ကာဗာနီမှာ ဖာနန်ဒက်လို့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ ရိုင်ယန် ဂစ် ယုံကြည်ထား

0
301

 

ယခုနှစ် နွေရာသီပြောင်းရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိလာတဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီက ဖာနန်ဒက်လို အသင်းကို အကျိုးသက်ရောက်မှု ရှိနေမဲ့ ကစားသမားဖြစ်တယ်လို့ ယုံကြည်ထားကြောင့် ဂန္ထဝင်ကစားသမား တစ်ဦးဖြစ်တဲ့ ရိုင်ယန် ဂစ်က ပြောကြားလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကာဗာနီဟာ နောက်ဆုံးအနေနဲ့ မတ်လမှာ ပီအက်စ်ဂျီအသင်းနဲ့ ပါဝင်ကစားခဲ့ပြီး နောက်ပိုင်းမှာ ဘောလုံးကစားတာတွေ မရှိခဲ့ပါဘူး။ ၎င်းဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိခဲ့ပေမဲ့ ကွာရန်တင်းဝင်နေရတဲ့အတွက် နယူးကာဆယ်အသင်းနဲ့ပွဲမှာ ပါဝင်ခွင့်မရခဲ့သလို ပီအက်စ်ဂျီအသင်းနဲ့ ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း လေ့ကျင့်မှု အပြည့်အ၀မရရှိသေးလို့ ပါဝင်ခွင့်မရခဲ့ပါဘူး။

လက်ရှိအချိန်မှာ တိုက်စစ်မှူး မာရှယ် စပါးလ်အသင်းနဲ့ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ရရှိခဲ့လို့ နှစ်ပွဲပယ်ခံထားရတဲ့ အတွက် စနေနေ့မှာ ကစားရမဲ့ ချဲလ်ဆီးအသင်းနဲ့ အိမ်ကွင်းပွဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ချဲလ်ဆီးနဲ့ ပွဲမှာ ကာဗာနီက ပွဲဦးထွက် အနေနဲ့ပွဲထွက် လာဖွယ် ရှိနေပါတယ်။

ဂစ်က “ ကွျန်တော် ကာဗာနီနဲ့ ဝေးလ်အသင်းရဲ့ ပွဲတွေမှာ နှစ်ကြိမ်လောက် ဆုံဖူးပါတယ်။ အဲဒီပွဲမှာ သူက ဆွာရတ်ဇ် ထက်ပိုကောင်းခဲ့တယ်။ သူက အမှန်တကယ်ကို ထိန်းသိမ်းလို့ ခက်ခဲတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့တယ်။ သူက ပွဲချိန်ကြာကြာ ကစားတာ ရှိမနေပါဘူး။ ဒါပေမဲ့ မင်းတို့က တိုက်စစ်ပိုင်းမှာ အလုပ်ဖြစ်မဲ့ ကစားသမားကို ရရှိထားသလို သူက တိုက်စစ်ကို ဦးဆောင်နိုင်တယ်။ ဒီနေရာမှာ သူထွက်သွားရင် ငိုနေမဲ့ ပရိသတ် များစွာ ရှိနေတယ်။ ကွျန်တော်တို့မှာ မာရှယ်ရှိတယ်၊ ရတ်ဖို့ဒ်ရှိတယ်။ သူတို့တွေက တောင်ပံတစ်ဝက် တိုက်စစ် တစ်ဝက်ကစားနေကြသူတွေပါ။ ကာဗာနီက တိုက်စစ်မှူးစစ်စစ်ဖြစ်တယ်။ သူ့က အတွေ့အကြုံများစွာ ရရှိနေတယ်။ သူက ဖာနန်ဒက်လိုမျိုးပဲ သူ့ပတ်ဝန်းကျင်က ကစားသမားတွေကို ပိုပြီးကောင်းမွန်အောင် ပြုလုပ်ပေးသွားမယ်လို့ ကွျန်တော်မျှော်လင့်ထားပါတယ် ” လို့ ပြောပါတယ်။

ဖာနန်ဒက်ဟာ မန်ချက်စတာယူနိုက်တက်ကို ပြီးခဲ့တဲ့နှစ် ရာသီဝက်မှာ ရောက်ရှိလာခဲ့ပေမဲ့ အသင်းကို ချန်ပီယံလိဂ် ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ၎င်းဟာ ယခုနှစ် ဘောလုံးရာသီမှာလည်း ခြောက်ပွဲ ကစားအပြီး လေးဂိုးသွင်းယူနိုင်ခဲ့သလို သုံးကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Zawgyi

ကာဗာနီမွာ ဖာနန္ဒက္လို႔ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ အက်ိဳးသက္ေရာက္မႈေတြ ရွိေနတယ္လို႔ ရိုင္ယန္ ဂစ္ ယုံၾကည္ထား

