ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ရော်နယ်ဒို ကိုယ်ပိုင်လေယာဉ်နဲ့ ဂျူဗင်တပ်စ်အသင်းကို ပြန်လာခဲ့

0
614

 

ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ်သွားရောက်ကစားပေးနေတဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့လို့ သီးခြားခွဲနေထိုင်နေရပေမဲ့ ၎င်းရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ မိခင်ကလပ်ဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းကို ပြန်လာခဲ့တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ် တိုက်စစ်ကစားသမား ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုက ဗုဒ္ဓဟူးနေ့ ညနေပိုင်းက အီတလီကို ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

၎င်းဟာ အီတလီကို ရောက်ရှိရင်လည်း ဆက်လက်ပြီး သီးခြားခွဲနေထိုင်သွားရမှာ ဖြစ်လို့ ဂျူဗင်တပ်စ် အသင်းရဲ့ ပွဲစဉ်တွေဖြစ်တဲ့ ကလိုတိုနီအသင်းနဲ့ စီးရီးအေပွဲနဲ့ ဒိုင်နမိုကိဗ်အသင်းနဲ့ ကစားရမဲ့ ချန်ပီယံလိဂ် အုပ်စုပွဲတွေမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ၎င်းအနေနဲ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ရှိရှိမရှိ ထပ်မံ စစ်ဆေးချိန်မှာ ရောဂါမရှိကြောင်း တွေ့ရှိခဲ့ရင် အောက်တိုဘာ ၂၈ ရက်နေ့မှာ ကစားရမဲ့ ပြိုင်ဘက်ဟောင်း အသင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

84

ရောဂါပိုးတွေ့ရှိခဲ့လို့ လစ္စဘွန်းမှာရှိတဲ့ ပေါ်တူဂီအသင်း လေ့ကျင့်ရေးကွင်းမှာ သီးခြားခွဲနေထိုင်နေရတဲ့ ရော်နယ်ဒိုက အသင်းဖော်တွေ လေ့ကျင့်မှုတွေ ပြုလုပ်နေတာတွေကို သီးခြားခွဲနေရတဲ့ နေရာကနေ ထိုင်ကြည့်ခဲ့ပြီး လက်မထောင်ပြခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ဆွီဒင်အသင်းနဲ့ ကစားရမဲ့ နေးရှင်းလိဂ်ပွဲစဉ်မတိုင်မီ နှစ်ရက်မှာ ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပြီး ၎င်းက တနင်္ဂနွေနေ့က ပေါ်တူဂီအသင်းနဲ့ ပြင်သစ်နဲ့ ကစားတဲ့ပွဲမှာ ပါဝင်ခဲ့သလို စပိန်အသင်းနဲ့ ကစားတဲ့ ခြေစမ်းပွဲမှာလည်း ပါဝင်ကစားခဲ့ပါတယ်။ ရော်နယ်ဒိုမှာ ရောဂါပိုးတွေ့ခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ကျန်ကစား သမားတွေမှာ ရောဂါပိုးမတွေ့ရှိခဲ့လို့ ဗုဒ္ဓဟူးနေ့ညမှာ ကစားရမဲ့ ဆွီဒင်အသင်းနဲ့ နေးရှင်းလိဂ်ပွဲကို ကစားသွားဖို့ ရှိနေပါတယ်။

79

ပေါ်တူဂီအသင်းမန်နေဂျာ ဖြစ်တဲ့ ဆန်းတို့စ်က “ ကမ္ဘာမှာ ရှိတဲ့ အသင်းတွေမှာ အကောင်းဆုံး ကစားသမား မပါဝင်လို့ အကောင်းဆုံးမကစားနိုင်ခဲ့ဘူးဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ဒီအသင်းမှာ လုပ်နိုင်စွမ်းရှိတဲ့ ကစားသမားတွေကို စုစည်းထားတာ ရှိပါတယ်။ ရော်နယ်ဒိုရဲ့ ကျန်းမာရေးအခြေအနေက ဒီကာလမှာ ကောင်းမွန် နေပါတယ်။ သူက သူ့အခန်းထဲမှာ သီးခြားနေထိုင်နေရပေမဲ့ သူပါဝင် ကစားချင်တယ်လို့ ကွျန်တော်တို့ကို ပြောပါတယ်။ သူမှာလည်း ရောဂါလက္ခဏာမပြပါဘူး။ ဘာရောဂါ လက္ခဏာမှ မပြဘဲ အိုကေနေတယ်။ ဘာဖြစ်ပျက်မယ်ဆိုတာကိုတော့ သူလည်း မသိနိုင်ဘဲ ဖြစ်နေတယ် ” လို့ ဆိုပါတယ်။

Zawgyi

ကိုရိုနာဗိုင္းရပ္စ္  ကူးစက္ခံထားရတဲ့ ေရာ္နယ္ဒို ကိုယ္ပိုင္ေလယာဥ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းကို ျပန္လာခဲ့

