ဘာကာကစားသမားဘဝ နာကျင်မှုကို မက်ဆီသိခဲ့တယ်လို့ ဆွာရက်ဇ်ထုတ်ပြော

0
547

Sbotop

ဘာစီလိုနာအသင်းကနေ အက်သလက်တီကိုအသင်းကို ထွက်ခွာသွားခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က မက်ဆီဟာ သူ့ရဲ့ ဘာစီလိုနာကစားသမားဘဝ နာကျင်မှုတွေကို သိနားလည်ခဲ့သူဖြစ်တယ်လို့ ထုတ်ပြောလိုက် ပြီး လက်ရှိမှာတော့ အက်သလက်တီကိုအသင်းမှာ ပျော်ရွှင်နေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဆွာရက်ဇ်က နူးကမ့်ကွင်းမှာ မက်ဆီကို ထားရစ်ခဲ့ရတဲ့အတွက် ဝမ်းနည်းမိတယ်လို့လည်း ဖွင့်ဟသွားခဲ့ ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဖြစ်တဲ့ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ပြီးခဲ့တဲ့ ၆ ရာသီအတွင်း ၁၉၈ ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့ပေမဲ့ နည်းပြသစ် ရော်နယ်ကိုးမန်းလက်ထက်မှာတော့ အလေးပေးမခံရတော့တဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအရင်နည်းပြ ဆက်တီယန်ကတော့ ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ်ပွဲစဉ်မှာ အရှက်ရ ဖွယ် ၈-၂ ဂိုးနဲ့ ရှုံးခဲ့ရပြီးနောက် ထုတ်ပယ်ခံခဲ့ရတာပါ။

ဆွာရက်ဇ်က သူ့ရဲ့ ဘာစီလိုနာကစားသမားဘဝဟာ ရုတ်တရက် ရပ်တန့်ခံခဲ့ရတာဖြစ်ပေမဲ့ အသင်းခေါင်း ဆောင် မက်ဆီကတော့ သူ့အပေါ် နားလည်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ချီလီကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲပြီးတဲ့နောက် ဆွာရက်ဇ်က သူနဲ့ မက်ဆီကြားက သံယောဇဉ်ကို အခုလို ပြောကြားသွားခဲ့ ပါတယ်။ ဆွာရက်ဇ်က “ မက်ဆီနဲ့ပတ်သက်ပြီး ကျွန်တော်ကတော့ မအံ့သြပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် သူ့ကို အရမ်းနားလည်တယ်။ သူ ခံစားရတဲ့နာကျင်မှုကို ကျွန်တော်နားလည်သလို ကျွန်တော် ခံစားရတဲ့ နာကျင် မှုကိုလည်း သူ နားလည်ပါတယ်။ ကျွန်တော် သူ့ကို သူငယ်ချင်းတစ်ယောက်လို ခံစားရပြီး ကျွန်တော်တို့တွေ ဘယ်လောက်နာကျင်ခံစားခဲ့ရလဲဆိုတာ သူ သိပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

(zawgyi)

ဘာကာကစားသမားဘ၀ နာက်င္မႈကို မက္ဆီသိခဲ့တယ္လို႔ ဆြာရက္ဇ္ထုတ္ေျပာ

ဘာစီလိုနာအသင္းကေန အက္သလက္တီကိုအသင္းကို ထြက္ခြာသြားခဲ့တဲ့ ဥရုေဂြးတိုက္စစ္မွဴး ဆြာရက္ဇ္က မက္ဆီဟာ သူ႕ရဲ႕ ဘာစီလိုနာကစားသမားဘ၀ နာက်င္မႈေတြကို သိနားလည္ခဲ့သူျဖစ္တယ္လို႔ ထုတ္ေျပာလိုက္ ၿပီး လက္ရွိမွာေတာ့ အက္သလက္တီကိုအသင္းမွာ ေပ်ာ္ရႊင္ေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ ဆြာရက္ဇ္က ႏူးကမ့္ကြင္းမွာ မက္ဆီကို ထားရစ္ခဲ့ရတဲ့အတြက္ ၀မ္းနည္းမိတယ္လို႔လည္း ဖြင့္ဟသြားခဲ့ ပါတယ္။

ဥရုေဂြးတိုက္စစ္မွဴးျဖစ္တဲ့ ဆြာရက္ဇ္ဟာ ဘာစီလိုနာအသင္းမွာ ၿပီးခဲ့တဲ့ ၆ ရာသီအတြင္း ၁၉၈ ဂိုးအထိ သြင္းယူ ေပးႏုိင္ခဲ့ေပမဲ့ နည္းျပသစ္ ေရာ္နယ္ကိုးမန္းလက္ထက္မွာေတာ့ အေလးေပးမခံရေတာ့တဲ့သူျဖစ္ပါတယ္။ ဘာစီလိုနာအသင္းအရင္နည္းျပ ဆက္တီယန္ကေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းကို ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အရွက္ရ ဖြယ္ ၈-၂ ဂိုးနဲ႔ ရႈံးခဲ့ရၿပီးေနာက္ ထုတ္ပယ္ခံခဲ့ရတာပါ။

Sbotop

ဆြာရက္ဇ္က သူ႕ရဲ႕ ဘာစီလိုနာကစားသမားဘ၀ဟာ ရုတ္တရက္ ရပ္တန္႔ခံခဲ့ရတာျဖစ္ေပမဲ့ အသင္းေခါင္း ေဆာင္ မက္ဆီကေတာ့ သူ႕အေပၚ နားလည္ေပးခဲ့တယ္လို႔ ဆိုပါတယ္။ ခ်ီလီကို ၂-၁ ဂိုးနဲ႔ အႏုိင္ရခဲ့တဲ့ ကမၻာ့ဖလားေျခစစ္ပြဲၿပီးတဲ့ေနာက္ ဆြာရက္ဇ္က သူနဲ႔ မက္ဆီၾကားက သံေယာဇဥ္ကို အခုလို ေျပာၾကားသြားခဲ့ ပါတယ္။ ဆြာရက္ဇ္က “ မက္ဆီနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ကေတာ့ မအံ့ၾသပါဘူး။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ သူ႕ကို အရမ္းနားလည္တယ္။ သူ ခံစားရတဲ့နာက်င္မႈကို ကၽြန္ေတာ္နားလည္သလို ကၽြန္ေတာ္ ခံစားရတဲ့ နာက်င္ မႈကိုလည္း သူ နားလည္ပါတယ္။ ကၽြန္ေတာ္ သူ႕ကို သူငယ္ခ်င္းတစ္ေယာက္လို ခံစားရၿပီး ကၽြန္ေတာ္တို႔ေတြ ဘယ္ေလာက္နာက်င္ခံစားခဲ့ရလဲဆိုတာ သူ သိပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။