ပရီးမီးယားလိဂ် သုံးပွဲဆက် အနိုင်မရခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို အာဆင်နယ်အိမ်ကွင်းမှာ နှစ်ဂိုး ပြတ်လောက်သွင်းသွားမှာပါ

0
282

 

ပရီးမီးယားလိဂ်ပွဲစဉ် ၄ အဖြစ် အာဆင်နယ်အသင်းနဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်းတို့ဟာ အာဆင်နယ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၄-၁၀-၂၀၂၀ ရက် တနင်္ဂနွေနေ့ည ၇း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် သုံးပွဲ ကစားအပြီး နှစ်ပွဲနိုင် တစ်ပွဲရှုံးထားပြီး ရှက်ဖီးလ်ယူနိုက်တက်က သုံးပွဲရှုံးရလဒ် ဖြစ်ပေါ်ထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ရှက်ဖီးလ်ယူနိုက်တက် ၁ – ၂ အာဆင်နယ်(အက်ဖ်အေဖလား)

အာဆင်နယ် ၁ – ၁ ရှက်ဖီးလ်ယူနိုက်တက်(ပရီးမီးယားလိဂ်)

ရှက်ဖီးလ်ယူနိုက်တက် ၁ – ၀ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၆ – ၀ ရှက်ဖီးလ်ယူနိုက်တက်(လိဂ်ဖလား)

ရှက်ဖီးလ်ယူနိုက်တက် ၀ – ၃ အာဆင်နယ်(လိဂ်ဖလား)

ရှက်ဖီးလ်ယူနိုက်တက် ၁ – ၀ အာဆင်နယ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အာဆင်နယ်အသင်းက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံး ထားပြီး ရှက်ဖီးလ်ယူနိုက်တက်အသင်းက တစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ ရှက်ဖီးလ်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲဆက် ရှုံးပွဲတွေ့ထားပြီး အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ရှစ်ပွဲကစားအပြီး ခုနစ်ပွဲ အနိုင်ရထားပါတယ်။ ရှက်ဖီးလ်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ခုနစ်ပွဲ ကစားအပြီး ငါးပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံးသုံးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ အာဆင်နယ်အသင်းက ရှက်ဖီးလ် အသင်းနဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

အာဆင်နယ်အသင်းမှာ ချန်ဘာ၊ မာတီနယ်လီ၊ မာရီ၊ မူစတာဖီနဲ့ စမစ် ရိုဝီတို့က ဒဏ်ရာရနေပြီး ရှက်ဖီးလ်အသင်းမှာ မောက်ဆက်နဲ့ အိုကွန်နယ်လ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အာဆင်နယ်က အိမ်ကွင်းမှာ အနိုင်ရဖို့ ၉၀% ရှိနေပြီး သွင်းဂိုး ၂-၀ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ သုံးပြဲဆက္ အနိုင္မရခဲ့တဲ့ ရွက္ဖီးလ္ယူနိုက္တက္ကို အာဆင္နယ္အိမ္ကြင္းမွာ ႏွစ္ဂိုး ျပတ္ေလာက္သြင္းသြားမွာပါ

ပရီးမီးယားလိဂ္ပြဲစဥ္ ၄ အျဖစ္ အာဆင္နယ္အသင္းနဲ႔ ရွက္ဖီးလ္ယူနိုက္တက္အသင္းတို႔ဟာ အာဆင္နယ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၄-၁၀-၂၀၂၀ ရက္ တနဂၤေႏြေန႔ည ၇း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းက ပရီးမီးယားလိဂ္ သုံးပြဲ ကစားအၿပီး ႏွစ္ပြဲနိုင္ တစ္ပြဲရႈံးထားၿပီး ရွက္ဖီးလ္ယူနိုက္တက္က သုံးပြဲရႈံးရလဒ္ ျဖစ္ေပၚထားပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ရွက္ဖီးလ္ယူနိုက္တက္ ၁ – ၂ အာဆင္နယ္(အက္ဖ္ေအဖလား)
အာဆင္နယ္ ၁ – ၁ ရွက္ဖီးလ္ယူနိုက္တက္(ပရီးမီးယားလိဂ္)
ရွက္ဖီးလ္ယူနိုက္တက္ ၁ – ၀ အာဆင္နယ္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၆ – ၀ ရွက္ဖီးလ္ယူနိုက္တက္(လိဂ္ဖလား)
ရွက္ဖီးလ္ယူနိုက္တက္ ၀ – ၃ အာဆင္နယ္(လိဂ္ဖလား)
ရွက္ဖီးလ္ယူနိုက္တက္ ၁ – ၀ အာဆင္နယ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး အာဆင္နယ္အသင္းက သုံးပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ တစ္ပြဲရႈံး ထားၿပီး ရွက္ဖီးလ္ယူနိုက္တက္အသင္းက တစ္ပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ သုံးပြဲရႈံးထားပါတယ္။ ရွက္ဖီးလ္အသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံးေျခာက္ပြဲဆက္ ရႈံးပြဲေတြ႕ထားၿပီး အာဆင္နယ္အသင္းက ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံး ရွစ္ပြဲကစားအၿပီး ခုနစ္ပြဲ အနိုင္ရထားပါတယ္။ ရွက္ဖီးလ္အသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံး ခုနစ္ပြဲ ကစားအၿပီး ငါးပြဲမွာ ဂိုးသြင္းယူနိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး။ အာဆင္နယ္အသင္းက ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံးသုံးပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ အာဆင္နယ္အသင္းက ရွက္ဖီးလ္ အသင္းနဲ႔ အိမ္ကြင္းမွာ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ငါးပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။
အာဆင္နယ္အသင္းမွာ ခ်န္ဘာ၊ မာတီနယ္လီ၊ မာရီ၊ မူစတာဖီနဲ႔ စမစ္ ရိုဝီတို႔က ဒဏ္ရာရေနၿပီး ရွက္ဖီးလ္အသင္းမွာ ေမာက္ဆက္နဲ႔ အိုကြန္နယ္လ္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အာဆင္နယ္က အိမ္ကြင္းမွာ အနိုင္ရဖို႔ ၉၀% ရွိေနၿပီး သြင္းဂိုး ၂-၀ ေလာက္ ျဖစ္ေပၚလာနိုင္ပါတယ္။