အဲစတွန်ဗီလာ ကွင်းလယ်ကစားသမား ဂရီအာလစ်ကို အင်္ဂလန်လက်ရွေးစင်ကစားသမားအဖြစ် ပထမဆုံး အကြိမ်ခေါ်ယူ

0
286

 

အဲစတွန်ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ဂရီအာလစ်ကို အင်္ဂလန်လက်ရွေးစင် ကစား သမားအဖြစ် ပထမဆုံးအနေနဲ့ အင်္ဂလန်အသင်းမန်နေဂျာ ဆောက်ဂိတ်က ရွေးချယ်ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ရတ်ဖို့ဒ်နဲ့ ဟာရီဝင့်ခ်တို့ အသင်းမှာ မပါဝင်ချိန်မှာ ဂရီအာလစ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး ၎င်းက အင်္ဂလန်အသင်းရဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေဖြစ်တဲ့ အိုက်စလန်အသင်းနဲ့ ဒိန်းမတ် အသင်းတို့ ပွဲစဉ်တွေမှာ ပါဝင်ကစားသွားရမှာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂရီအာလစ်ဟာ အင်္ဂလန်ယူ-၂၁ အသင်းမှာ ပါဝင်ခွင့်ရခဲ့ပေမဲ့ လက်ရွေးစင်အသင်း ကြီးမှာ ပါဝင်ခွင့်ရဖို့အတွက် ကြိုးစားခဲ့ပေမဲ့ ယခုအချိန်မှာတော့ ပထမဆုံးအကြိမ် ပါဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂရီအာလစ်နဲ့အတူ ဂရင်းဝုဒ်ကလည်း ကနဦးအဖြေတစ်ခု ဖြစ်တယ်လို့ ဆောက်ဂိတ်က ပြောထားပါတယ်။

ဆောက်ဂိတ်က “ သူကစားတာကို ကွျန်တော့်ရဲ့ အမြင်ကို ပြောရမယ်ဆိုရင် ဂရင်းဝုဒ်၊ ရတ်ဖို့ဒ်၊ ဆန်ချိုနဲ့ စတားလင်းတို့ ကစားတာနဲ့ တူပါတယ်။ သူ့ရဲ့ ခြေစွမ်းအပေါ်မှာ ဘာမှ သံသယရှိမနေပါဘူး။ သူက ကွင်းလယ်ဖန်တီးရှင်တစ်ယောက်အနေနဲ့ ကစားနိုင်ပါတယ် ” လို့ ပြောပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဂိုးသမား ဟမ်ဒါဆင်၊ ပစ်ဖို့ဒ်၊ နစ်ပုတ် ခံစစ်ပိုင်းမှာ အာနိုး၊ ကိုအာဒီ၊ ဒီယာ၊ ဂိုမက်ဇ်၊ မိုက်ကယ်ကိန်း၊ မေလန်နိုက်စ်၊ မင်းစ်၊ ထရစ်ပီယာ၊ ဝေါကာ၊ ကွင်းလယ်ပိုင်းအတွက် ဖိုဒန်၊ မန်ဆန် မောက်၊ ဖီးလစ်၊ ဒီကလန် ရိုက်၊ ဝက် ပလောက်၊ ဂရီအာလစ်၊ တိုက်စစ်ပိုင်းမှာ အေဘရာဟင်၊ ဂရင်းဝုဒ်၊ ဒန်နီ အင့်၊ ဟာရီကိန်း၊ ဆန်ချိုနဲ့ စတားလင်းတို့ကို ရွေးချယ်ထားပါတယ်။

Zawgyi

အဲစတြန္ဗီလာ ကြင္းလယ္ကစားသမား ဂရီအာလစ္ကို အဂၤလန္လက္ေရြးစင္ကစားသမားအျဖစ္ ပထမဆုံး အႀကိမ္ေခၚယူ

