ကစားသမားဘ၀ ဖြတ်သန်းမှုမှာ အင်္ဂလန်အသင်းအတွက် ၂၁ မိနစ် ပါဝင်ခွင့်ရခဲ့လို့ ဂုဏ်ယူမိကြောင်း ဘော်လ်တန်အသင်း ဂန္ထဝင်တိုက်စစ်မှူး ကီဗင် ဒါးဗစ် ပြောကြား

0
588

အသက် ၄၃ နှစ်အရွယ် ကီဗင် ဒါးဗစ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ် အသက် ၃၃ နှစ်အရွယ်မှာ အင်္ဂလန်အသင်း အတွက် ၂၁ မိနစ် ပါဝင်ကစားခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၎င်းဟာ ၂၀၁၂ ခုနှစ် ဥရောပချန်ပီယံပြိုင်ပွဲ ခြေစစ်ပွဲဖြစ်တဲ့ မွန်တီနီဂရိုးအသင်းနဲ့ ပွဲမှာ တိုက်စစ်မှူး ပီတာ ခရော့ချ်နဲ့ လူစားလဲ ဝင်ရောက်ကစားခဲ့ရပြီး အဆိုပါပွဲမှာ အင်္ဂလန်အသင်းက ၀-၁ နဲ့ အနိုင်ရခဲ့ပြီး အုပ်စုပထမ ဖြစ်ခဲ့ပါတယ်။

ဒါးဗစ်က “ အပြင်ရောက်သွားလို့လည်း ကွျန်တော်က ဘာမှ ခံစားမနေပါဘူး။ ဒါက ကွျန်တော့်အတွက် အဓိကအချက် ဖြစ်တယ်လို့ ထင်ပါတယ်။ ကွျန်တော်က ထိပ်တန်းကလပ်က ထိပ်တန်းကစားသမားတွေနဲ့အတူ ကစားခွင့်ရခဲ့တယ်။ စတီဗင် ဂျာရတ်နဲ့ ရွန်းနီတို့လို ကစားသမားတွေပေါ့လေ။ သူတို့နဲ့ လေ့ကျင့်မှုတွေ အတူပြုလုပ်ခဲ့ကြတယ်။ အတူထိုင်ပြီး စားသောက်ခွင့်ရတယ်။ ဒီလို နေ့မျိုးတွေက အမှတ်ရစေသလို ကွျန်တော့် အတွက်တော့ ဂုဏ်ယူမိတယ်။ ကွျန်တော့်ထက် အရပ်မြင့်မားတဲ့ ခရော့ချ်နဲ့က “ မင်းဒီကို ရောက်လာတာ ကြိုဆိုပါတယ်ကွာ ” ဆိုပြီး နွေးနွေးထွေးထွေး ကြင်နာစွာ စကားပြောခွင့်ရတာတွေက အမှတ်ရစရာတွေပါ။ အဲဒီ ကာလမှာ ရွန်းနီကလည်း လာပြီး စကားပြောတာတွေက အမှတ်ရစရာတွေပါ။ သူက အင်္ဂလန်ရဲ့ ထိပ်တန်း ကစားသမား ၁၀ ယောက်မှာ ပါဝင်သူ ဖြစ်သလို အင်္ဂလန်အသင်းရဲ့ အကောင်းဆုံး ကစားသမား ၁၁ ယောက် စာရင်းမှာ ပါဝင်သူဖြစ်တယ်။ ဒါတွေကို ပြောနေတာက ကွျန်တော့်ကို များစွာဂုဏ်ယူစရာ ဖြစ်စေလို့ပါပဲ ” လို့ ဆိုပါတယ်။

86

ဒါးဗစ်ဟာ ကစားသမားဘ၀မှာ ပွဲ ၈၂၀ ကစားခဲ့ပြီး ဂိုး ၁၅၀ သွင်းယူနိုင်ခဲ့သလို ပြစ်ဒဏ်ဘော ၆၀၅ ကြိမ် ရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းကြောင်းမှာ ဒုတိယမြောက် ပြစ်ဒဏ်ဘောပေးရသူ ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကစားသမားဘ၀က အနားယူခဲ့ပါတယ်။

Zawgyi