၂၀၁၉-၂၀ နှစ် ဘောလုံးရာသီအတွက် PFA ဆုကို မန်စီးတီးကွင်းလယ်ကစားသမား ဒီဘလိုင်းရရှိ

0
223

 

၂၀၁၉-၂၀ ခုနှစ် ဘောလုံးရာသီအတွက် ပရော်ဖက်ရှင် ကစားသမားသမားများအသင်း PFA မှာ ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဘလိုင်းက ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဘလိုင်းဟာ ၂၀၁၉-၂၀ ခုနှစ် ဘောလုံးရာသီမှာ ၁၃ ဂိုးသွင်းယူနိုင်ခဲ့သလို အကြိမ် ၂၀ ဖန်တီးမှု ပြုလုပ် ပေးနိုင်ခဲ့ပြီး မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ရဲ့ အဆင့်နှစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒီဘလိုင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ၂၀၁၁ ခုနှစ်က စပြီး မန်စီးတီးအသင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့တဲ့ တိုက်စစ်မှူး အဂူရိုကို ကျော်လွန်ပြီး ဂိုးတွေသွင်းယူနိုင်ခဲ့သလို ဆန်ကာတင်စာရင်းမှာ ပါဝင်တဲ့ အသင်းဖော် စတားလင်းကို ကျော်ဖြတ်ပြီး PFA ဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဘလိုင်းက “ ဒါက ကြီးမားတဲ့ ဂုဏ်သိက္ခာတစ်ခုဖြစ်တယ်။ ဘယ်သူမဆို ပြိုင်ပွဲတွေမှာ အံ့အားသင့်ဖွယ် ဖြစ်အောင် ကစားခဲ့ကြပါတယ်။ ပြိုင်ဘက်ကစားသမားတွေ လုပ်ဖော်ကိုင်ဖက်တွေက စုပေါင်းရွေးချယ်ပေး ခဲ့တာလို့ ကွျန်တော် ထင်ပါတယ်။ ဘယ်သူမဆို ပြိုင်ပွဲကွင်းအတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပေမဲ့ အကောင်းဆုံးကစားသမားဆုအတွက်လည်း သူတို့တွေက ဆန္ဒပြုရွေးချယ်ခဲ့ကြ တယ်။ ဒီအရာက အံ့အားသင့်ဖွယ်ကောင်းပါတယ် ” လို့ ဆိုပါတယ်။

လီဗာပူးလ်အသင်းခေါင်းဆောင် ဟမ်ဒါဆင်က “ PFA ရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရရှိလို့ ဂုဏ်ယူပါတယ် ဒီဘလိုင်းရေ။ ဒါက ပြိုင်ပွဲတွေအတွင်းမှာ ဖျော်ဖြေတင်ဆက်မှု တစ်ခုဖြစ်တယ်။ အကောင်းဆုံး ထိုက်တန်တဲ့ ဆုပါပဲ ” လို့ တွစ်တာမှာ ရေးသားဂုဏ်ပြုခဲ့ပါတယ်။

မန်စီးတီးမန်နေဂျာ ဂွါဒီယိုလာက “ ဒီဘလိုင်းအတွက် ကွျန်တော်တို့တွေ များစွာဂုဏ်ယူရပါတယ်။ ဒါက မန်စီးတီးအသင်းဟာ တောင့်တင်းခိုင်မာတဲ့အသင်းဖြစ်တယ်ဆိုတာကို ဆိုလိုလိုက်ခြင်းပါပဲ။ ဒီဘလိုင်းက ဒီဆုအတွက် ပထမဆုံး ပေါ်လာသူပါ ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်က မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပေမဲ့ PFA ဆုကိုတော့ လီဗာပူးလ်ကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ ဟမ်ဒါဆင်တို့က ရယူခဲ့ပါတယ်။