ယခုႏွစ္ ေႏြရာသီေျပာင္းေရႊ႕ကာလမွာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ေရာက္ရွိလာတဲ့ ဝါရင့္တိုက္စစ္မႉး ကာဗာနီက ဖာနန္ဒက္လို အသင္းကို အက်ိဳးသက္ေရာက္မႈ ရွိေနမဲ့ ကစားသမားျဖစ္တယ္လို႔ ယုံၾကည္ထားေၾကာင့္ ဂႏၴဝင္ကစားသမား တစ္ဦးျဖစ္တဲ့ ရိုင္ယန္ ဂစ္က ေျပာၾကားလိုက္ပါတယ္။
အသက္ ၃၃ ႏွစ္အရြယ္ ကာဗာနီဟာ ေနာက္ဆုံးအေနနဲ႔ မတ္လမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ ပါဝင္ကစားခဲ့ၿပီး ေနာက္ပိုင္းမွာ ေဘာလုံးကစားတာေတြ မရွိခဲ့ပါဘူး။ ၎ဟာ မန္ခ်က္စတာယူနိုက္တက္ကို ေရာက္ရွိခဲ့ေပမဲ့ ကြာရန္တင္းဝင္ေနရတဲ့အတြက္ နယူးကာဆယ္အသင္းနဲ႔ပြဲမွာ ပါဝင္ခြင့္မရခဲ့သလို ပီအက္စ္ဂ်ီအသင္းနဲ႔ ကစားတဲ့ ခ်န္ပီယံလိဂ္ပြဲမွာလည္း ေလ့က်င့္မႈ အျပည့္အ၀မရရွိေသးလို႔ ပါဝင္ခြင့္မရခဲ့ပါဘူး။
လက္ရွိအခ်ိန္မွာ တိုက္စစ္မႉး မာရွယ္ စပါးလ္အသင္းနဲ႔ပြဲမွာ ပြဲပယ္ျပစ္ဒဏ္ရရွိခဲ့လို႔ ႏွစ္ပြဲပယ္ခံထားရတဲ့ အတြက္ စေနေန႔မွာ ကစားရမဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ အိမ္ကြင္းပြဲမွာ ပါဝင္ခြင့္ရမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ခ်ဲလ္ဆီးနဲ႔ ပြဲမွာ ကာဗာနီက ပြဲဦးထြက္ အေနနဲ႔ပြဲထြက္ လာဖြယ္ ရွိေနပါတယ္။
ဂစ္က “ ကြ်န္ေတာ္ ကာဗာနီနဲ႔ ေဝးလ္အသင္းရဲ့ ပြဲေတြမွာ ႏွစ္ႀကိမ္ေလာက္ ဆုံဖူးပါတယ္။ အဲဒီပြဲမွာ သူက ဆြာရတ္ဇ္ ထက္ပိုေကာင္းခဲ့တယ္။ သူက အမွန္တကယ္ကို ထိန္းသိမ္းလို႔ ခက္ခဲတဲ့ ကစားသမားတစ္ဦး ျဖစ္ခဲ့တယ္။ သူက ပြဲခ်ိန္ၾကာၾကာ ကစားတာ ရွိမေနပါဘူး။ ဒါေပမဲ့ မင္းတို႔က တိုက္စစ္ပိုင္းမွာ အလုပ္ျဖစ္မဲ့ ကစားသမားကို ရရွိထားသလို သူက တိုက္စစ္ကို ဦးေဆာင္နိုင္တယ္။ ဒီေနရာမွာ သူထြက္သြားရင္ ငိုေနမဲ့ ပရိသတ္ မ်ားစြာ ရွိေနတယ္။ ကြ်န္ေတာ္တို႔မွာ မာရွယ္ရွိတယ္၊ ရတ္ဖို႔ဒ္ရွိတယ္။ သူတို႔ေတြက ေတာင္ပံတစ္ဝက္ တိုက္စစ္ တစ္ဝက္ကစားေနၾကသူေတြပါ။ ကာဗာနီက တိုက္စစ္မႉးစစ္စစ္ျဖစ္တယ္။ သူ႔က အေတြ႕အၾကဳံမ်ားစြာ ရရွိေနတယ္။ သူက ဖာနန္ဒက္လိုမ်ိဳးပဲ သူ႔ပတ္ဝန္းက်င္က ကစားသမားေတြကို ပိုၿပီးေကာင္းမြန္ေအာင္ ျပဳလုပ္ေပးသြားမယ္လို႔ ကြ်န္ေတာ္ေမၽွာ္လင့္ထားပါတယ္ ” လို႔ ေျပာပါတယ္။
ဖာနန္ဒက္ဟာ မန္ခ်က္စတာယူနိုက္တက္ကို ၿပီးခဲ့တဲ့ႏွစ္ ရာသီဝက္မွာ ေရာက္ရွိလာခဲ့ေပမဲ့ အသင္းကို ခ်န္ပီယံလိဂ္ ဝင္ေရာက္နိုင္ေအာင္ ကူညီေပးနိုင္ခဲ့ပါတယ္။ ၎ဟာ ယခုႏွစ္ ေဘာလုံးရာသီမွာလည္း ေျခာက္ပြဲ ကစားအၿပီး ေလးဂိုးသြင္းယူနိုင္ခဲ့သလို သုံးႀကိမ္ ဖန္တီးေပးနိုင္ခဲ့ပါတယ္။