၁၆ နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်က ယခုနှစ်မှာ ရယူသွားနိုင်စွမ်းရှိတယ်လို့ ဒေးဗစ် ဂျိမ်း ကြိုတင်ဟောကိန်းထုတ်

0
550

 

အာဆင်နယ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ ၁၆ နှစ်ကြာ ဝေးကွားနေတဲ့ ပရီးမီးယားလိဂ်ဖလား ရယူနိုင်စွမ်းရှိတဲ့ အသင်းဖြစ်နေတယ်လို့ လီဗာပူးလ်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းက ကြိုတင်ဟောကိန်းထုတ်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်း မန်နေဂျာ အာတီတာအနေနဲ့လည်း အသင်းက ကစားသမားတွေနဲ့ ပြိုင်ပွဲတွေမှာ လက်ဆောင်တွေကို ရရှိနေတယ်လို့ထင်ထားကြောင်း ၎င်းက ဆိုပါတယ်။

103

ဒေးဗစ် ဂျိမ်းက “ အာဆင်နယ်နဲ့ ပတ်သက်ပြီး ကွျန်တော်တွေးထားတာ တစ်ခုရှိတယ်။ အာတီတာ ဘာတွေ ပြုလုပ်နေလဲ ပြီးခဲ့တဲ့ နှစ်က အရာတွေအတွက် ပြီးမြောက်ဖို့ ဒီနှစ် ဘောလုံးရာသီ စတင်ကတည်းက သူတို့ ကြိုးစားနေကြတယ်။ သူက သူ့အသင်းနဲ့ အကောင်းဆုံးအလုပ်လုပ်ဖို့ အချိန်များစွာ ရရှိနေပြီး အသင်းကလည်း အကောင်းဆုံးလုပ်နေတယ်။ ဖူလ်ဟမ်နဲ့ပွဲကို ကြည့်လိုက်ရင် သူတို့ အကောင်းဆုံးကစားခဲ့တယ်။ အများမျှော်လင့်သလို သူတို့ အနိုင်ရလဒ်ဖြစ်စေခဲ့တယ်။ အာတီတာကတော့ သူ့ကစားသမားတွေဆီကနေ လက်ဆောင်တွေ ရရှိနေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ကွျန်တော်ထင်ပါတယ်။ သူတို့တွေက လွန်ခဲ့တဲ့ နှစ်နှစ်က မန်စီးတီး၊ လီဗာပူးလ်အသင်းတွေလို ဘာလို့ အကောင်းဆုံးဖြစ်အောင် ဘာလို့ မပြုလုပ်နိုင်ရမှာလဲ။ ဒါနဲ့ ပတ်သက်ပြီး အကြောင်းပြချက် မရှိပါဘူး။ ဒါက ပြီးခဲ့တဲ့ကာလတွေမှာ အောင်မြင်မှုရခဲ့တဲ့ အသင်းတွေကလည်း ယခုနှစ် ဘောလုံးရာသီမှာ တိုက်ပွဲဝင်သွားရပါလိမ့်မယ် ” လို့ ပြောပါတယ်။

