ပိုလန်ကွင်းမှာ အီတလီ ရမှတ်အပြည့်မရနိုင်ဘူး

0
362

 

 

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်အုပ်စု(A-1) ရဲ့ ပွဲစဉ် တစ်ပွဲဖြစ်တဲ့ ပိုလန်အသင်းနဲ့ အီတလီအသင်းတို့ဟာ ပိုလန်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၂-၁၀-၂၀၂၀ ရက် တနင်္လာနေ့ နံနက် ၁း၁၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ပိုလန်အသင်းက အုပ်စုပွဲစဉ် နှစ်ပွဲကစားအပြီးမှာ နယ်သာလန်အသင်းကို ၁-၀ နဲ့ ရှုံးထားပြီး ဘော်စနီးယားအသင်းကို ၁-၂ နဲ့ အနိုင်ရထားလို့ ရမှတ် ၃ မှတ်ရရှိထားပြီး အီတလီက ဘော်စနီးယားအသင်းကို အိမ်ကွင်မှာ ၁-၁ သရေနဲ့ နယ်သာလန်ကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင်ရခဲ့လို့ ရမှတ် ၄ မှတ်နဲ့ အုပ်စုထိပ်မှာ ဦးဆောင်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ပိုလန် ၀ – ၁ အီတလီ(နေးရှင်းလိဂ်)

အီတလီ ၀ – ၁ ပိုလန်(နေးရှင်းလိဂ်)

ပိုလန် ၀ – ၁ အီတလီ(ခြေစမ်းပွဲ)

ပိုလန် ၀ – ၁ အီတလီ(ခြေစမ်းပွဲ)

ပိုလန် ၀ – ၁ အီတလီ(၁၉၈၂ ကမ္ဘာ့ဖလား)

အီတလီ ၀ – ၁ ပိုလန်(၁၉၈၂ ကမ္ဘာ့ဖလား)

ပိုလန်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဖင်လန်အသင်းကို ၅-၁ နဲ့ အနိုင်ရခဲ့သလို အီတလီအသင်းက မော်လ်ဒိုဗာအသင်းကို ၆-၀ နဲ့ အနိုင်ရထားတဲ့အတွက် နှစ်သင်းလုံးရဲ့ ခြေစွမ်းပိုင်းဟာ ကောင်းမွန်နေပါတယ်။ ပိုလန်အသင်းက အိမ်ကွင်းမှာ တိုက်စစ်မှူး လီဝမ်ဒေါ့စကီးကလည်း အသင်းနဲ့ ပြန်လည် ပါဝင်လာမှာ ဖြစ်လို့ တိုက်စစ်ပိုင်းမှာ ပိုပြီးအားကောင်းနေပါတယ်။

ပိုလန်အသင်းမှာ ဂျီဒါဇီဂျက်ဇီနဲ့ ဖရန်ကော့စကီးတို့က ဒဏ်ရာရနေပြီး အီတလီအသင်းမှာ ကပ်စထရိုဗီလီက ဒဏ်ရာရနေလို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ပိုလန်အသင်းက အိမ်ကွင်းမှာ ရမှတ်ရယူနိုင်အောင် ကြိုးစားကစားသွားနိုင်ပေမဲ့ သရေရလဒ်လောက်နဲ့ ပြီးဆုံးသွားနိုင်ပါတယ်။

Zawgyi

ပိုလန္ကြင္းမွာ အီတလီ ရမွတ္အျပည့္မရနိုင္ဘူး

ယူအီးအက္ဖ္ေအ ေနးရွင္းလိဂ္အုပ္စု(A-1) ရဲ့ ပြဲစဥ္ တစ္ပြဲျဖစ္တဲ့ ပိုလန္အသင္းနဲ႔ အီတလီအသင္းတို႔ဟာ ပိုလန္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၂-၁၀-၂၀၂၀ ရက္ တနလၤာေန႔ နံနက္ ၁း၁၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ပိုလန္အသင္းက အုပ္စုပြဲစဥ္ ႏွစ္ပြဲကစားအၿပီးမွာ နယ္သာလန္အသင္းကို ၁-၀ နဲ႔ ရႈံးထားၿပီး ေဘာ္စနီးယားအသင္းကို ၁-၂ နဲ႔ အနိုင္ရထားလို႔ ရမွတ္ ၃ မွတ္ရရွိထားၿပီး အီတလီက ေဘာ္စနီးယားအသင္းကို အိမ္ကြင္မွာ ၁-၁ သေရနဲ႔ နယ္သာလန္ကို အေဝးကြင္းမွာ ၁-၀ နဲ႔ အနိုင္ရခဲ့လို႔ ရမွတ္ ၄ မွတ္နဲ႔ အုပ္စုထိပ္မွာ ဦးေဆာင္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ပိုလန္ ၀ – ၁ အီတလီ(ေနးရွင္းလိဂ္)
အီတလီ ၀ – ၁ ပိုလန္(ေနးရွင္းလိဂ္)
ပိုလန္ ၀ – ၁ အီတလီ(ေျခစမ္းပြဲ)
ပိုလန္ ၀ – ၁ အီတလီ(ေျခစမ္းပြဲ)
ပိုလန္ ၀ – ၁ အီတလီ(၁၉၈၂ ကမၻာ့ဖလား)
အီတလီ ၀ – ၁ ပိုလန္(၁၉၈၂ ကမၻာ့ဖလား)
ပိုလန္အသင္းက ေနာက္ဆုံးကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ဖင္လန္အသင္းကို ၅-၁ နဲ႔ အနိုင္ရခဲ့သလို အီတလီအသင္းက ေမာ္လ္ဒိုဗာအသင္းကို ၆-၀ နဲ႔ အနိုင္ရထားတဲ့အတြက္ ႏွစ္သင္းလုံးရဲ့ ေျခစြမ္းပိုင္းဟာ ေကာင္းမြန္ေနပါတယ္။ ပိုလန္အသင္းက အိမ္ကြင္းမွာ တိုက္စစ္မႉး လီဝမ္ေဒါ့စကီးကလည္း အသင္းနဲ႔ ျပန္လည္ ပါဝင္လာမွာ ျဖစ္လို႔ တိုက္စစ္ပိုင္းမွာ ပိုၿပီးအားေကာင္းေနပါတယ္။
ပိုလန္အသင္းမွာ ဂ်ီဒါဇီဂ်က္ဇီနဲ႔ ဖရန္ေကာ့စကီးတို႔က ဒဏ္ရာရေနၿပီး အီတလီအသင္းမွာ ကပ္စထရိုဗီလီက ဒဏ္ရာရေနလို႔ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ပိုလန္အသင္းက အိမ္ကြင္းမွာ ရမွတ္ရယူနိုင္ေအာင္ ႀကိဳးစားကစားသြားနိုင္ေပမဲ့ သေရရလဒ္ေလာက္နဲ႔ ၿပီးဆုံးသြားနိုင္ပါတယ္။