒီနေရာက ကွျန်တော့်ရဲ့ အသင်းပါ။ ဒီမှာ ရှိနေရလို့ ကွျန်တော် ပျော်ပါတယ် ” ဆိုပြီး အင်္ဂါနေ့က အသင်းနဲ့ စာချုပ်သက်တမ်းတိုးအပြီးမှာ ပြောကြားလိုက်ပါတယ်။ ၎င်းဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားအဖြစ် ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ အပတ်က ဒိန်းမတ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့ပြီးနောက် အဲစတွန်ဗီလာအသင်းမှာ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆို လိုက်တာ ဖြစ်ပါတယ်။

အဲစတွန်ဗီလာအသင်းရဲ့ အမှုဆောင်အရာရှိဖြစ်သူ ပါစလိုက “ ဂရီအာလစ်ကို ဝန်းရံပြီး ကွျန်တော်တို့ တွေက ထိပ်တန်းအသင်းတစ်သင်းအဖြစ် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ စာချုပ်သစ်အတွက် လက်ခံပေးခဲ့လို့ အားရကျေနပ်မိပါတယ် ” လို့ ပြောပါတယ်။

ဂရီအာလစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းရဲ့ အဓိကကစားသမားနေရာက ပါဝင်ခဲ့သလို ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ၎င်းက ပရီးမီးယားလိဂ်ပွဲ ၃၆ ပွဲပါဝင်ခဲ့ပြီး ရှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ဂရီအာလစ်က “ အသင်းပိုင်ရှင်က ဘယ်လိုရည်ရွယ်ချက်မျိုးတွေ ပြုလုပ်သွားဖို့ ရှိနေတယ်ဆိုတာ ကွျန်တော့်ကို ပြောပြခဲ့တယ်။ အသင်းကိုလည်း ဘယ်လိုတည်ဆောက်သွားမယ်ဆိုတာလည်း ပါပါတယ်။ ဒါက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းစေသလို ဒီလိုနေရာမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဦးဆောင်ခွင့်ရတာ ကျေးဇူးတင်ရှိပါတယ် ” လို့ ဆိုပါတယ်။ အဲစတွန်ဗီလာအသင်းဟာ ၂၀၂၀-၂၁ ခုနှစ် ဘောလုံးရာသီ အဖွင့်ပွဲအဖြစ် လာမဲ့ တနင်္လာနေ့မှာ ရှက်ဖီးလ်ယူနိုက်တက်အသင်းကို အိမ်ကွင်းပွဲအဖြစ် စတင် ကစားသွားရမှာ ဖြစ်ပါတယ်။

Zawgyi

အဲစတြန္ဗီလာအသင္းနဲ႔ ငါးႏွစ္စာခ်ဳပ္သက္တမ္းတိုးလိုက္တဲ့ ဂရီအာလစ္

အဲစတြန္ဗီလာအသင္းရဲ့ ကြင္းလယ္ကစားသမား ဂရီအာလစ္ဟာ အသင္းနဲ႔ ေနာက္ထပ္ ငါးႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တယ္လို႔ သိရပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ ဂရီအာလစ္ဟာ အဲစတြန္ဗီလာ အသင္းမွာ ရွစ္ႏွစ္သားကတည္းက စတင္ေရာက္ရွိခဲ့ၿပီး ၂၀၁၃-၁၄ ခုႏွစ္ ေဘာလုံးရာသီမွာ အသင္းနဲ႔ ပြဲဦးထြက္ စတင္ကစားခဲ့သူ ျဖစ္ပါတယ္။
ဂရီအာလစ္က “ ဒါက ကြ်န္ေတာ့္ရဲ့ အိမ္၊ ဒီေနရာက ကြ်န္ေတာ့္ရဲ့ အသင္းပါ။ ဒီမွာ ရွိေနရလို႔ ကြ်န္ေတာ္ ေပ်ာ္ပါတယ္ ” ဆိုၿပီး အဂၤါေန႔က အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးအၿပီးမွာ ေျပာၾကားလိုက္ပါတယ္။ ၎ဟာ အဂၤလန္လက္ေရြးစင္ကစားသမားအျဖစ္ ပထမဆုံးအႀကိမ္ေရြးခ်ယ္ခံခဲ့ရၿပီး ၿပီးခဲ့တဲ့ အပတ္က ဒိန္းမတ္အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ပါဝင္ခဲ့ၿပီးေနာက္ အဲစတြန္ဗီလာအသင္းမွာ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း တိုးျမႇင့္ခ်ဳပ္ဆို လိုက္တာ ျဖစ္ပါတယ္။
အဲစတြန္ဗီလာအသင္းရဲ့ အမႈေဆာင္အရာရွိျဖစ္သူ ပါစလိုက “ ဂရီအာလစ္ကို ဝန္းရံၿပီး ကြ်န္ေတာ္တို႔ ေတြက ထိပ္တန္းအသင္းတစ္သင္းအျဖစ္ တည္ေဆာက္ဖို႔ ဆုံးျဖတ္ခဲ့ၾကတာပါ။ စာခ်ဳပ္သစ္အတြက္ လက္ခံေပးခဲ့လို႔ အားရေက်နပ္မိပါတယ္ ” လို႔ ေျပာပါတယ္။
ဂရီအာလစ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက အသင္းရဲ့ အဓိကကစားသမားေနရာက ပါဝင္ခဲ့သလို ၂၀၁၉-၂၀ ေဘာလုံးရာသီမွာ ၎က ပရီးမီးယားလိဂ္ပြဲ ၃၆ ပြဲပါဝင္ခဲ့ၿပီး ရွစ္ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။
ဆက္လက္ၿပီး ဂရီအာလစ္က “ အသင္းပိုင္ရွင္က ဘယ္လိုရည္ရြယ္ခ်က္မ်ိဳးေတြ ျပဳလုပ္သြားဖို႔ ရွိေနတယ္ဆိုတာ ကြ်န္ေတာ့္ကို ေျပာျပခဲ့တယ္။ အသင္းကိုလည္း ဘယ္လိုတည္ေဆာက္သြားမယ္ဆိုတာလည္း ပါပါတယ္။ ဒါက အရမ္းကို စိတ္လႈပ္ရွားစရာေကာင္းေစသလို ဒီလိုေနရာမွာ အစိတ္အပိုင္းတစ္ခုအေနနဲ႔ ဦးေဆာင္ခြင့္ရတာ ေက်းဇူးတင္ရွိပါတယ္ ” လို႔ ဆိုပါတယ္။ အဲစတြန္ဗီလာအသင္းဟာ ၂၀၂၀-၂၁ ခုႏွစ္ ေဘာလုံးရာသီ အဖြင့္ပြဲအျဖစ္ လာမဲ့ တနလၤာေန႔မွာ ရွက္ဖီးလ္ယူနိုက္တက္အသင္းကို အိမ္ကြင္းပြဲအျဖစ္ စတင္ ကစားသြားရမွာ ျဖစ္ပါတယ္။