ပါတေးဟာ အာဆင်နယ်အသင်းကို ကြီးမားတဲ့ ကွဲပြားခြားနားခြင်းတွေ ပြုလုပ်သွားလိမ့်မယ်ဆိုပြီး ဂါနာအသင်းမန်နေဂျာဖြစ်သူ အေဗရမ် ဂရန့် ပြောကြား

0
187

 

အာဆင်နယ်အသင်းက ခေါ်ယူထားတဲ့ သောမတ်စ် ပါတေးက အသင်းအတွက် ပြီးပြည့်စုံစေတဲ့ ကစားသမားတစ်ဦးဖြစ်လာမှာ ဖြစ်သလို အသင်းကို ကြီးမားတဲ့ ကွဲပြားခြားနားမှုတွေ ဖြစ်ပေါ်လာအောင် ပြုလုပ် ပေးသွားလိမ့်မယ်ဆိုရင် ဂါနာလက်ရွေးစင်အသင်း မန်နေဂျာဖြစ်ခဲ့သူ အေဗရမ် ဂရန့်က ပြောကြားလိုက်ပါတယ်။ ဂရန့်က ဂါနာလက်ရွေးစင်အသင်းကို ၂၀၁၄-၂၀၁၇ ခုနှစ်အထိ တာဝန်ယူခဲ့သူ တစ်ဦးဖြစ်သလို ပါတေးနဲ့လည်း ဂါနာအသင်းနဲ့ ဆုံခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းကို နွေရာသီပြောင်းရွှေ့ကာလရဲ့ နောက်ဆုံးရက်မှာ ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

31

ဂရန့်က “ အင်္ဂလန်ဘောလုံးလောကမှာ သူ့ကို အသုံးပြုဖို့ သီတင်းပတ်အနည်းငယ်တော့ အချိန်ပေးနိုင် မလားဆိုပြီး အာဆင်နယ်ပရိသတ်တွေကို ကွျန်တော်မေးခဲ့တယ်။ ဘာကြောင့်လဲဆိုရင် သူက ပရီးမီးယားလိဂ်နဲ့ ကွဲပြားတဲ့နေရာမှာသူက နေထိုင်ကစားခဲ့သူ ဖြစ်နေလို့ပါပဲ။ ဒီမှာလည်း နိုင်ငံခြားကစားသမားတွေ အများကြီး နေတာပဲလေ။ ဒါပေမဲ့ အာတီတာလိုချင်တာတွေကို ကြိုးစားပြုလုပ်နေချိန်မှာ သူက တိုးတက်မှုတွေ ဖြစ်လာအောင် ပြုလုပ်ပေးသွားပါလိမ့်မယ်။ ဒီအချိန်မှာ မင်းက သူ့ကို ဘောလုံးကိုင်ကစားဖို့ ပြောဖို့ လိုအပ်တယ်။ သူက ဒီလိုအရာကို ပြုလုပ်နိုင်သူ ဖြစ်သလို အာတီတာလိုချင်နေတဲ့ အသင်းပုံစံနဲ့လည်း အထိုင်ကျလာမဲ့ ကစားသမားပါ ” လို့ ပြောပါတယ်။

ချဲလ်ဆီးအသင်း မန်နေဂျာဖြစ်ခဲ့တဲ့ ၎င်းက ဆက်လက်ပြီး “ သူက ကွင်းလယ်ကစားသမားတစ်ဦးပါ။ သူက ဘောလုံးကို နိုင်နင်းအောင် ကစားနိုင်သူဖြစ်သလို ညာဘက်ကနေ တိုက်စစ်မှူးတွေကို ဖြတ်တင်ဖန်တီး ပေးနိုင်တယ်။ သူက နည်းစနစ်ပိုင်းမှာ စည်းကမ်းတကျကစားနိုင်တယ်။ သူက အက်သလက်တီကိုမက်ဒရစ်မှာ နှစ်သက်စရာတွေ ပြုလုပ်ပြီး ကစားခဲ့သလို အာဆင်နယ်ကို ကြီးမားတဲ့ ကွဲပြားခြားနားခြင်းတွေ ပြုလုပ်ပေးသွားပါ လိမ့်မယ်။ သူကတော့ ကောင်းမွန်တဲ့ ကစားသမားကို ခေါ်လိုက်ခြင်းဖြစ်ပေမဲ့ သူတို့ဘက်က ဘာလုပ်မှာလဲဆိုတာပဲ လိုအပ်တယ် ” လို့ ပြောပါတယ်။

Zawgyi

ပါေတးဟာ အာဆင္နယ္အသင္းကို ႀကီးမားတဲ့ ကြဲျပားျခားနားျခင္းေတြ ျပဳလုပ္သြားလိမ့္မယ္ဆိုၿပီး ဂါနာအသင္းမန္ေနဂ်ာျဖစ္သူ ေအဗရမ္ ဂရန႔္ ေျပာၾကား

