ခြေစွမ်းမှန်နေတဲ့ အိမ်ရှင် ပီအက်စ်ဂျီကွင်းမှာ မန်ချက်စတာယူနိုက်တက် အနိုင်ရဖို့ မမြင်ဘူး

0
636

 

ချန်ပီယံလိဂ် အုပ်စု(H) ရဲ့ အုပ်စုပွဲတစ်ပွဲဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်း တို့ဟာ ပီအက်စ်ဂျီရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၁-၁၀-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁း၃၀ နာရီကစားသွားရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးသုံးကြိမ်

ပီအက်စ်ဂျီ ၁ – ၃ မန်ချက်စတာယူနိုက်တက်(ချန်ပီယံလိဂ်)

မန်ချက်စတာယူနိုက်တက် ၀ – ၂ ပီအက်စ်ဂျီ(ချန်ပီယံလိဂ်)

မန်ချက်စတာယူနိုက်တက် ၀ – ၂ ပီအက်စ်ဂျီ(အင်တာနေရှင်နယ် ချန်ပီယံဖလား)

ပြိုင်ပွဲအရပ်ရပ်နောက်ဆုံးခြောက်ပွဲကစားအပြီး ပီအက်စ်ဂျီအသင်းက ငါးပွဲနိုင် တစ်ပွဲရှုံးထားပြီး မန်ချက်စတာယူနိုက်တက်က လေးပွဲနိုင် နှစ်ပွဲရှုံးထားပါတယ်။ ပီအက်စ်ဂျီအသင်းက နောက်ဆုံးကစားခဲ့တဲ့ လီဂူး-၁ပွဲ ငါးပွဲမှာ သွင်းဂိုး ၁၆ ဂိုးအထိ သွင်းယူခဲ့ပြီး တစ်ဂိုးသာပေးခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် ငါးပွဲမှာ သွင်းဂိုး ၁၄ ဂိုး ရှိပေမဲ့ ပေးဂိုးက ခုနစ်ဂိုးအထိ ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ၁-၀ နဲ့ ရှုံးခဲ့ရလို့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး ၂၀၁၉ ခုနှစ်က မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ နောက်ဆုံးမိနစ်မှာ ပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရလို့ အသင်းမန်နေဂျာ တူချယ်က မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံရမဲ့ ပွဲဟာ စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ ဆိုထားပါတယ်။

ပီအက်စ်ဂျီအသင်းမှာ ဘာနက်၊ ကီအာ၊ ဗာရတ်တီနဲ့ ပါရီဒက်စ်တို့က ဒဏ်ရာရနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဘိုင်လီ၊ မက်ဂူရီ၊ ဂရင်းဝုဒ်၊ လင်းဂတ်နဲ့ ကာဗာနီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ပီအက်စ်ဂျီက အနိုင်ရဖို့ ၅၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀%နဲ့ မန်ချက်စတာယူနိုက်တက် အနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