ေပၚတူဂီလက္ေရြးစင္အသင္းနဲ႔ ေနးရွင္းလိဂ္ပြဲစဥ္သြားေရာက္ကစားေပးေနတဲ့ ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ အဂၤါေန႔က ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ စစ္ေဆးေတြ႕ရွိခဲ့လို႔ သီးျခားခြဲေနထိုင္ေနရေပမဲ့ ၎ရဲ့ ကိုယ္ပိုင္ေလယာဥ္နဲ႔ မိခင္ကလပ္ျဖစ္တဲ့ ဂ်ဴဗင္တပ္စ္အသင္းကို ျပန္လာခဲ့တယ္လို႔ သိရပါတယ္။ ဂ်ဴဗင္တပ္စ္ တိုက္စစ္ကစားသမား ျဖစ္တဲ့ အသက္ ၃၅ ႏွစ္အရြယ္ ေရာ္နယ္ဒိုက ဗုဒၶဟူးေန႔ ညေနပိုင္းက အီတလီကို ထြက္ခြာခဲ့တာ ျဖစ္ပါတယ္။
၎ဟာ အီတလီကို ေရာက္ရွိရင္လည္း ဆက္လက္ၿပီး သီးျခားခြဲေနထိုင္သြားရမွာ ျဖစ္လို႔ ဂ်ဴဗင္တပ္စ္ အသင္းရဲ့ ပြဲစဥ္ေတြျဖစ္တဲ့ ကလိုတိုနီအသင္းနဲ႔ စီးရီးေအပြဲနဲ႔ ဒိုင္နမိုကိဗ္အသင္းနဲ႔ ကစားရမဲ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲေတြမွာ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။ ၎အေနနဲ႔ ေအာက္တိုဘာလ ၂၁ ရက္ေန႔မွာ ကိုရိုနာဗိုင္းရပ္စ္ ရွိရွိမရွိ ထပ္မံ စစ္ေဆးခ်ိန္မွာ ေရာဂါမရွိေၾကာင္း ေတြ႕ရွိခဲ့ရင္ ေအာက္တိုဘာ ၂၈ ရက္ေန႔မွာ ကစားရမဲ့ ၿပိဳင္ဘက္ေဟာင္း အသင္းျဖစ္တဲ့ ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ပါဝင္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။
ေရာဂါပိုးေတြ႕ရွိခဲ့လို႔ လစၥဘြန္းမွာရွိတဲ့ ေပၚတူဂီအသင္း ေလ့က်င့္ေရးကြင္းမွာ သီးျခားခြဲေနထိုင္ေနရတဲ့ ေရာ္နယ္ဒိုက အသင္းေဖာ္ေတြ ေလ့က်င့္မႈေတြ ျပဳလုပ္ေနတာေတြကို သီးျခားခြဲေနရတဲ့ ေနရာကေန ထိုင္ၾကည့္ခဲ့ၿပီး လက္မေထာင္ျပခဲ့ပါတယ္။
ေရာ္နယ္ဒိုနဲ႔ ဆြီဒင္အသင္းနဲ႔ ကစားရမဲ့ ေနးရွင္းလိဂ္ပြဲစဥ္မတိုင္မီ ႏွစ္ရက္မွာ ေရာဂါပိုးေတြ႕ရွိခဲ့တာ ျဖစ္ၿပီး ၎က တနဂၤေႏြေန႔က ေပၚတူဂီအသင္းနဲ႔ ျပင္သစ္နဲ႔ ကစားတဲ့ပြဲမွာ ပါဝင္ခဲ့သလို စပိန္အသင္းနဲ႔ ကစားတဲ့ ေျခစမ္းပြဲမွာလည္း ပါဝင္ကစားခဲ့ပါတယ္။ ေရာ္နယ္ဒိုမွာ ေရာဂါပိုးေတြ႕ခဲ့တဲ့ ေပၚတူဂီအသင္းရဲ့ က်န္ကစား သမားေတြမွာ ေရာဂါပိုးမေတြ႕ရွိခဲ့လို႔ ဗုဒၶဟူးေန႔ညမွာ ကစားရမဲ့ ဆြီဒင္အသင္းနဲ႔ ေနးရွင္းလိဂ္ပြဲကို ကစားသြားဖို႔ ရွိေနပါတယ္။
ေပၚတူဂီအသင္းမန္ေနဂ်ာ ျဖစ္တဲ့ ဆန္းတို႔စ္က “ ကမၻာမွာ ရွိတဲ့ အသင္းေတြမွာ အေကာင္းဆုံး ကစားသမား မပါဝင္လို႔ အေကာင္းဆုံးမကစားနိုင္ခဲ့ဘူးဆိုတာ မရွိပါဘူး။ ဒါေပမဲ့ ဒီအသင္းမွာ လုပ္နိုင္စြမ္းရွိတဲ့ ကစားသမားေတြကို စုစည္းထားတာ ရွိပါတယ္။ ေရာ္နယ္ဒိုရဲ့ က်န္းမာေရးအေျခအေနက ဒီကာလမွာ ေကာင္းမြန္ ေနပါတယ္။ သူက သူ႔အခန္းထဲမွာ သီးျခားေနထိုင္ေနရေပမဲ့ သူပါဝင္ ကစားခ်င္တယ္လို႔ ကြ်န္ေတာ္တို႔ကို ေျပာပါတယ္။ သူမွာလည္း ေရာဂါလကၡဏာမျပပါဘူး။ ဘာေရာဂါ လကၡဏာမွ မျပဘဲ အိုေကေနတယ္။ ဘာျဖစ္ပ်က္မယ္ဆိုတာကိုေတာ့ သူလည္း မသိနိုင္ဘဲ ျဖစ္ေနတယ္ ” လို႔ ဆိုပါတယ္။