တနင်္လာနေ့မှာ ဝါရင့်တိုက်စစ်မှူး ကာဗာနီ နှစ်နှစ်စာချုပ်နဲ့ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာဖို့ ရှိနေ

0
275

 

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းပြီးဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို မန်ချက်စတာယူနိုက်တက်က လာမဲ့ တနင်္လာနေ့မှာ နှစ်နှစ်စာချုပ်နဲ့ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ကာဗာနီဟာ စနေနေ့မှာ ဥရုဂွေးနေကနေ ထွက်ခွာလာပြီး ၂၄ နာရီအတွင်း ဆေးစစ်မှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ၎င်းကို တစ်ပတ်လုပ်ခပေါင် ၂၁၀၀၀၀ နဲ့ မန်ချက်စတာယူနိုက်တက် က ပြောင်းရွှေ့ကာလနောက်ဆုံးရက် ဖြစ်တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ စာချုပ်ချုပ်ဆိုဖို့ ရှိနေသလို ကစားသမားဘက်ကလည်း အမြန်ဆုံး စာချုပ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။

ကာဗာနီရဲ့ အေးဂျင့်ဖြစ်သူ ဝါတာ ဂူလီမုန်းက “ မန်ချက်စတာယူနိုက်တက်နဲ့ ကာဗာနီတို့ သဘောတူညီမှု ရရှိထားပြီ ဆိုတာ အမှန်တကယ်ပါပဲ။ အပြောင်းအရွှေ့အတွက် အခြားသော စမ်းသပ်မှုတွေ ပြုလုပ်ဖို့ပဲ ကျန်ရှိပါတယ် ” ဆိုပြီး စနေနေ့ညက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ကာဗာနီကို မန်ချက်စတာယူနိုက်တက်ကအသင်းက ၂၀၁၄ ခုနှစ် ဒေးဗစ် မိုယက်စ် ကိုင်တွယ်ခဲ့စဉ် ကတည်းက ခေါ်ယူနိုင်ဖို့ ပြုလုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဥရုဂွေး ကစားသမားတွေ ဖြစ်တဲ့ ဆန်းချက်ဇ်နဲ့ ဖယ်ကာအိုတို့ဟာ မန်ချက်စတာယူနိုက်တက်မှာ အောင်မြင်မှုတွေ မရရှိခဲ့ပေမဲ့ ကာဗာနီရောက်ရှိလာရင် အသင်းမှာ အထိုင်ကျနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်သလို လူငယ်ကစားသမားတွေအတွက် ၎င်းရဲ့ အတွေ့အကြုံတွေ ပြန်လည်ဝေမျှနိုင်ဖို့ အသင်းဘက်ကလည်း မျှော်လင့်ထားပါတယ်။

ကာဗာနီဟာ ပီအက်စ်ဂျီအသင်းနဲ့ ၃၀၁ ပွဲကစားအပြီး ဂိုး ၂၀၀ အထိ သွင်းယူထားနိုင်တဲ့ ထိပ်တန်း ဂိုးသွင်းရှင်တစ်ဦးဖြစ်သလို နိုင်ငံအသင်းအတွက် ၁၁၆ ပွဲကစားအပြီး ဂိုး ၅၀ သွင်းယူပေးထားနိုင်ပါတယ်။ ၎င်းက မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာခဲ့ရင် အောက်တိုဘာ ၂၀ ရက်နေ့မှာ ကစားရမဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲမှာ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။

Zawgyi

တနလၤာေန႔မွာ ဝါရင့္တိုက္စစ္မႉး ကာဗာနီ ႏွစ္ႏွစ္စာခ်ဳပ္နဲ႔ မန္ခ်က္စတာယူနိုက္တက္ကို ေရာက္ရွိလာဖို႔ ရွိေန

ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းၿပီးဆုံးၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနတဲ့ ဥ႐ုေဂြးတိုက္စစ္မႉး ကာဗာနီကို မန္ခ်က္စတာယူနိုက္တက္က လာမဲ့ တနလၤာေန႔မွာ ႏွစ္ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူသြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ ကာဗာနီဟာ စေနေန႔မွာ ဥ႐ုေဂြးေနကေန ထြက္ခြာလာၿပီး ၂၄ နာရီအတြင္း ေဆးစစ္မႈေတြ ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။ ၎ကို တစ္ပတ္လုပ္ခေပါင္ ၂၁၀၀၀၀ နဲ႔ မန္ခ်က္စတာယူနိုက္တက္ က ေျပာင္းေရႊ႕ကာလေနာက္ဆုံးရက္ ျဖစ္တဲ့ ေအာက္တိုဘာ ၅ ရက္ေန႔မွာ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ရွိေနသလို ကစားသမားဘက္ကလည္း အျမန္ဆုံး စာခ်ဳပ္ ခ်ဳပ္ဆိုနိုင္ဖို႔ ေမၽွာ္လင့္ေနပါတယ္။
ကာဗာနီရဲ့ ေအးဂ်င့္ျဖစ္သူ ဝါတာ ဂူလီမုန္းက “ မန္ခ်က္စတာယူနိုက္တက္နဲ႔ ကာဗာနီတို႔ သေဘာတူညီမႈ ရရွိထားၿပီ ဆိုတာ အမွန္တကယ္ပါပဲ။ အေျပာင္းအေရႊ႕အတြက္ အျခားေသာ စမ္းသပ္မႈေတြ ျပဳလုပ္ဖို႔ပဲ က်န္ရွိပါတယ္ ” ဆိုၿပီး စေနေန႔ညက မီဒီယာေတြကို ေျပာၾကားခဲ့ပါတယ္။
ကာဗာနီကို မန္ခ်က္စတာယူနိုက္တက္ကအသင္းက ၂၀၁၄ ခုႏွစ္ ေဒးဗစ္ မိုယက္စ္ ကိုင္တြယ္ခဲ့စဥ္ ကတည္းက ေခၚယူနိုင္ဖို႔ ျပဳလုပ္ခဲ့တာေတြ ရွိခဲ့ပါတယ္။ ဥ႐ုေဂြး ကစားသမားေတြ ျဖစ္တဲ့ ဆန္းခ်က္ဇ္နဲ႔ ဖယ္ကာအိုတို႔ဟာ မန္ခ်က္စတာယူနိုက္တက္မွာ ေအာင္ျမင္မႈေတြ မရရွိခဲ့ေပမဲ့ ကာဗာနီေရာက္ရွိလာရင္ အသင္းမွာ အထိုင္က်နိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာ ျဖစ္သလို လူငယ္ကစားသမားေတြအတြက္ ၎ရဲ့ အေတြ႕အၾကဳံေတြ ျပန္လည္ေဝမၽွနိုင္ဖို႔ အသင္းဘက္ကလည္း ေမၽွာ္လင့္ထားပါတယ္။
ကာဗာနီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ၃၀၁ ပြဲကစားအၿပီး ဂိုး ၂၀၀ အထိ သြင္းယူထားနိုင္တဲ့ ထိပ္တန္း ဂိုးသြင္းရွင္တစ္ဦးျဖစ္သလို နိုင္ငံအသင္းအတြက္ ၁၁၆ ပြဲကစားအၿပီး ဂိုး ၅၀ သြင္းယူေပးထားနိုင္ပါတယ္။ ၎က မန္ခ်က္စတာယူနိုက္တက္ကို ေရာက္ရွိလာခဲ့ရင္ ေအာက္တိုဘာ ၂၀ ရက္ေန႔မွာ ကစားရမဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲမွာ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္သြားရဖြယ္ ရွိေနပါတယ္။