အာဆင္နယ္အသင္းက ေခၚယူထားတဲ့ ေသာမတ္စ္ ပါေတးက အသင္းအတြက္ ၿပီးျပည့္စုံေစတဲ့ ကစားသမားတစ္ဦးျဖစ္လာမွာ ျဖစ္သလို အသင္းကို ႀကီးမားတဲ့ ကြဲျပားျခားနားမႈေတြ ျဖစ္ေပၚလာေအာင္ ျပဳလုပ္ ေပးသြားလိမ့္မယ္ဆိုရင္ ဂါနာလက္ေရြးစင္အသင္း မန္ေနဂ်ာျဖစ္ခဲ့သူ ေအဗရမ္ ဂရန႔္က ေျပာၾကားလိုက္ပါတယ္။ ဂရန႔္က ဂါနာလက္ေရြးစင္အသင္းကို ၂၀၁၄-၂၀၁၇ ခုႏွစ္အထိ တာဝန္ယူခဲ့သူ တစ္ဦးျဖစ္သလို ပါေတးနဲ႔လည္း ဂါနာအသင္းနဲ႔ ဆုံခဲ့သူ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အာဆင္နယ္အသင္းကို ေႏြရာသီေျပာင္းေရႊ႕ကာလရဲ့ ေနာက္ဆုံးရက္မွာ ေပါင္ ၄၅ သန္းနဲ႔ ေရာက္ရွိလာခဲ့သူ ျဖစ္ပါတယ္။
ဂရန႔္က “ အဂၤလန္ေဘာလုံးေလာကမွာ သူ႔ကို အသုံးျပဳဖို႔ သီတင္းပတ္အနည္းငယ္ေတာ့ အခ်ိန္ေပးနိုင္ မလားဆိုၿပီး အာဆင္နယ္ပရိသတ္ေတြကို ကြ်န္ေတာ္ေမးခဲ့တယ္။ ဘာေၾကာင့္လဲဆိုရင္ သူက ပရီးမီးယားလိဂ္နဲ႔ ကြဲျပားတဲ့ေနရာမွာသူက ေနထိုင္ကစားခဲ့သူ ျဖစ္ေနလို႔ပါပဲ။ ဒီမွာလည္း နိုင္ငံျခားကစားသမားေတြ အမ်ားႀကီး ေနတာပဲေလ။ ဒါေပမဲ့ အာတီတာလိုခ်င္တာေတြကို ႀကိဳးစားျပဳလုပ္ေနခ်ိန္မွာ သူက တိုးတက္မႈေတြ ျဖစ္လာေအာင္ ျပဳလုပ္ေပးသြားပါလိမ့္မယ္။ ဒီအခ်ိန္မွာ မင္းက သူ႔ကို ေဘာလုံးကိုင္ကစားဖို႔ ေျပာဖို႔ လိုအပ္တယ္။ သူက ဒီလိုအရာကို ျပဳလုပ္နိုင္သူ ျဖစ္သလို အာတီတာလိုခ်င္ေနတဲ့ အသင္းပုံစံနဲ႔လည္း အထိုင္က်လာမဲ့ ကစားသမားပါ ” လို႔ ေျပာပါတယ္။
ခ်ဲလ္ဆီးအသင္း မန္ေနဂ်ာျဖစ္ခဲ့တဲ့ ၎က ဆက္လက္ၿပီး “ သူက ကြင္းလယ္ကစားသမားတစ္ဦးပါ။ သူက ေဘာလုံးကို နိုင္နင္းေအာင္ ကစားနိုင္သူျဖစ္သလို ညာဘက္ကေန တိုက္စစ္မႉးေတြကို ျဖတ္တင္ဖန္တီး ေပးနိုင္တယ္။ သူက နည္းစနစ္ပိုင္းမွာ စည္းကမ္းတက်ကစားနိုင္တယ္။ သူက အက္သလက္တီကိုမက္ဒရစ္မွာ ႏွစ္သက္စရာေတြ ျပဳလုပ္ၿပီး ကစားခဲ့သလို အာဆင္နယ္ကို ႀကီးမားတဲ့ ကြဲျပားျခားနားျခင္းေတြ ျပဳလုပ္ေပးသြားပါ လိမ့္မယ္။ သူကေတာ့ ေကာင္းမြန္တဲ့ ကစားသမားကို ေခၚလိုက္ျခင္းျဖစ္ေပမဲ့ သူတို႔ဘက္က ဘာလုပ္မွာလဲဆိုတာပဲ လိုအပ္တယ္ ” လို႔ ေျပာပါတယ္။