ကစားသမားသစ် ဟာကင်ဇီရက်ချ်ကို လမ်းပတ် ထောက်ခံအားပေး

0
293

Http iframes are not shown in https pages in many major browsers. Please read this post for details.Sbotop

ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က ကစားသမားသစ် ဟာကင်ဇီရက်ချ်ကို ထောက်ခံအားပေးစကား ပြောကြားလိုက်တယ်လို့ သိရပါတယ်။ ဇီရက်ချ်ဟာ အေဂျက်ဇ်အသင်းကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာပြီး နောက် တိုတောင်းလွန်းတဲ့ ရာသီကြိုကာလမှာလည်း ဒဏ်ရာရခဲ့ဖူးကာ ချဲလ်ဆီးကစားသမားဘဝ အစပိုင်းမှာ စိတ်ပျက်စရာတွေ ကြုံခဲ့ရသူပါ။

အစောပိုင်းမှာ ချဲလ်ဆီးအသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ၃ ကြိမ်သာ ပါဝင်ထားရပေမဲ့ ခရက်စ်နိုဒါ ကို ၄-ဝ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာတော့ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး အသင်းအတွက် တတိယမြောက်ဂိုးကိုလည်း ၇၉ မိနစ်မှာ သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီပွဲမှာ ဂိုးပေါက်တည့်မှု ၄ ကြိမ်အထိ ရှိခဲ့ပြီး တခြားအသင်းဖော်တွေ ထက် ၃ ကြိမ်ပိုများခဲ့ပါတယ်။

resize

နည်းပြ လမ်းပတ်က “ ဟာကင်က ဒီနေ့မှာ တော်တော်အံဝင်ခဲ့ပါတယ်။ သူက အသင်းနဲ့ အံဝင်ခွင်ကျဖြစ်တာ ဒါ ပထမဆုံးပါပဲ။ သူက တကယ်ကို အလုပ်ကြိုးစားပြခဲ့ပြီး ကျွန်တော်ကလည်း သူ့ရဲ့ အရည်အသွေးကို အသင်း အတွက် အသုံးချဖို့ အရမ်းကို စိတ်အားထက်သန်ပါတယ်။ ကွင်းထဲမှာ သူ ကစားခဲ့တဲ့ခြေစွမ်းကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီးပါပြီ။ သူက အရည်အသွေးအပြည့်အဝ သယ်ဆောင်လာပြီး သွင်းဂိုးနဲ့လည်း ကောင်းကောင်း ထိုက်တန်ခဲ့ပါတယ်” လို့ ထုတ်ဖော်ချီးမွမ်းသွားခဲ့ပါတယ်။

(zawgyi)

ကစားသမားသစ် ဟာကင်ဇီရက်ခ်ျကို လမ်းပတ် ထောက်ခံအားပေး

ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က ကစားသမားသစ် ဟာကင်ဇီရက်ခ်ျကို ထောက်ခံအားပေးစကား ပြောကြားလိုက်တယ်လို့ သိရပါတယ်။ ဇီရက်ခ်ျဟာ အေဂျက်ဇ်အသင်းကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာပြီး နောက် တိုတောင်းလွန်းတဲ့ ရာသီကြိုကာလမှာလည်း ဒဏ်ရာရခဲ့ဖူးကာ ချဲလ်ဆီးကစားသမားဘ၀ အစပိုင်းမှာ စိတ်ပျက်စရာတွေ ကြုံခဲ့ရသူပါ။



Sbotop