ချန်ပီယံဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ အဖွင့်ပွဲမှာ လိဒ်ယူနိုက်တက်အသင်းကို အနိုင်ရဖို့ ကြိုးစားကစားခဲ့ ရပြီး မန်စီးတီးအသင်းကတော့ နောက်တစ်ပတ် တနင်္လာနေ့မှာ ဝုဗ်အသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ဂျိမ်း ကတော့ ဒီနှစ် ဘောလုံးရာသီမှာ လီဗာပူးလ်က ချန်ပီယံဖလားကို ကာကွယ်ဖို့ ခက်ခဲမှာ ဖြစ်တယ်လို့ ယုံကြည် ထားပြီး အာဆင်နယ်အသင်းကတော့ သူတို့တွေရဲ့ လွတ်လပ်တဲ့ ကစားကွက်ပုံစံအသစ်နဲ့ ဆက်လက်သွားနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေးဗစ် ဂျိမ်းက “ ပရီးမီးယားလိဂ်ဖလား ရဖို့ဆိုတာ မလွယ်ကူမှန်း လူတိုင်းသိကြပါတယ်။ နှစ်နှစ် ဆက်တိုက် ဖလားရဖို့ဆိုရင်တော့ ပိုပြီးတော့ ခက်ခဲစေမှာပါ။ အချိန်ကာလအနေနဲ့ လီဗာပူးလ်က အကောင်းဆုံး ဖြတ်သန်းလာခဲ့တဲ့ နှစ်နှစ်တာရှိခဲ့ ပါတယ်။ ဒီလိုအချိန်မှာ သူတို့တွေ အကောင်းဆုံးသွားနိုင်မလား မလုပ်နိုင်ဘူးလား ဆိုတာကို မင်းလည်း စူးစမ်းမိမှာပါ။ ဘောလုံးနောက်ကို လိုက်နေသူတွေ အနေနဲ့တော့ အာတီတာ ပြုလုပ်နေတာတွေကို နှစ်သက်ကြပါလိမ့်မယ်။ သူတို့တွေ ဒီအခွင့်အရေးကို ရရှိနေတယ်လို့ ကွျန်တော်လည်း ထင်ပါတယ် ” လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းကို အက်ဖ်အေဖလား ဖိုင်နယ်မှာ ကျော်ဖြတ်ပြီး ဖလားရခဲ့သလို ကွန်မြူနတီဒိုင်းပွဲမှာလည်း ချန်ပီယံလီဗာပူးလ်ကို အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင်မှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး အူဘာမီရန်ကို ဆက်လက်ထိန်းထားနိုင်ပြီး သုံးနှစ်သက်တမ်းတိုးနိုင်ခဲ့သလို ၎င်းကလည်း အသင်းကို ယုံကြည်လို့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့မှာ ပြောင်းရွှေ့ကာလ ပိတ်သိမ်းမှာ ဖြစ်တဲ့အတွက် အာဆင်နယ်က ပြောင်းရွှေ့ကာလမသိမ်းခင်မှာ ကစားသမားသစ်တွေ ခေါ်ယူပြီး ပြုပြင်သွားဦးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Zawgyi

၁၆ ႏွစ္ၾကာေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကို အာဆင္နယ္က ယခုႏွစ္မွာ ရယူသြားနိုင္စြမ္းရွိတယ္လို႔ ေဒးဗစ္ ဂ်ိမ္း ႀကိဳတင္ေဟာကိန္းထုတ္

