PFA  ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ လီဗာပူးလ်ကစားသမား ငါးဦးအထိ ပါဝင်

0
1108

 

PFA က ထုတ်ပြန်လိုက်တဲ တစ်နှစ်တာ အကောင်းဆုံးအသင်း စာရင်းမှာ လီဗာပူးလ်အသင်းက ကစားသမား ငါးဦးအထိ ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ ကလော့ပ်ဦးဆောင်တဲ့ လီဗာပူးလ်အသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့သလို ရမှတ် ၉၉ မှတ်နဲ့ ဒုတိယနေရာက မန်စီးတီးအသင်းကို ရမှတ် ၁၈ မှတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

အားကစားကလောင်ရှင်များက ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုလည်း ဟမ်ဒါဆင်က ရရှိခဲ့သလို ၎င်းအတွက်လည်း ကစားသမားဘ၀တစ်လျှောက်မှာ အသင်းအတွက် ပထမဆုံး ပြုလုပ် ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဟမ်ဒါဆင်က PFA တစ်နှစ်တာအကောင်းဆုံး အသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ အခြားသော လီဗာပူးလ် ကစားသမားတွေက မာနေး၊ ရော်ဘတ်ဆင်၊ ဗန်ဒိုက်နဲ့ PFA တစ်နှစ်တာ လူငယ်အကောင်းဆုံး ကစားသမားဆုရရှိတဲ့ အာနိုးတို့ ပါဝင်ပါတယ်။

မန်စီးတီးအသင်းက နှစ်ဦးပါဝင်နေပြီး PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရ ဒီဘလိုင်းနဲ့ မန်စီးတီးမှာ ၁၀ နှစ်ကြာကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား လေးကြိမ်ရယူနိုင်ခဲ့တဲ့ ဆေးလ်ဗားတို့ ပါဝင်ခဲ့ပါတယ်။ လက်စတာစီးတီးအသင်းက နှစ်ဦးပါဝင်ခဲ့ပြီး ရွှေဖိနပ်ရယူနိုင်ခဲ့တဲ့ ဗာဒီနဲ့ ခံစစ်ကစားသမား ဆိုယမ်ကူတို့ ဖြစ်ကြပါတယ်။ တစ်နှစ်တာ အကောင်းဆုံးအသင်းရဲ့ ဂိုးသမားနေရာမှာ ဘန်လေအသင်းရဲ့ ဂိုးသမား နစ်ပုပ် ဖြစ်ပြီး ၎င်းက ဘက်စတာ အော်လစ်ဆင်၊ အမ်ဒါဆင်နဲ့ ဒိန်း ဟမ်ဒါဆင်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်နေရာမှာတော့ အာဆင်နယ်အသင်းနဲ့အတူ ၂၂ ဂိုးအထိ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး အူဘာမီရန်ကို ရွေးချယ်ခဲ့ပါတယ်။

Zawgyi

PFA ရဲ့ တစ္ႏွစ္တာ အေကာင္းဆုံးအသင္းမွာ လီဗာပူးလ္ကစားသမား ငါးဦးအထိ ပါဝင္

PFA က ထုတ္ျပန္လိုက္တဲ တစ္ႏွစ္တာ အေကာင္းဆုံးအသင္း စာရင္းမွာ လီဗာပူးလ္အသင္းက ကစားသမား ငါးဦးအထိ ပါဝင္ေနပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္မွာ ကေလာ့ပ္ဦးေဆာင္တဲ့ လီဗာပူးလ္အသင္းဟာ ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆုံးပရီးမီးယားလိဂ္ဖလား ရယူနိုင္ခဲ့သလို ရမွတ္ ၉၉ မွတ္နဲ႔ ဒုတိယေနရာက မန္စီးတီးအသင္းကို ရမွတ္ ၁၈ မွတ္ ဦးေဆာင္နိုင္ခဲ့ပါတယ္။
အားကစားကေလာင္ရွင္မ်ားက ေပးအပ္တဲ့ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုကိုလည္း ဟမ္ဒါဆင္က ရရွိခဲ့သလို ၎အတြက္လည္း ကစားသမားဘ၀တစ္ေလၽွာက္မွာ အသင္းအတြက္ ပထမဆုံး ျပဳလုပ္ ေပးနိုင္ခဲ့ျခင္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဟမ္ဒါဆင္က PFA တစ္ႏွစ္တာအေကာင္းဆုံး အသင္းမွာလည္း ပါဝင္ခဲ့ပါတယ္။ အျခားေသာ လီဗာပူးလ္ ကစားသမားေတြက မာေနး၊ ေရာ္ဘတ္ဆင္၊ ဗန္ဒိုက္နဲ႔ PFA တစ္ႏွစ္တာ လူငယ္အေကာင္းဆုံး ကစားသမားဆုရရွိတဲ့ အာနိုးတို႔ ပါဝင္ပါတယ္။
မန္စီးတီးအသင္းက ႏွစ္ဦးပါဝင္ေနၿပီး PFA တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုရ ဒီဘလိုင္းနဲ႔ မန္စီးတီးမွာ ၁၀ ႏွစ္ၾကာကစားခဲ့ၿပီး ပရီးမီးယားလိဂ္ဖလား ေလးႀကိမ္ရယူနိုင္ခဲ့တဲ့ ေဆးလ္ဗားတို႔ ပါဝင္ခဲ့ပါတယ္။ လက္စတာစီးတီးအသင္းက ႏွစ္ဦးပါဝင္ခဲ့ၿပီး ေရႊဖိနပ္ရယူနိုင္ခဲ့တဲ့ ဗာဒီနဲ႔ ခံစစ္ကစားသမား ဆိုယမ္ကူတို႔ ျဖစ္ၾကပါတယ္။ တစ္ႏွစ္တာ အေကာင္းဆုံးအသင္းရဲ့ ဂိုးသမားေနရာမွာ ဘန္ေလအသင္းရဲ့ ဂိုးသမား နစ္ပုပ္ ျဖစ္ၿပီး ၎က ဘက္စတာ ေအာ္လစ္ဆင္၊ အမ္ဒါဆင္နဲ႔ ဒိန္း ဟမ္ဒါဆင္တို႔ကို ေက်ာ္ျဖတ္နိုင္ခဲ့တာ ျဖစ္ပါတယ္။ တိုက္စစ္ေနရာမွာေတာ့ အာဆင္နယ္အသင္းနဲ႔အတူ ၂၂ ဂိုးအထိ သြင္းယူခဲ့တဲ့ တိုက္စစ္မႉး အူဘာမီရန္ကို ေရြးခ်ယ္ခဲ့ပါတယ္။