Zawgyi

၂၀၁၉-၂၀ ႏွစ္ ေဘာလုံးရာသီအတြက္ PFA ဆုကို မန္စီးတီးကြင္းလယ္ကစားသမား ဒီဘလိုင္းရရွိ

၂၀၁၉-၂၀ ခုႏွစ္ ေဘာလုံးရာသီအတြက္ ပေရာ္ဖက္ရွင္ ကစားသမားသမားမ်ားအသင္း PFA မွာ ခ်ီးျမႇင့္တဲ့ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုကို မန္စီးတီးအသင္းရဲ့ ကြင္းလယ္ကစားသမား ဒီဘလိုင္းက ရရွိခဲ့တယ္လို႔ သိရပါတယ္။
ဒီဘလိုင္းဟာ ၂၀၁၉-၂၀ ခုႏွစ္ ေဘာလုံးရာသီမွာ ၁၃ ဂိုးသြင္းယူနိုင္ခဲ့သလို အႀကိမ္ ၂၀ ဖန္တီးမႈ ျပဳလုပ္ ေပးနိုင္ခဲ့ၿပီး မန္စီးတီးအသင္းက ပရီးမီးယားလိဂ္ရဲ့ အဆင့္ႏွစ္ေနရာမွာ ရပ္တည္ခဲ့ပါတယ္။ ဒီဘလိုင္းက ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ၂၀၁၁ ခုႏွစ္က စၿပီး မန္စီးတီးအသင္းမွာ ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ခဲ့တဲ့ တိုက္စစ္မႉး အဂူရိုကို ေက်ာ္လြန္ၿပီး ဂိုးေတြသြင္းယူနိုင္ခဲ့သလို ဆန္ကာတင္စာရင္းမွာ ပါဝင္တဲ့ အသင္းေဖာ္ စတားလင္းကို ေက်ာ္ျဖတ္ၿပီး PFA ဆုကို ရယူနိုင္ခဲ့တာ ျဖစ္ပါတယ္။
ဒီဘလိုင္းက “ ဒါက ႀကီးမားတဲ့ ဂုဏ္သိကၡာတစ္ခုျဖစ္တယ္။ ဘယ္သူမဆို ၿပိဳင္ပြဲေတြမွာ အံ့အားသင့္ဖြယ္ ျဖစ္ေအာင္ ကစားခဲ့ၾကပါတယ္။ ၿပိဳင္ဘက္ကစားသမားေတြ လုပ္ေဖာ္ကိုင္ဖက္ေတြက စုေပါင္းေရြးခ်ယ္ေပး ခဲ့တာလို႔ ကြ်န္ေတာ္ ထင္ပါတယ္။ ဘယ္သူမဆို ၿပိဳင္ပြဲကြင္းအတြင္းမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ အျမဲတမ္း ထိပ္တိုက္ရင္ဆိုင္ခဲ့ၾကေပမဲ့ အေကာင္းဆုံးကစားသမားဆုအတြက္လည္း သူတို႔ေတြက ဆႏၵျပဳေရြးခ်ယ္ခဲ့ၾက တယ္။ ဒီအရာက အံ့အားသင့္ဖြယ္ေကာင္းပါတယ္ ” လို႔ ဆိုပါတယ္။
လီဗာပူးလ္အသင္းေခါင္းေဆာင္ ဟမ္ဒါဆင္က “ PFA ရဲ့တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုရရွိလို႔ ဂုဏ္ယူပါတယ္ ဒီဘလိုင္းေရ။ ဒါက ၿပိဳင္ပြဲေတြအတြင္းမွာ ေဖ်ာ္ေျဖတင္ဆက္မႈ တစ္ခုျဖစ္တယ္။ အေကာင္းဆုံး ထိုက္တန္တဲ့ ဆုပါပဲ ” လို႔ တြစ္တာမွာ ေရးသားဂုဏ္ျပဳခဲ့ပါတယ္။
မန္စီးတီးမန္ေနဂ်ာ ဂြါဒီယိုလာက “ ဒီဘလိုင္းအတြက္ ကြ်န္ေတာ္တို႔ေတြ မ်ားစြာဂုဏ္ယူရပါတယ္။ ဒါက မန္စီးတီးအသင္းဟာ ေတာင့္တင္းခိုင္မာတဲ့အသင္းျဖစ္တယ္ဆိုတာကို ဆိုလိုလိုက္ျခင္းပါပဲ။ ဒီဘလိုင္းက ဒီဆုအတြက္ ပထမဆုံး ေပၚလာသူပါ ” လို႔ ေျပာပါတယ္။
ၿပီးခဲ့တဲ့ ႏွစ္ႏွစ္က မန္စီးတီးအသင္းက ပရီးမီးယားလိဂ္ဖလားကို ရယူနိုင္ခဲ့ေပမဲ့ PFA ဆုကိုေတာ့ လီဗာပူးလ္ကစားသမားေတြျဖစ္တဲ့ ဆာလက္နဲ႔ ဟမ္ဒါဆင္တို႔က ရယူခဲ့ပါတယ္။