အာဆင္နယ္အသင္းဟာ ယခုႏွစ္ေဘာလုံးရာသီမွာ ၁၆ ႏွစ္ၾကာ ေဝးကြားေနတဲ့ ပရီးမီးယားလိဂ္ဖလား ရယူနိုင္စြမ္းရွိတဲ့ အသင္းျဖစ္ေနတယ္လို႔ လီဗာပူးလ္နဲ႔ အဂၤလန္အသင္းတို႔ရဲ့ ဂိုးသမားေဟာင္း ေဒးဗစ္ဂ်ိမ္းက ႀကိဳတင္ေဟာကိန္းထုတ္ေျပာၾကားလိုက္ပါတယ္။ အာဆင္နယ္အသင္း မန္ေနဂ်ာ အာတီတာအေနနဲ႔လည္း အသင္းက ကစားသမားေတြနဲ႔ ၿပိဳင္ပြဲေတြမွာ လက္ေဆာင္ေတြကို ရရွိေနတယ္လို႔ထင္ထားေၾကာင္း ၎က ဆိုပါတယ္။
ေဒးဗစ္ ဂ်ိမ္းက “ အာဆင္နယ္နဲ႔ ပတ္သက္ၿပီး ကြ်န္ေတာ္ေတြးထားတာ တစ္ခုရွိတယ္။ အာတီတာ ဘာေတြ ျပဳလုပ္ေနလဲ ၿပီးခဲ့တဲ့ ႏွစ္က အရာေတြအတြက္ ၿပီးေျမာက္ဖို႔ ဒီႏွစ္ ေဘာလုံးရာသီ စတင္ကတည္းက သူတို႔ ႀကိဳးစားေနၾကတယ္။ သူက သူ႔အသင္းနဲ႔ အေကာင္းဆုံးအလုပ္လုပ္ဖို႔ အခ်ိန္မ်ားစြာ ရရွိေနၿပီး အသင္းကလည္း အေကာင္းဆုံးလုပ္ေနတယ္။ ဖူလ္ဟမ္နဲ႔ပြဲကို ၾကည့္လိုက္ရင္ သူတို႔ အေကာင္းဆုံးကစားခဲ့တယ္။ အမ်ားေမၽွာ္လင့္သလို သူတို႔ အနိုင္ရလဒ္ျဖစ္ေစခဲ့တယ္။ အာတီတာကေတာ့ သူ႔ကစားသမားေတြဆီကေန လက္ေဆာင္ေတြ ရရွိေနတဲ့ လမ္းေၾကာင္းေပၚမွာ ရွိေနတယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ သူတို႔ေတြက လြန္ခဲ့တဲ့ ႏွစ္ႏွစ္က မန္စီးတီး၊ လီဗာပူးလ္အသင္းေတြလို ဘာလို႔ အေကာင္းဆုံးျဖစ္ေအာင္ ဘာလို႔ မျပဳလုပ္နိုင္ရမွာလဲ။ ဒါနဲ႔ ပတ္သက္ၿပီး အေၾကာင္းျပခ်က္ မရွိပါဘူး။ ဒါက ၿပီးခဲ့တဲ့ကာလေတြမွာ ေအာင္ျမင္မႈရခဲ့တဲ့ အသင္းေတြကလည္း ယခုႏွစ္ ေဘာလုံးရာသီမွာ တိုက္ပြဲဝင္သြားရပါလိမ့္မယ္ ” လို႔ ေျပာပါတယ္။
ခ်န္ပီယံျဖစ္တဲ့ လီဗာပူးလ္အသင္းဟာ အဖြင့္ပြဲမွာ လိဒ္ယူနိုက္တက္အသင္းကို အနိုင္ရဖို႔ ႀကိဳးစားကစားခဲ့ ရၿပီး မန္စီးတီးအသင္းကေတာ့ ေနာက္တစ္ပတ္ တနလၤာေန႔မွာ ဝုဗ္အသင္းနဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။ ဂ်ိမ္း ကေတာ့ ဒီႏွစ္ ေဘာလုံးရာသီမွာ လီဗာပူးလ္က ခ်န္ပီယံဖလားကို ကာကြယ္ဖို႔ ခက္ခဲမွာ ျဖစ္တယ္လို႔ ယုံၾကည္ ထားၿပီး အာဆင္နယ္အသင္းကေတာ့ သူတို႔ေတြရဲ့ လြတ္လပ္တဲ့ ကစားကြက္ပုံစံအသစ္နဲ႔ ဆက္လက္သြားေနမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
ေဒးဗစ္ ဂ်ိမ္းက “ ပရီးမီးယားလိဂ္ဖလား ရဖို႔ဆိုတာ မလြယ္ကူမွန္း လူတိုင္းသိၾကပါတယ္။ ႏွစ္ႏွစ္ ဆက္တိုက္ ဖလားရဖို႔ဆိုရင္ေတာ့ ပိုၿပီးေတာ့ ခက္ခဲေစမွာပါ။ အခ်ိန္ကာလအေနနဲ႔ လီဗာပူးလ္က အေကာင္းဆုံး ျဖတ္သန္းလာခဲ့တဲ့ ႏွစ္ႏွစ္တာရွိခဲ့ ပါတယ္။ ဒီလိုအခ်ိန္မွာ သူတို႔ေတြ အေကာင္းဆုံးသြားနိုင္မလား မလုပ္နိုင္ဘူးလား ဆိုတာကို မင္းလည္း စူးစမ္းမိမွာပါ။ ေဘာလုံးေနာက္ကို လိုက္ေနသူေတြ အေနနဲ႔ေတာ့ အာတီတာ ျပဳလုပ္ေနတာေတြကို ႏွစ္သက္ၾကပါလိမ့္မယ္။ သူတို႔ေတြ ဒီအခြင့္အေရးကို ရရွိေနတယ္လို႔ ကြ်န္ေတာ္လည္း ထင္ပါတယ္ ” လို႔ ဆိုပါတယ္။
အာဆင္နယ္အသင္းဟာ ခ်ဲလ္ဆီးအသင္းကို အက္ဖ္ေအဖလား ဖိုင္နယ္မွာ ေက်ာ္ျဖတ္ၿပီး ဖလားရခဲ့သလို ကြန္ျမဴနတီဒိုင္းပြဲမွာလည္း ခ်န္ပီယံလီဗာပူးလ္ကို အနိုင္ရခဲ့ပါတယ္။ ဒါ့အျပင္မွာ အသင္းရဲ့ အဓိကတိုက္စစ္မႉး အူဘာမီရန္ကို ဆက္လက္ထိန္းထားနိုင္ၿပီး သုံးႏွစ္သက္တမ္းတိုးနိုင္ခဲ့သလို ၎ကလည္း အသင္းကို ယုံၾကည္လို႔ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တာ ျဖစ္ပါတယ္။ ေအာက္တိုဘာ ၅ ရက္ေန႔မွာ ေျပာင္းေရႊ႕ကာလ ပိတ္သိမ္းမွာ ျဖစ္တဲ့အတြက္ အာဆင္နယ္က ေျပာင္းေရႊ႕ကာလမသိမ္းခင္မွာ ကစားသမားသစ္ေတြ ေခၚယူၿပီး ျပဳျပင္သြားဦးမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။