အဲစတြန္ဗီလာအသင္းရဲ့ ကြင္းလယ္ကစားသမားျဖစ္တဲ့ ဂရီအာလစ္ကို အဂၤလန္လက္ေရြးစင္ ကစား သမားအျဖစ္ ပထမဆုံးအေနနဲ႔ အဂၤလန္အသင္းမန္ေနဂ်ာ ေဆာက္ဂိတ္က ေရြးခ်ယ္ခဲ့ပါတယ္။ အဂၤလန္ လက္ေရြးစင္ကစားသမားေတြျဖစ္တဲ့ ရတ္ဖို႔ဒ္နဲ႔ ဟာရီဝင့္ခ္တို႔ အသင္းမွာ မပါဝင္ခ်ိန္မွာ ဂရီအာလစ္ကို ေခၚယူခဲ့တာျဖစ္ၿပီး ၎က အဂၤလန္အသင္းရဲ့ ေနးရွင္းလိဂ္ပြဲစဥ္ေတြျဖစ္တဲ့ အိုက္စလန္အသင္းနဲ႔ ဒိန္းမတ္ အသင္းတို႔ ပြဲစဥ္ေတြမွာ ပါဝင္ကစားသြားရမွာ ျဖစ္ပါတယ္။
အသက္ ၂၄ ႏွစ္အရြယ္ ဂရီအာလစ္ဟာ အဂၤလန္ယူ-၂၁ အသင္းမွာ ပါဝင္ခြင့္ရခဲ့ေပမဲ့ လက္ေရြးစင္အသင္း ႀကီးမွာ ပါဝင္ခြင့္ရဖို႔အတြက္ ႀကိဳးစားခဲ့ေပမဲ့ ယခုအခ်ိန္မွာေတာ့ ပထမဆုံးအႀကိမ္ ပါဝင္ခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဂရီအာလစ္နဲ႔အတူ ဂရင္းဝုဒ္ကလည္း ကနဦးအေျဖတစ္ခု ျဖစ္တယ္လို႔ ေဆာက္ဂိတ္က ေျပာထားပါတယ္။
ေဆာက္ဂိတ္က “ သူကစားတာကို ကြ်န္ေတာ့္ရဲ့ အျမင္ကို ေျပာရမယ္ဆိုရင္ ဂရင္းဝုဒ္၊ ရတ္ဖို႔ဒ္၊ ဆန္ခ်ိဳနဲ႔ စတားလင္းတို႔ ကစားတာနဲ႔ တူပါတယ္။ သူ႔ရဲ့ ေျခစြမ္းအေပၚမွာ ဘာမွ သံသယရွိမေနပါဘူး။ သူက ကြင္းလယ္ဖန္တီးရွင္တစ္ေယာက္အေနနဲ႔ ကစားနိုင္ပါတယ္ ” လို႔ ေျပာပါတယ္။
အဂၤလန္လက္ေရြးစင္အသင္းမွာ ဂိုးသမား ဟမ္ဒါဆင္၊ ပစ္ဖို႔ဒ္၊ နစ္ပုတ္ ခံစစ္ပိုင္းမွာ အာနိုး၊ ကိုအာဒီ၊ ဒီယာ၊ ဂိုမက္ဇ္၊ မိုက္ကယ္ကိန္း၊ ေမလန္နိုက္စ္၊ မင္းစ္၊ ထရစ္ပီယာ၊ ေဝါကာ၊ ကြင္းလယ္ပိုင္းအတြက္ ဖိုဒန္၊ မန္ဆန္ ေမာက္၊ ဖီးလစ္၊ ဒီကလန္ ရိုက္၊ ဝက္ ပေလာက္၊ ဂရီအာလစ္၊ တိုက္စစ္ပိုင္းမွာ ေအဘရာဟင္၊ ဂရင္းဝုဒ္၊ ဒန္နီ အင့္၊ ဟာရီကိန္း၊ ဆန္ခ်ိဳနဲ႔ စတားလင္းတို႔ကို ေရြးခ်ယ္ထားပါတယ္။